Channel Myanmar

iQiyi

Chains of Heart (2023)
Chains of Heart (2023) Chains of Heart (2023)သစ်တောအရာရှိလေးတစ်ယောက်ဖြစ်တဲ့ဒင်မှာ ခန်ဆိုတဲ့ နှစ်နဲ့ချီမြတ်နိုးရတဲ့ချစ်သူရှိပါတယ်။ RS သက်တမ်းလည်းမနည်းလှတဲ့ သူတို့နှစ်‌ယောက်ရဲ့ဘဝက ကြမ္မာဆိုးငင်ချင်တော့ မူးယစ်မှောင်ခိုမာဖီးယားဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်မိပြီး တောင်စောင်းကနေ နှစ်ယောက်တူတူ ပြုတ်ကျသွားတဲ့အခါ...ခန်တစ်ယောက် အသက်မသေဘဲနိုးထလာခဲ့ပေမဲ့ သေသည်ရှင်သည်လည်း သေချာမသိရဘဲ အစရှာမရ ပျောက်ခြင်းမလှပျောက်နေတဲ့ဒင်၊ ဒင်ကို‌ဆုံးရှုံးလိုက်ရတာကြောင့် နှလုံးသားတံခါးကိုချိတ်ပိတ်လိုက်တဲ့ "ခန်" တစ်ယောက် ၂ နှစ်အကြာမှာ ရန်ပွဲထဲကသူ့ကို ရုတ်တရက်ဝင်ကယ်သူနဲ့ဆုံလိုက်ရပေမဲ့ မျက်နှာကိုသေချာမြင်ခွင့်မရလိုက်တဲ့အခါ...အဲဒီနေ့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ဘဝထဲကို တိတ်တခိုးဝင်ရောက်လာတဲ့ အမည်မသိလူသားလေးနဲ့ ချစ်ရသူနဲ့ခပ်ဆင်ဆင်တူတဲ့အချက်တွေကြောင့် "ဒင်" လို့ထင်နေမိတဲ့ "ခန်" တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ ကံကြမ္မာမုန်တိုင်းကြောင့် ကွဲကွာနေတဲ့အချစ်ငှက်ငယ်လေးတွေရော ကံအလှည့်အပြောင်းမှာ ပြန်‌ဆုံနိုင်မလားဆိုတာ အားလုံးအ‌တူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Shin, Cali, Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p | File size… 600MB | 300MB Format… mp4 Duration….47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Chains of Heart (2023)

2023
Road Home (2023)
Road Home (2023) ယခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့အလယ်တန်းကျောင်းသားဘဝ အစပြုရင်း ကျောင်းအားကစားကွင်းမှာမြင်မြင်ချင်း ချစ်မိသွားခဲ့ကြတဲ့ Gui Xiao နှင့် Lu Yan Chen တို၏အချစ် ဇာတ်လမ်း လေးဖြစ်ပါတယ်။ Gui Xiao နှင့် Lu Yan Chen တိုဟာအရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ပိုမိုခိုင်မာလာပြီး ဘဝသက်ဆုံးတိုင်လက်တွဲဖိုအထိ မျှော်လင့်ထားခဲ့ကြတယ်။ဒါပေမဲ့ ထင်မှတ်မထားတဲ့ ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့်Gui Xiao ရဲ့မိသားစုအခြေအနေဟာ ပြောင်းလဲခဲ့ပြီး Lu Yan Chen ဟာရဲအရာရှိအဖြစ် နိုင်ငံရပ်ခြားကိုရောက်ရှိသွားခဲ့ပါတယ်။မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် Gui Xiao ဟာလည်းငွေကြေးလောကရဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ် ကိုရောက်ရှိသွားခဲ့တယ်။ဒီလိုကံကြမ္မာအလှည့်အပြောင်းတွေကြား ဝေးကွာနေရတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေဟာဆက်လက်ခိုင်မြဲနေမလား တစ်ဦးပေါ်တစ်ဦး အနေဝေးပြီး သွေးအေးသွားမလားဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့ သူတွေကတော့Gui Xiao အဖြစ် မင်းသမီးချော Tan Song Yun နှင့်Lu Yan ...

Road Home (2023)

