Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
iQiyi
My Stand-In (2024)
အဖြည့်ခံပန်းလေးတစ်ပွင့် (၂၀၂၄)ဝိဉာဉ်ကူးပြောင်းနေတဲ့ ဇာတ်လမ်းတွေ ရေပန်းစားနေချိန်၊ ဒီတစ်ခါမှာတော့ ထိုင်းဝိဉာဉ်ကူးပြောင်းခြင်း ဇာတ်လမ်းတွဲတွေ ယူဆောင်ပေးလို့လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... လူစားထိုးစတန့်သမား ဂျိုးတစ်ယောက် ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး ချောက်ကမ်းပါးစွန်းက ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူပြန်သတိရလာချိန်မှာ သူနဲ့နာမည်တူဂျိုးဆိုတဲ့ ကောင်လေးခန္ဓာကိုယ်ထဲ ရောက်နေတာပါပဲ။ ဒီလိုနဲ့ သာမန်ဘဝကို နေထိုင်ရင်း အရင်ဘဝက ရေစက်ဆုံခဲ့တဲ့သူတွေနဲ့ တစ်ကွေ့ ပြန်ဆုံပြန်ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေ သယ်ဆောင်ထားတဲ့ ဂျိုးတစ်ယောက် ဒီမှတ်ဉာဏ်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ရေစက်ဟောင်းတွေကို ဘယ်လို ပြင်ဆင်ဖို့ လုပ်မလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Blue, Laris M တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...
My Stand-In (2024)
2024
Follow Your Heart (2024)
အားလုံးစောင့်မျှော်နေကြတဲ့ Costume drama တွေရဲ့ဘုရင်လို့တောင်တင်စားကြတဲ့မင်းသား Luo Yun Xi ဦးဆောင်ပါဝင်ထားပြီး မင်းသမီး Song Yi နဲ့တခြား ဇာတ်ပိုဇာတ်ရံသရုပ်ဆောင်တွေအများကြီးပါဝင်ထားတဲ့Follow Your Heart ဆိုတဲ့ဇာတ်ကားလေး ထွက်ရှိလိုလာပါပြီ ။ဇာတ်လမ်းကလည်း မှုခင်းကားကိုမှ mystery , Supernatural စတဲ့genre တွေနဲ့ဆိုတော့ဇာတ်လမ်းအဆန်းလေးတွေမှ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်အုံးမယ်လိုထင်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ယွဲကျန်းရဲ့ စုံစမ်းစစ်ဆေးရေးမှုးကျန်းရှင်းပိုင်ဟာ မျက်နှာတွေကိုမမှတ်မိနိုင်တဲ့ရောဂါဆန်းတစ်ခုကိုခံစားနေရပြီး မာနကြီးပြီးအေးစက်စက်လည်းနိုင်ပါတယ် ။ သူဟာ ဟယ်မန်အန့်ကို မူးယစ်ဆေးကိစ္စစုံစမ်းဖိုအတွက်တိတ်တဆိတ်ရောက်ရှိလာခဲ့ပြီး လတိုင်းမျက်နှာတစ်ခုပြောင်းနေတဲ့လေလွင့်သမားတော်လေးယန်နန်ရှင်းနဲ့သိကျွမ်းဖို ရေစက်ပါလာပါတော့တယ် ။နှစ်ယောက်သားဟာ တစ်ယောက်လျိုဝှက်ချက်ကို တစ်ယောက်ဖုံးကွယ်ထားရင်းလျိုဝှက်ချက်ကိုယ်စီနဲ့ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကံကြမ္မာအလီလီကိုဖြတ်သန်းရင်းအဆုံးမှာတော့ အမှုရဲ့နောက်ကွယ်ကလူကိုဘယ်လိုဖော်ထုတ်နိုင်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို အဆုံးထိ လိုက်ပါစောင့်ကြည့်လိုက်ပါအုံးနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : ...