2023
Unique Lady (2019) 7
Unique Lady (2019) အခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့သမားရိုးကျဇာတ်အိမ်တွေနဲ့မတူပဲ တမူထူးခြားတဲ့ဇာတ်အိမ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါအဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားသူတွေကတော့Zhong Wu Mei အဖြစ်မင်းသားချောလေး Gong Junနဲ့Lin Luo Jingအဖြစ်မင်းသမီးချောလေး Jade Chengတိုကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့...Lin Luoဆိုတဲ့ ကောင်မလေးဟာ စာလေ့လာရင်လေ့လာ မဟုတ်ရင်လည်းဂိမ်းဆော့ပြီးအချိန်ကုန်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ dating lifeကြီးကြောင့်စိတ်ရှုပ်ထွေးနေ‌ချိန်မှာ သူငယ်ချင်းတစ်ယောက်ကdating ဂိမ်းအသစ်တစ်ခုကိုဆော့ကြည့်ဖို အကြံပေးလာခဲ့ပါတယ်။အဲဒီဂိမ်းအသစ်က တခြားဂိမ်းတွေနဲ့မတူပဲ ဂိမ်းစပြီဆိုတာနဲ့ ကစားသမားတွေကိုဂိမ်းထဲကိုပိုလိုက်ပြီး ကိုယ့်အတွက်အချစ်စစ်ကို မတွေ့ရမချင်း ဂိမ်းထဲနေထွက်လိုမရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဂိမ်းရဲ့ခက်ခဲမှု အဆင့်ရွေးချယ်ချိန်မှာ Lin Luo တစ်ယောက် မတော်တဆအခက်ခဲဆုံးအဆင့်ကိုရွေးချယ်မိလိုက်ပါတယ် ဂိမ်းကိုနိုင်အောင်ဆော့ဖိုကတော့ငါးကြိမ်ကြိုးစားခွင့်ရှိပြီး သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကတော့ အမတ်ချုပ်ကြီးရဲ့သမီးဖြစ်ပါတယ်။ဂိမ်းလေးထဲမှာဆိုရင် ဓားနတ်ဘုရား၊တော်ဝင်သက်တော်စောင့်၊ချမ်းသာသ‌လို ရည်းစားလည်းများတဲ့သူ ၊မာနကြီးတဲ့မင်းသားလေးတိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျား‌ေတွနဲ့ တွေ့ဆုံရမှာပါLuo Jingကတော့ စစချင်းမှာ ဒီဂိမ်းကိုအရမ်းအံ့အားသင့်သ‌ဘောကျသွားကာသူ့နောက်ကွယ်မှာ ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေကို ဘာမှမသိ‌လေဘဲကောင်လေးတွေကို ဘယ်လိုဘယ်ပုံစွဲလမ်းသွားမလဲ ဘယ်လိုမျိုးအချစ်စစ်ကိုရှာဖွေမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဟာသလေးနှောပြီးစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်[Reviewed by Cherry Aung]Quality : WEB-DL 720p,1080pTotal Episodes ...
7
TMDb: 7/10 2 votes
tv

Unique Lady (2019)

2019
Warm on a Cold Night (2023)
Warm on a Cold Night (2023) အခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့ထူးခြားဆန်းပြားတဲ့ လူသတ်မှုကိစ္စတစ်ခုမှာ အေးစက်တဲ့ Qian မြိုတော်ကအမျိုးသမီးရဲအရာရှိ Su Jiu'erနဲ့ နွေးထွေးတဲ့ Qi မျိုးနွယ်က သခင်လေး Han Zheng တိုပါဝင်ကြပါတယ်။အအေးနဲ့အပူရဲ့လိုက်ဖက်ညီလှတဲ့တွဲဖက်မှုနဲ့အတူလျှိဝှက်ပူးပေါင်းကြံစည်မှုမြူတွေကြားသူတိုပြိုင်ဘက်မျိုးနွယ်စုတွေနဲ့ပက်သက်တဲ့အမှန်တရားကိုရှာဖွေတွေ့ရှိနိုင်ဖိုသူတိုနှစ်ဦးဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Qianမြိုတော်ကအမျိုးသမီးအရာရှိSu Jiu'erအဖြစ် Li Ri Tongဆိုတဲ့အဆို‌တော်သရုပ်ဆောင်မင်းသမီးချောလေးကပါဝင်သရုပ်ဆောင်ထားပါတယ်။2018ကထွက်ရှိခဲ့တဲ့Bloody Romance ဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း Wan Meiအနေနဲ့သရုပ်ဆောင်ခဲ့သလိုThe Legend of the Condor Heroesဆိုတဲ့နာမည်ကြီးဇာတ်လမ်းတွဲမှာလည်း Huang Rongအနေနဲ့လူကြိုက်များခဲ့သူဖြစ်ပါတယ်။Qiမျိုးနွယ်ကသခင်လေး Han Zheng ဆိုသူအနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့အဆိုတော်သရုပ်ဆောင်မင်းသားချောလေး Bi Wen Junပဲဖြစ်ပါတယ်။သူကလည်း တရုတ်နာမည်ကြီးအဆိုတော်အဖွဲတစ်ခုဖြစ်တဲ့ NEXTရဲ့အဖွဲဝင်တစ်ယောက်လဲဖြစ်ပါတယ်။(အညွှန်းရေးသားထားသူကတော့ Kim Seok Jin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Historical, Action, Mystery, RomanceDuration : 45 min ...

Warm on a Cold Night (2023)

2023
The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023
Perfect Mismatch (2023)
Perfect Mismatch (2023) ဒီတစ်ခါ CMကနေတင်ဆက်ပေးရမဲ့ ကားလေးကတော့သူဌေးသားလေးနဲ့ သိုင်းပညာရှင်ကောင်မလေးတိုရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်နယ်ဘက်ကနေ ဆရာကစေလွှတ်လိုမြို ပေါ်တစ်ယောက်ထဲ တက်လာခဲ့ရတဲ့ ရှီဟွားဟွားသူ့ဆရာပေးလိုက်တဲ့ တာဝန်အရ ဆရာ့သူငယ်ချင်းကိုလိုက်ရှာနေရင်းလူတစ်ယောက်နဲ့အမှတ်မထင် တွေ့ဆုံလိုက်ရပါတယ်အချင်းချင်းဝင်တိုက်မိရင်း တစ်ဖက်လူကို ဒဏ်ရာရစေခဲ့ပါတော့တယ်သူဝင်တိုက်ခဲ့မိတဲ့လူက ဘယ်သူလဲ?လုပ်ငန်းခွင်မှာ ခြယ်လှယ်နေတဲ့ စီအီးအိုလူပေါ်ကြော့သူဌေးသားလေး ကျိုးကျစ်ဖေးအရမ်းရုပ်ရည်ချောမောချမ်းသာလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါသူဟာတစ်နေ့တော့ မိန်းကလေးတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့ရပါတယ်သူတိုနှစ်ဦးစလုံးကလည်း နားလည်မှ တွေလွဲပြီး အမြင်မကြည်တော့ပါဘူးကံဆိုးချင်တော့ အဖိုးဖြစ်သူဥက္ကဌကြီးက သူတိုနှစ်ဦးကိုအတူတူအလုပ်တွဲလုပ်ခိုင်းလိုက်သောအခါ......ဘယ်လိုတွေ နှစ်ပါးသွားပြီး ခွီရမလဲ?ဘယ်လိုအချစ်ကြိုးတွေ ညိမလဲ?ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော်(အညွှန်းရေးသားထားသူကတော့ Kong Huo ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : RomanceDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...

Perfect Mismatch (2023)

2023
Between Us (2022) 7.0
Between Us (2022) ဝင်း အဖြစ် Boun Noppanut Guntachai ထင်းမ် အဖြစ် Prem Warut Chawalitrujiwong ဒင် အဖြစ် Ohm Thitiwat Ritprasert ဖမ် အဖြစ် Fluke Natouch Siripongthon ဖရစ် အဖြစ် Bosston Suphadach Wilairat မနောင် အဖြစ် Samantha Melania Coatesဒီစီးရီးမှာဆိုရင် ရေကူးအသင်းကဒုဥက္ကဌ "ဝင်း "ဆိုတဲ့တတိယနှစ်ကျောင်းသားနဲ့ "ထင်းမ်" ဆိုတဲ့ ပထမနှစ်ကျောင်းသားအကြောင်းကိုတွေ့မြင်ရမှာပါဒီစီးရီးဟာ အရင်ပြီးခဲ့ "Until we meet again" စီးရီးနဲ့အဆက်အစပ်တွေရှိနေပါလိမ့်မယ်ထင်းမ်ဟာ ရေကူးပညာသင်ဆုရကျောင်းသားဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမရှိခဲ့ပါဘူးကြောက်စိတ်တွေရှိနေခဲ့ပါတယ်ဝင်းကတော့ အရမ်းခန့်ပြီးပါးနပ်တဲ့ရေကူးအသင်းကဒုဥက္ကဌလေးပေါ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ထင်းမ် ရေကူးအသင်းဝင်ဖို့သွားလျှောက်ရာကနေ စတင်ခဲ့ရင်း ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ စီးရီးထဲမှာကြည့်ရအောင်နော်🔥ဒီစီးရီးကိုမျှောလင့်နေတဲ့သူတွေအတွက်တော့ အပိုင်း ၁ နဲ့တင် အရမ်းကိုတန်နေပါပြီ 🌚( အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )Translated by Kyi Nue ...
7.0
TMDb: 7.0/10 votes
tv

Between Us (2022)

2022
My Uncanny Destiny (2023) 2
My Uncanny Destiny (2023) ုရှီမြိုနဲ့ ရှန်ယွဲမြိုဟာ ဘိုးဘေးဘီဘင်လက်ထက်တည်းက စစ်မက် ရန်ဘက်မြိုတွေပေါ့မုရှီမြိုအရှင်ဟာ သားတော်ဖွားမြင်နိုင်ခြင်းမရှိဘဲ ရဲ့ကျောက်နန်လို ခေါ်တဲ့ သမီးတော်လေးသာ ထွန်းကားခဲ့တယ်ဒါကြောင့်လည်း မြိုအရှင်အရိုက်အရာကို ဆက်ခံနိုင်ဖိုအတွက်သမီးဖြစ်သူရဲ့ သရုပ်မှန်ကို ဖုံးကွယ်ကာ ငယ်စဉ်တည်းကယောက်ကျားလေးယောင်ဆောင် ပြုမူနေထိုင်စေခဲ့တယ်ဒီလိုနဲ့ ဖခင်စိတ်တိုင်းကျ ယောကျာ်းလေးဖြစ်ပေးခဲ့တဲ့ ရဲ့ကျောက်နန်ဟာမုရှီမြိုရဲ့ မြိုအရှင်အဖြစ် လက်လွှယူလာခဲ့ပါတယ်တစ်နေ့မှာတော့ ရဲ့ကျောက်နန်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကနေ ခြေချော်ကျကာ ကျင်းဖူမြိုကို ဦးတည်စီးဆင်းနေတဲ့ မြစ်ထဲကိုပြုတ်ကျသွားရာကနေ တစ်ဖန် နန်းတော်ထဲကို မှားယွင်းဝင်ရောက်မိသွားပြီးထိုနန်းတော်ထဲမှာ သူရဲ့ရန်ဘက်ဖြစ်တဲ့ ရှန်ယွဲမြိုအရှင် လျိုရှန်းမင်နဲ့ တွေ့ဆုံခဲ့ရပြန်ပါတယ်အဲဒီနောက် ရဲ့ကျောက်နန်ဟာ မြိုနှစ်မြိုကြားက ရန်စွယ်တွေကို အဆုံးသတ်ပြီးငြိမ်းချမ်းရေး ယူချင်တာကြောင့် သူ့အခြေအနေမှန်ကို ဖုံးကွယ်ပြီးလျိုရှန်းမင်ရဲ့ အစေခံ အဖြစ် ဟန်ဆောင်နေခဲ့တယ်သိုပေမယ့် လူကနေပေမယ့် ပညာကမနေဆိုသလိုပင်အရှင်သခင်သွင်ပြင်ဟာ တဖြည်းဖြည်း ပေါ်လာခဲ့ပါရောအနားမှာရှိနေတဲ့ အစေခံဟာ ရန်ဘက်မြိုရဲ့ အရှင်ဖြစ်တာသိလိုက်တဲ့လျိုရှန်းမင်အနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲလျိုရှန်းမင်မှာရော မြိုနှစ်မြိုကြား ငြိမ်းချမ်းရေးယူချင်တဲ့ ဆန္ဒရှိနေပါ့မလား….အဖြေကိုတော့ ဇာတ်ကားလေးကြည့်ရင်းသာ ဖော်ထုတ်လိုက်ပါ(အညွှန်းရေးသားထားသူကတော့ Chu ဖြစ်ပါတယ်)Quality : ...
2
TMDb: 2/10 1 votes
tv