Follow Your Heart (2024)
Jade’s Fateful Love (2024)
ဒီဇာတ်လမ်းလေးကတော့ တွေ့မြင်နေကျ ဇာတ်လမ်းတွေနဲ့မတူတစ်မျိုးကွဲထွက်ပြီး romance , supernatural စတဲ့ genre တွေနဲ့အတူတစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ -ကျောင်းစိမ်းပြားလေးတစ်ပြားဟာ ယွဲ့လင်နဲ့ ကျိုးရှစ်ယွီတို့ကိုထူးခြားဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုယူဆောင်လာပေးခဲ့ပါတယ် ။အဲဒါကတော့ တုန်းယွီပြည်နဲ့ ပေရှော့ပြည်နှစ်ပြည် လက်ဆက်မင်္ဂလာအတွက်တုန်းယွီပြည်က မင်းသမီးလေးကို ပေရှော့ပြည်ကိုပြန်ခေါ်သွားတဲ့လမ်းမှာသူပုန်တွေနဲ့တိုးပြီး သေသွားတိုင်း ပြန်ပြန်ရှင်နေခဲ့တာပါ ။ဒီလိုနဲ့နှစ်ယောက်သား ဒီအခက်အခဲကို အဖြေရှာဖို့အတွက်မတည့်တဲ့ကြားက ခင်မင်ရင်းနှီးသွားကြပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာဟာလည်း စတင်ခဲ့ပါတော့တယ် ။ဒီကျောက်စိမ်းပြားက သူတို့၂ယောက်အတွက် ဘယ်လိုထပ်ပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာတွေယူဆောင်လာပေးမလဲ။နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆက်နွယ်နေတဲ့ မင်္ဂလာပွဲကရော ဘယ်လိုဖြစ်သွားမလဲ။သူတို့ကြားက အချစ်ရေးကရော ဘယ်လိုအဆင်ပြေလာနိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးထဲမှာ လိုက်ပါကြည့်ရှုလိုက်ကြပါအုံးနော် ။==================================Quality : WEB-DL 720p, 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
Jade’s Fateful Love (2024)
2024
Fox Spirit Matchmaker: Red-Moon Pact (2024)
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီးေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 36 Format ...
Fox Spirit Matchmaker: Red-Moon Pact (2024)
2024
7.8
Joy of Life (Season 2)
2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါအရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖို ဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb:
7.8/10
51 votes
tv
Joy of Life (Season 2)
2019
8.5
To the Wonder (2024)
ဒီတစ်ခေါက်မှာတော့ CM ရဲ့ တရုတ်ကား အမာခံပရိသတ်တို့အတွက်... သဘာဝရှုခင်းနဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာ ဖြတ်သားနေတဲ့ ရွာလေးတစ်ခုမှာ ဖြစ်တည်ခဲ့တဲ့ အချစ်ပုံပြင်လေးကို ပုံဖော်ထားတဲ့ My Altay ဆိုတဲ့ဒရာမာတိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ My Altay ထဲက လီဝမ်ရှိုးဆိုတဲ့ ကာရိုက်တာဟာ My Altay ဆိုတဲ့ ဝတ္ထုစာအုပ်ကို ရေးသားသူ လီကျွမ်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ချရေးထားတယ်ဆိုတဲ့ အချက်ပါပဲ...ဇာတ်လမ်းအကျဉ်း လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာ Altayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့... အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့... ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲ သူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်..."ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီး လယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ" "ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို ...
8.5
TMDb:
8.5/10
4 votes
tv
To the Wonder (2024)
2024
Men In love
Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...
Men In love
2024
Two Worlds (2024)
ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...
Two Worlds (2024)
2024
7.8
Joy of Life (Season 1)
မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူကပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb:
7.8/10
50 votes
tv
Joy of Life (Season 1)
2019
In the Name of the Brother
ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်းတွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
In the Name of the Brother
2024
Our Memories
ဝေ့ရှင်းနဲ့ ဝမ်တိချိုတို ဦးဆောင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားအဖွဲလေးတွေဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပြီး ယွီကျိုလမ်းလေးမှာ နေကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်အထက်တန်းတတိယနှစ်တုန်းက ကောင်းအတူဆိုးအတူ တွဲလာကြတဲ့ သူတိုအဖွဲလေးဟာ ကိုယ့်အိပ်မက်ပန်းတိုင်စီကိုပဲ မူလရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းသွားနိုင်ကြမလား မိဘတွေစီမံရာကိုပဲ လိုက်နာကြမလားကျောင်းသားဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ဘဝဟာ သူတိုဘဝလေးတွေ ကိုယ်စီရည်မှန်းရာ တက္ကသိုလ်စီ လှမ်းရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းဦးပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာအားပေးကြပါဦး...====================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 ...
Our Memories
2024
The Substitute Princess’s Love
ဒီတစ်ခါတော့ အချိုတွေရော အငိုတွေပါပေးမယ့် ဦးနဲ့ကလေးရဲ့ ချစ်ဇာတ်လမ်းကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်ဇာတ်လမ်းအညွှန်းစစ်နတ်ဘုရားလို့ တင်စားခံရတဲ့ မင်းသားကျင့်ဟာ မင်္ဂလာပွဲနေ့မှာပဲ စစ်မြေပြင်မှာတိုက်ပွဲကျသွားပြီလို့ နန်းမြို့တော်ကို သတင်းရောက်လာတာကြောင့် တိုင်းပြည်တစ်ခုလုံးဝမ်းနည်းပူဆွေးရမယ့်အချိန်ကျရောက်လာခဲ့ပါတယ်အဲဒီအခါမှာ မင်းသားနဲ့ လက်ထပ်ရမယ့် အမတ်ချုပ်ရှန်အိမ်တော်က တရားဝင်သမီးဖြစ်သူဟာမုဆိုးမဘဝ မရောက်ချင်တာကြောင့် တရားမဝင်သမီးဖြစ်တဲ့ ရှန်ခယ်ယီကိုလူစားထိုးပြီး မင်္ဂလာဆောင်ခိုင်းလိုက်ပါတော့တယ်မင်းသားကျင့် ကွယ်လွန်သွားတာကြောင့် အဲဒီခေတ်က ထုံးတမ်းစဥ်လာအရရှန်ခယ်ယီပါ အတူတူလိုက်သေရမှာဖြစ်ပေမဲ့ မင်းသားကျင့် ရောက်လာခဲ့ပြီးရှန်ခယ်ယီကို ကယ်ခဲ့ပါတယ်။ ရှန်ခယ်ယီ သတိရလာတဲ့အခါ ရှန်အိမ်တော်က မင်းသားကျင့်ဆီကနေကျောက်စိမ်းပြား ခိုးပေးဖို့ ရှန်ခယ်ယီကို သူ့အထိန်းတော်ကြီးရဲ့ အသက်နဲ့ အကြပ်ကိုင်ပြီးခြိမ်းခြောက်ပါတော့တယ်။ ရှန်ခယ်ယီအတွက် သာမန်ကျောက်စိမ်းပြားတစ်ခုဖြစ်ပေမဲ့အဲဒီကျောက်စိမ်းပြားကရော လက်တွေ့မှာဘယ်လောက်တောင် အဖိုးတန်နေလဲအမတ်ချုပ်ရှန် ကြားထဲကနေ အလွဲသုံးစားလုပ်ထားလို့ ထောင်သောင်းချီတဲ့စစ်သည်တွေအဝတ်အစားနဲ့ရိက္ခာမရှိဘဲ သေဆုံးခဲ့ရတဲ့ ရန်ငြိုးကို မင်းသားကျင့်တစ်ယောက်ဘယ်လိုသက်သေတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်မှာလဲပျော်ပျော်နေတတ်ပြီး ဖြူစင်တဲ့ ရှန်ခယ်ယီနဲ့ အေးတိအေးစက်နိုင်တဲ့ မင်းသားကျင့်တို့ကြားမှာဧကရာဇ်မင်းက စုံဖက်ပေးလိုက်လို့သာ လက်ထပ်လိုက်ရပေမဲ့ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတဲ့အခါမှာရော သက်ထက်ဆုံး လက်တွဲသွားနိုင်ပါမ့လားဆိုတာဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ကြပါဦး====================================Quality : ...
The Substitute Princess’s Love
2024
Deep Night (2024)
သန်းခေါင်ယံ (၂၀၂၄) အညွှန်းဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ BL series တွေထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်အိမ်ဆန်းဆန်းလေးတစ်ခု ရောက်လာပါပြီ။ ခမ်းထစ်က သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းနေသူပါ။ သူ့လျှို့ဝှက်ချက်ကတော့ နိုင်ငံတွင်းထိပ်တန်းနိုက်ကလပ်တွေထဲက တစ်ခုဖြစ်တဲ့ "သန်းခေါင်ယံနိုက်ကလပ်" ပိုင်ရှင် မစ္စဖယ်ရီယာက သူ့အမေဆိုတာပါပဲ။ စိတ်ဝင်စားတယ်ရယ်မဟုတ်တဲ့ ဒီလုပ်ငန်းကို ဆက်ခံဖို့ ခမ်းထစ်တစ်ယောက် ကလပ်မှာ အလုပ်သင်ဝင်လုပ်ရပါတော့တယ်။ လျှို့ဝှက်ချက်ဟာ သူတစ်ယောက်တည်းရှိတာ မဟုတ်ကြောင်း သိလိုက်ရတာက ကျောင်းမှာ သူနဲ့ အမြဲ ဘုနဲ့ဘောက်ဖြစ်နေတဲ့ ဝေလာက ကလပ်မှာ ပျော်တော်ဆက်အလုပ် လုပ်ပါတယ်တဲ့။ အသွားမရှိရင် အပြန်မရှိဘူးလို့ ယူဆထားတဲ့ ဝေလာနဲ့ ခပ်ရွဲ့ရွဲ့ကောင်လေး ခမ်းထစ်တို့ ဘယ်လို နှစ်ပါးဆက်သွားကြလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ ထိုင်းနိုင်ငံမှာ ကျယ်ပြန့်လာနေတဲ့ Host boys တွေအကြောင်းနဲ့ Club တွေရဲ့ NIght Life တွေကိုပါ ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, ...