My Uncanny Destiny (2023)

2023
Unchained Love (2022) 8
Unchained Love (2022) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့နန်းတွင်းကားလေးကတော့လနတ်အရှင်နဲ့ နဂါးနိုင်ဓားထဲက ကျောက်မိန်လေးတိုရဲ့ ကားသစ်လေးပါဒီဇာတ်လမ်းလေးထဲမှာ လနတ်အရှင်က မိန်းမစိုးရှောင်တုအနေ သရုပ်ဆောင်ထားတာပါကျောက်မိန်လေး ကတော့ အစေခံပုယွင်လော့အနေနဲ့ သရုပ် ဆောင်ထားတာပါလုံဟွာခေတ်ကာလမှာ မိန်းမစိုးရှောင်တုက ဖုဝမ်ထီးနန်းတက်ရဖိုအတွက်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်ဘုရင်ကြီးနတ်ရွာစံရင်အသေခံတွေပါလိုက်သေပေးရတဲ့ဓလေ့အတိုင်း ပုယွင်လော့လေးဟာလည်းဘုရင်ကြီးနဲ့အတူမြေမြုပ်သင်္ဂြိုလ်ခံရမှာပါဒါပေမဲ့နောက်တက်မဲ့ဘုရင် ဖုဝမ်ဟာ ပုယွင်လော့ကို ချစ်မိသွားတဲ့အတွက်သင်္ဂြိုလ်တဲ့ထဲမသွားစေဘဲ မိန်းမစိုးရှောင်တုအိမ် တော်မှာ ဖွက်ထားခဲ့ပါတော့တယ်ပုယွင်လော့နဲ့ရှောင်တုဟာ အိမ်တော်မှာ ခဏခဏတွေ့ကြရာမှ လူငယ်သဘာဝချစ်ကြိုက်သွားကြမလား?အစောထဲက ဘုရင်နှစ်သက်သူမိန်းကလေးမို ဘယ်လိုအလက်အခဲတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးအချိန် ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်ပါရှောင်တုအဖြစ် Dylan Wang ပုယွင်လော့အဖြစ် Chen Yu Qi (Yukee Chen)(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( ...
8
TMDb: 8/10 1 votes
tv

Unchained Love (2022)

2022
My Lethal Man (2023)
My Lethal Man (2023) CM ကနေအမြဲမျိုးစုံသောတရုတ်ဇာတ်လမ်းတွဲတွေကိုတင်ဆက်ပေးလာတာဒီတစ်ခါမှာလည်းMy Lethal Man ဆိုတဲ့မှုခင်းတရုတ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Shen Man Ning နဲ့ Yan Xing Cheng တိုကလွန်ခဲ့သော (၁၇) နှစ်တုန်းကဖြေရှင်းမရတဲ့ အမှုထဲကိုပါဝင်ပတ်သက်လာဖို အကြောင်းဖန်လာခဲ့တာပေါ့။ဒီလိုနဲ့ နှစ်ဦးသား အမှုရဲ့အဖြစ်မှန်ကိုဖော်ထုတ်ကြရင်းအချစ်ဇာတ်လမ်းလေးပေါက်ဖွားလာခဲ့တာပေါ့။ကဲဒီတော့ CM ပရိသတ်ကြီးတိုရေသူတိုပါဝင်ပတ်သက်တဲ့အမှုကဘာများဖြစ်မလဲ? ဘယ်လိုတွေအချစ်ဇာတ်လမ်းလေး ဖြစ်တည်လာခဲ့လဲ?ဘယ်လိုသည်းထိတ်ရင်ဖိုဖွယ်ရာအမှုကို ဖော်ထုတ်သွားမလဲအစရှိတဲ့ မေးခွန်းပေါင်းများစွာရဲ့အဖြေတွေအတွက်ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်။ဇာတ်လမ်းထဲမှာ Shen Man Ning အဖြစ် Li Mo Zhi,Yan Xing Chengအဖြစ် Fan Zhi Xin နဲ့အစရှိတဲ့သရှပ်ဆောင်ပေါင်းများစွာ သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Ann Chi ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Mystery, Romance, DramaDuration : 45 min per EpisodeSubtitle : ...

My Lethal Man (2023)

2023
Flight To You (2022)
Flight To You (2022) ဒီတစ်ခါ CMကနေ Chinese drama ကြိုက်နှစ်သက်တဲ့ပရိသတ်အတွက်ယူဆောင်လာပေးတဲ့ဇာတ်လမ်းလေးကတော့ အလုပ်နဲ့ပတ်သက်လာရင်စည်းကမ်းတင်းကြပ်ပြီးစေ့စပ်မှုရှိတဲ့ ဇာတ်ဆောင်မင်းသားလေယာဉ်မှူး ကုနန်ထင်ရဲရင့်ထက်မြက်ပြီး စိတ်ဓာတ်ပြတ်သားတဲ့ အမျိုးသမီးလေယာဉ်မှူးအဖြစ် မင်းသမီး ချိန်ရှောင်းဒီဇာတ်လမ်းလေးကတော့လုကျောင်းလေကြောင်းလိုင်းကအများသိတဲ့စည်းကမ်းတင်းကျပ်ပြီးလေ့ကျင့်ရေးမှာပြင်းထန်တဲ့ဆရာတစ်ဆူဖြစ်တဲ့ကုနန်ထင်ကကုမ္ပဏီရဲ့စနစ်အပြောင်းအလဲကြောင့် ကုန်ပစ္စည်းသယ်ယူပိုဆောင်သောလေယာဉ်မှူးကနေခရီးသည်တင်လေကြောင်းခရီးဌာနကိုပြောင်းခံလိုက်ရပြီး ပင်ကိုပွင့်ပွင့်လင်းလင်းပေါ့ပေါ့ပါးပါးစရိုက်ရှိတဲ့ချိန်ရှောင်းနှင့် အထက်လူကြီးနှင့်လက်အောက်ငယ်သားဆက်ဆံရေးဖြစ်လာပါတယ်။အဲ့လိုမျိုး ကွဲပြားခြားနားတဲ့စိတ်နေစိတ်ထားတွေကြောင့် မကြာခဏအငြင်းပွားမှုတွေဖြစ်ရင်းသူတိုနှစ်ဦးရဲ့ဇာတ်လမ်းတွေဟာရှေ့ဆက်ဘယ်လိုဖြစ်မလဲ...အ‌ခြေအနေအမျိုးမျိုး‌‌ေကြာင့်အလုပ်မှာဖြစ်ပွားတဲ့ပြဿနာအခက်အခဲတွေကိုရောဘယ်လိုရင်ဆိုင်‌ဖြေရှင်းကြမလဲဆိုတာ CM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ်(အညွှန်းရေးသားထားသူကတော့ Tsuki Mon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 39Format : mp4Genres : DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) - ...

Flight To You (2022)

2022
Song of the Moon (2022)
Song of the Moon (2022) ရှန်းရှဇာတ်လမ်းတွဲတွေကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက်အသစ်ထွက်ရှိလာတဲ့ ရှန်းရှဇာတ်ကားလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။Main Cast တွေကတော့ မကြာသေးခင်ကမှဇာတ်သိမ်းသွားတဲ့ A romance of little forest ထဲကမင်းသား Jiang Bin Bin နဲ့ Love Scenery ထဲကမင်းသမီး Xu Lu တိုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့Liu Shao က ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာသူမဟာ ထူးဆန်းပြီးလျှိဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အနာဂတ်ကိုသုံးရက်တာပျော်ရွှင်မှုနဲ့လဲလှယ်ခဲ့ပါတယ်။ထိုသူဟာ လျှိဝှက်တဲ့နတ်ဘုရား Lu Li ဖြစ်ပြီးသူမဟာ ထိုသူနဲ့ပတ်သက်မိရာကနေ နတ်ဘုရားနဲ့မိစ္ဆာတွေရဲ့ အရှုပ်အထွေးတိုက်ပွဲတွေကြားကိုကျရောက်သွားခဲ့ရပါတယ်။ သူမဟာ အခက်အခဲမျိုးစုံကိုကြုံတွေ့ဖြတ်သန်းရပါတော့တယ်။ ဒီလိုနဲ့ Liu Shao နဲ့နတ်ဘုရား Lu Li ကြားသံယောဇဥ်တွေရစ်ပတ်ပြီးအချစ်တစ်ခုပေါက်ဖွားလာတဲ့အခါ...ချစ်ရတဲ့သူတွေကိုကာကွယ်ဖို အခက်အခဲဒုက္ခမျိုးစုံကို ဖြတ်သန်းရပြီး ၊မိမိနှလုံးသားဆန္ဒများကိုဘေးဖယ်ထားပြီး၊လောကရဲ့ဘေးကင်းအေးချမ်းမှုကို ဦးစားပေးရချိန်မှာတော့...သူတို ကံကြမ္မာကိုပြောင်းလဲနိုင်မလား။ရှန်းရှကားတိုရဲ့ထုံးစံအတိုင်း အချို အရို အငို ရသမျိုးစုံခံစားကြည့်ရှုရမှာမိုမလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal ...

Song of the Moon (2022)

2022
The Silence of the Monster (2022)
The Silence of the Monster (2022) ဒီတစ်ခါ CMကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့လျှိဝှက်ဆန်းကြယ်တဲ့ အတိတ်ကိုပိုင်ဆိုင်ထားတဲ့သော့ဆရာ ဟယ်ချူးဖုန်အဖြစ် Double Love ထဲက မင်းသား Bi Wen Jun (Bevan)တက်ကြွတဲ့ အလုပ်သင်ရှေ့နေမချောချောလေး ဆွေယိအဖြစ် မင်းသမီး Annie Sunရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး ရှေးဟောင်းပစ္စည်းကိုစက္ကန့်ပိုင်းအတွင်း တန်ဖိုးဖြတ်နိုင်သူ လော့ပင်းအဖြစ်Shining Just For Youထဲက မင်းသား Zhu Zheng Ting (Jung Jung)လေလံရောင်းချသူဖြစ်ပြီး ရှေးဟောင်းပစ္စည်းတန်းဖိုးဖြတ်ရာတွင်ပါရမီရှင်လေးဖြစ်တဲ့ ဖန်းချီအဖြစ် မင်းသမီး Zhang Bo Jia (Baby Zhang) တိုကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဟယ်ချူးဖုန်နဲ့ လော့ပင်းတို အတူလုပ်ကြတဲ့တရုတ်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို တစ်နေ့မှာအလုပ်သင်ရှေ့နေမလေး ဆွေယိဟာ ရောက်လာပြီးအကြောင်းကြောင်းကြောင့်အတူတူစုနေဖို ဖြစ်လာကြတယ်…နောက်ကျတော့ လေလံရောင်းချသူ ဖန်းချီဟာလည်းဒဏ်ရာတစ်ခုရလာပြီး ရောက်လာပြန်တယ်အဲ့ဒီအမျိုးသမီး၂ယောက် ရုန်းရင်းဆန်ခတ်ရောက်လာချိန်မှာသူတိုရဲ့ဘဝလည်းဇောက်ထိုးပြောင်းသွားပါလေရောမြင်မြင်ချင်းအချစ် ဘာညာတွေ ဖြစ်ကြမလား မသိဘူပေါ့နော်လူငယ်ပီပီ ဘဝကို တက်တက်ကြွကြွ အတူတူဖြတ်သန်းကြရင်းနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲစိတ်ညစ်စရာတွေ ...

The Silence of the Monster (2022)

2022
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
Double Love (2022)
Double Love (2022) ခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့Double Love ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့......လုဝမ်ဝမ် ဟာ ဂိမ်းထဲမှာ လက်ချော်ပြီး ဂိမ်းတစ်ခုလုံးမှာအတော်ဆုံးဖြစ်တဲ့ "မော့ပိုင်ကျီးကျန်း" ကို ပျံထွက်သွားအောင်တိုက်မိခဲ့ပြီးနောက် ဂိမ်းထဲတွင် ရေစက်ဆုံခဲ့ကြသည်။အပြင်လောကမှာတော့ လုဝမ်ဝမ်ဟာ ဟန်ကျင်းမော့ကိုလေးစားခဲ့ပေမဲ့ လူပုံအလယ်မှာ ဟန်ကျင်းမော့ကရေနဲ့ပက်တာကို ခံခဲ့ရပါတယ်။ ဒေါသထွက်သွားတဲ့လုဝမ်ဝမ်ဟာ ဟန်ကျင်းမော့နဲ့ ရန်သူဖြစ်သွားပြီးနေ့စဉ်ဘဝမှာ နေ့တိုင်းရန်ဖြစ်နေကြပါတယ်။ဒါပေမဲ့ မောပိုင်ကျီးကျန်းက ဟန်ကျင်းမော့ပဲဆိုတာလုဝမ်ဝမ်တစ်ယောက် မသိခဲ့ပါဘူးတဲ့။လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်သူက သူမဘေးမှာ အမြဲတမ်း အဖော်ပြုပေးနေပါတယ်။သူတိုနှစ်ယောက် ဂိမ်းထဲမှ အပြင်လောကသိုအတူတကွ လျှောက်လှမ်းခဲ့ပြီး အချစ်ကို ရရှိခဲ့တာနဲ့ တစ်ပြိုင်နက်သူတိုဖြစ်ချင်တဲ့ သရုပ်ဆောင် အိပ်မက်ကိုလည်းအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : ComedyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ...

Double Love (2022)

2022
Wild Bloom (2022)
Wild Bloom (2022) ီတစ်ခေါက်မှာတော့ ကျွန်မတို ယင်းပေါင်တစ်ယောက်ရှင့်ဖူ အပြီးမှာ ၁၉၉၀ ဝန်းကျင်ကရွှီသူဌေးမအနေနဲ့ ရောက်လာပါပြီ...ဒီကားလေက ၁၉၉၀ ဝန်းကျင်ကာလမှာရွှပန့်ရှ ဆိုတဲ့ အမျိုးသမီးဟာအမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးအမျိုးသားတွေကြီးစိုးနေတဲ့ ဆောက်လုပ်ရေးလောကမှာနေရာတစ်ခုရအောင်ကြိုးစားခဲ့တဲ့ အကြောင်းလေးပေါ့...ရွှီပန့်ရှဟာဆိုရင် သူ့မွေးချိန်မှာပဲ မိခင်ဟာ မီးတွင်းတည်းဆုံးခဲ့ပြီးဖခင်ဟာလည်း ဂရုမစိုက် ပစ်ထားခံရသူလေးမိုအချစ်ငတ်နေသူလေးပေါ့...ရွှီပန့်ရှက ဒီလို ခက်ခက်ခဲခဲ ကြီးပြင်းလာပေမယ့်လည်းအခက်ခဲကြုံရင် လာမယ့်ဘေး ပြေးတွေ့တတ်သူလေးတစ်ယောက်ပေါ့...ရွှီပန့်ရှမှာ ရှောင်ချန်နဲ့ ထုံရှောင်းချီဆိုတဲ့ သူငယ်ချင်းကောင်း ၂ ယောက်သူဝင်ဖိုကြိုးစားနေတဲ့ ဆောက်လုပ်ရေးလောကထဲကလူတွေပေါ့...ရွှပန့်ရှဟာ သူ့ရဲ့ မလျှော့သော စိတ်ဓာတ်ကို အရင်းခံပြီးအခက်ခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပြီးသေဘေးတောင်မကြောက် ဆက်ကြိုးစားခဲ့တာကြောင့်နိုင်ငံတကာ ပိုကုန်လုပ်ငန်းအထိ ဖွင့်နိုင်ခဲ့တယ်...ဒီလိုနဲ့ အဆုံးသတ်မှာ ရွှပန့်ရှတစ်ယောက်သူလိုချင်တဲ့ ဆောက်လုပ်ရေး ဈေးကွက်ထဲက နေရာတစ်ခုအပြင်သူတောင့်တနေခဲ့တဲ့ အချစ်လည်း ရှာဖွေတွေ့ခဲ့လေသတည်းပေါ့...ဒီကားလေးကလည်း ရှင့်ဖူလိုပဲ အချစ်ရေးကိုအသားပေးရိုက်ထားတာမျိုးမဟုတ်ဘဲ အမျိုးသမီးဆိုနေရာမပေးချင်တဲ့ စီးပွားရေးလောကထဲအမျိုးသမီးတစ်ဦး ကျားကန်ရုန်းကန်ရတဲ့အကြောင်းလေးကိုအသားပေးရိုက်ကူးထားတာမို စာအုပ်နဲ့ ဘော်ပင်လေးကိုင်ပြီးကြည့်ဖို တိုက်တွန်းလိုက်ပါတယ်.. စုစုပေါင်း ၃၆ ပိုင်းရှိပြီး အပတ်စဉ်တနင်္ဂနွေကနေ ကြာသပတေးအထိ တစ်နေ့ ၂ ပိုင်းလာပြီးသောကြာ ...

Wild Bloom (2022)

2022
New Life Begins (2022)
New Life Begins (2022) အခုတစ်ခေါက်မှာတော့ Reset ဇာတ်ကားလေးနဲ့အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ မင်းသားလေး (Bai Jing Ting) နဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး (Tian Xi Wei)တိုလိုက်ဖက်ညီစွာရိုက်ကူးထားတဲ့ ရိုမန့်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကြောင်းလေးကတော့...သခင်လေး ၆ယောက်အတွက်သတိုသမီးရွေးပွဲတစ်ခုကြောင့်ရှင်းချွမ်းမှာမိန်းကလေးတွေအားလုံး စု‌ဝေးနေကြပါတယ်။ရှင်းချွမ်းရဲ့နာမည်ကြီး ဂုဏ်သရေရှိသခင်လေး ၆ ယောက်မှပါဝင်ပေမယ့်လည်း သိုသိုသိပ်သိပ်နေထိုင်တတ်သူ ယင်ကျန့်၊သတိုသမီးအဖြစ် ရွေးချယ်မခံရဘဲ ဘဝကိုကြိုးစားဖြတ်သန်းရင်းသက်သောင့်သက်သာနေချင်သူ လီဝေ၊သူတိုနှစ်ဦးဟာ ကြမ္မာဖန်ပြီး မထင်မှတ်ဘဲအလွဲလွဲအမှားမှားနဲ့ တွေ့ဆုံခဲ့ကြပါတယ်နှစ်ဦးသားအတူတူနေထိုင်ကာတစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီရင်းတဖြည်းဖြည်းမေတ္တာတွေတိုးလာခဲ့ကြတယ်။ယင်ကျန့်တစ်ယောက် ရုံးတော်အရာရှိတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း သူတိုရဲ့အမြင်တွေတူညီကာနှလုံးသားချင်း ထပ်တူကျခဲ့ကြလာပြီး ဘယ်လိုအချစ်တွေပိုကြမလဲကျန်တဲ့သခင်လေး ၅ယောက်ကရောသူတိုသမီးလောင်းရွေးချယ်ပွဲက အလျောင်းအလျာတွေနဲ့ဘယ်လိုအလွဲတွေ ရင်ခုန်စရာတွေဖြစ်ကြမလဲဆိုတာဒီဇာတ်ကားလေးမှာ ဆက်ကြည့်လိုက်ရအောင်ပါနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, Comedy, Life, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by ...

New Life Begins (2022)

2022
Draw The Line (2022)
Draw The Line (2022) ရှင်းချန်ပြည်နယ်တရားရုံးရဲ့ တရားသူကြီးဖန်းယွမ်နဲ့ရုံကျိုးပြည်နယ်တရားရုံးရဲ့ ပြစ်မှုဆိုင်ရာလက်ထောက်တရားသူကြီး စုန့်ယွီ ဖေးတိုဟာကျန်းဝေ့မင်ရဲ့အလုပ်သင် တွေဖြစ်ကြသလိုရှင်းချန်တရားရုံးရဲ့ ဒုတရားသူကြီး တွေ ဖြစ်ကြပါတယ်ဆရာသုံး ယောက်နဲ့အလုပ်သင် တွေကတရုတ်ပြည်ရဲ့တရား ရေးမှာ ငယ်ရွယ်မှုစိတ်အားထက်သန်မှု တွေကို မြှုပ်နှံထားကြပါတယ်အခု တော့ ဖန်းယွမ်ရဲ့အလုပ်သင်နဲ့တရားရေးရာလက် ထောက် ကျိုးယိအန်းဟာတရားသူကြီးမင်း ဖြစ်လာခဲ့ပါတယ်ဆရာ တွေနဲ့အလုပ်သင်တွေရဲ့ မတူညီတဲ့အဖွဲတွေဟာအခုတော့ လူစုကွဲသွားကြပြီး နေရာအမျိုးမျိုးမှာတောက်ပဖိုဆက်ကြိုးစားနေခဲ့ကြပါတယ်နိုင်ငံတော်တရားရုံးရဲ့ အမျိုးသမီးအလုပ်သင် ယဲ့ရှင်းရဲ့ရုတ်တရက် ရောက်လာမှုက ရှင်းချန်တရားရုံးကိုပြောင်းလဲမှုတွေအများကြီး ဖြစ်လာစေပါ တော့တယ်တရားရုံးအမှုထမ်းမျိုးဆက်သုံးခုဟာ ကိစ္စတိုင်းမှာတရားရုံးအကူအညီနဲ့လမ်းညွှန်မှု တွေအတိုင်းလုပ်ဆောင်ခဲ့ကြပါတယ် နောက် တော့သူတိုဟာတရား ရေးရာ အကျင့်သိက္ခာနဲ့ လူသားဆန်မှုတိုကိုစောင့်ထိန်းကြပါ တော့တယ်ပြောင်းလဲမှု တွေက ရော ဘာ တွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖွယ် ဒီကား လေးကိုCMက တင်ဆက်ပေးတော့မှာဖြစ်လိုစောင့်မျှော်ကြည့်ရှုကြဖို ဖိတ်ခေါ်လိုက်ပါတော့တယ် (အညွှန်းရေးသားထားသူကတော့ Star Moon Sun ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : Friendship, ...

Draw The Line (2022)

2022
Mr. Bad (2022)
Mr. Bad (2022) Mr.Bad (2022)ဒီတခါ CM Chinese ပရိသတ်ကြီးအတွက်ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုတင်ဆက်ပေးဖိုရွေးချယ်ထားပါတယ်။သာမန်ကြည့်ဖူးနေကျအချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲဒီတခါမှာတော့ စာရေးဆရာမလေးနဲ့သူဖန်တီးထားတဲ့ဇာတ်ကောင်ကြားကအချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရမှာပါ။အဓိကသရုပ်ဆောင်တွေကတော့စာရေးဆရာမလေး နန်ရှင်းအဖြစ် Shen Yueဝတ္ထုထဲကဗီလိန်ဇာတ်ကောင်ရှောင်းဝူတိအဖြစ် Chen Zhe Yuanစာရေးရတာကိုသဘောကျတဲ့ငယ်ရွယ်တဲ့ကောင်မလေး နန်ရှင်း။တစ်နေ့မှာမထင်မှတ်ထားဘဲသူရေးနေတဲ့ဝတ္ထုထဲကဇာတ်ကောင်ကိုဆင့်ခေါ်မိသွားတဲ့အခါမှာတော့...အဲ့ဒီဇာတ်ကောင်က ညဏ်များပြီးအတ္တကြီးတဲ့ဝတ္ထုထဲကအကြီးစားဗီလိန် ဖြစ်နေတဲ့အခါ...ဝတ္ထုထဲကခုန်ထွက်လာတဲ့ ဇာတ်ကောင်နဲ့စာရေးတရာမလေးတိုဟာ စတွေ့ကတည်းကကြောင်နဲ့ကြွက်လိုပဲ မတည့်ကြပါဘူး။အပြင်လောကကိုရှောင်းဝူတိရောက်လာတာဟာဖန်တီးသူနန်ရှင်းရဲ့ဆုတောင်းကြောင့်ဆိုတာသိလိုက်ရတဲ့အခါ..မူလကမ္ဘာကိုပြန်သွားခွင့်ရဖိုအတွက်နန်ရှင်းကိုကူညီရဖိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့အတူတူနေထိုင်ကြရင်းတစ်ယောက်ရဲ့ချစ်စရာအချက်လေးတွေကိုတစ်ယောက်ကမြင်လာတဲ့အခါ...ရှောင်းဝူတိတစ်ယောက်သူ့မူရင်းကမ္ဘာကိုပြန်သွားမှာလား...စာရေးဆရာမလေးနဲ့ပဲ ပြင်ပကမ္ဘာမှာအတူတူနေမလား..ထူးခြားတဲ့အချစ်ပုံပြင်လေးကဘယ်လိုအဆုံးသတ်လေမလဲ။ပေါ့ပေါ့ပါးပါးနဲ့အချိုစားရမယ့်ဇာတ်လမ်းလေးဖြစ်တာမိုလက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, FantasyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / Yoteshin / Usersdrive / StreamSB Episode 1(1080p) - MegaUp ...

Mr. Bad (2022)

2022
Thousand Years For You (2022)
Thousand Years For You (2022) CM ပရိသတ်တိုအတွက်မင်းသားချောလေး Allen နဲ့မင်းသမီးလေး Li Qin တိုရဲ့ဇာတ်လမ်းအသစ်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လုယန်ဆိုတဲ့ စစ်နတ်ဘုရားဟာနှစ်တစ်ထောင်ကျော်ခန့် အိပ်ပျော်နေခဲ့ပြီးနိုးထလာခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီအိပ်စက်နိုးထလာပြီးနောက်လည်းအတိတ်က ချစ်သူကို ရှာတွေ့ဖိုကြိုးစားနေခဲ့ပါသေးတယ်။ယွီတိန်းတိန်းဆိုတဲ့ ချင်းချွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကသူများအမြင်မှာတော့ ငွေမက်ပြီး တဏှာကြီးတဲ့ဓါးပြမလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ အရင်ဘဝက နတ်သမီးတစ်ပါးဖြစ်ခဲ့ပြီးစစ်နတ်ဘုရားလုယန်နှင့် မေတ္တာမျှခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်သူမက နောင်ဘဝသိုကူးပြောင်းခဲ့ပြီးစစ်နတ်ဘုရားကတော့နှစ်တစ်ထောင်ခန့် အိပ်ပျော်သွားခဲ့ပါတယ်။နှစ်သုံးထောင်ကြာပြီးနောက်မှာတော့မင်္ဂလာပွဲတစ်ခုမှာ သူမရဲ့ ဖူးစာဖက်ကို တွေ့ခဲ့ပါတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက်မှာလည်းမြင်မြင်ချင်း ချစ်မိသွားတဲ့သူနှစ်ယောက်၊သူတိုရဲ့ ဇာတ်လမ်းလေးကို CM ကဘာသာပြန် တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 36Format : mp4Genres : Wuxia, Romance, Fantasy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...

Thousand Years For You (2022)

2022