Deep Night (2024)
2024
City of Stars (2024)
ငွေကြယ်ပွင့် မြို့တော် (၂၀၂၄)ဆန်ဖရန်စစ္စကို အခြေစိုက် Zandaya အက်ပလီကေးရှင်းဟာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို လက်ခံခွင့်ပြုတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ ထိုင်းနိုင်ငံနာမည်ကြီးကျော် "ဖူအန်နာခွန်" က ' ဒီအက်ပလီကေးရှင်းကို စတင်အသုံးပြုလာတဲ့အခါ၊ ထိုင်းလူမျိုးအသုံးပြုသူတွေ ရုတ်တရက် များပြားလာပါတော့တယ်။ဒီလိုနဲ့ တစ်ယောက်တည်းရှိတဲ့ ထိုင်းလူမျိုး Developer "ကရိုမထား" ခမျာ ထိုင်းဗန်းစကားတွေကို စီစစ်ရင်း အလုပ်ရှုပ်ရတော့တာပါပဲ။ ဒီအခြေအနေက ရုန်းထွက်ဖို့ အိမ်ပြန်ခရီးထွက်ခဲ့တာတောင် လက်ပတော့တစ်လုံးနဲ့ အလုပ်ရှုပ်နေရတာမို့ နာမည်ကျော်ထိုင်းဆယ်လီ ဖူအန်နာခွန်ကို မမြင်ဖူးခင်တည်းက မနှစ်မြို့ရှာပါဘူး။ ဒါပေမဲ့ ကရိုမထားတစ်ယောက် ထိုင်းမြေပေါ်ကို ခြေချချချင်း ပထမဆုံးတွေ့ရတဲ့သူကလည်း ဖူအန်နာခွန်ဖြစ်နေတဲ့အခါ...။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, Baby, Laila တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
City of Stars (2024)
2024
War of Faith (2024)
အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် ဒီ 2024 ခုနှစ်မှာပဲ ထွက်ရှိလာတဲ့သမ္မတခေတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ - ၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)က အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။ သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြား ဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ...ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား... ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား... ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်သရုပ်ဆောင်ထားတဲ့ War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။====================================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres ...
War of Faith (2024)
2024
Burning Flames
ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...
Burning Flames
2024
Eternal Brotherhood
A Journey to Loveကပေးတဲ့ Traumaတွေ မပျောက်သေးခင်မှာကိုကို Yang Xu Wen နဲ့ Liu Yu Ning တို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ရှီးချွမ်းကုန်းမြေမှာနေရာအနှံစစ်မက်တွေဖြစ်နေခဲ့တယ်။ Zi Chun နဲ့Sairong မျိူးနွယ်နှစ်စုကြားမှာစစ်ရေးအခြေနေတွေတင်းမာနေခဲ့တယ်။နယ်စပ်မှာတာဝန်ကျတဲ့ကျစ်ချွမ်းရှို့ဟာစစ်ပွဲမှာအောင်နိုင်ခြင်းတွေနဲ့မြို့တော်ကိုပြန်လာခဲ့တယ်။ တိုင်းပြည်အေးချမ်းနိုင်ပြီထင်ပေမယ့်အန္တရာယ်တွေကတစ်လှိုင်းပြီးတစ်လှိုင်းလာနေတုန်းပါပဲ။မြို့တော်မှာယန်မင်ဟွာဆိုတဲ့စစ်ရေးအရာရှိကြီးတစ်ယောက်ဟာ ပုန်ကန်ဖို့စတင်လာခဲ့တယ်။ကျစ်ချွမ်းရှို့နဲ့ သူ့ရဲ့သွေးသောက်ညီအစ်ကိုတွေဟာ ပူးပေါင်းပြီးတော့တိုင်းပြည်ရဲ့ကိုကယ်တင်နိုင်ခဲ့တယ်။ ကျစ်ချွမ်းဟာပြန်လည်အေးချမ်းလာတဲ့အချိန်မှာပဲစောင့်ကြည့်နေတဲ့စိုက်ရုံတွေဟာ ကျစ်ချွမ်းတွေပြန်ပြီးအားမမွေးနိုင်ခင်မှာ စစ်ကြေငြာလာပါတယ်။ကျစ်ချွမ်းရှို့၊ စီးယိလင်နဲ့ တိလင်တို့ ညီအစ်ကို(၃)ယောက်ဟာကိုယ့်တိုင်းပြည်နဲ့ဇာတိအတွက် ချစ်ရတဲ့သူတွေကိုကာကွယ်ပေးဖို့အတွက်ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်တဲ့ရဲရင့်ခမ်းနားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။===================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Action and Adventure, War, History Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...
Eternal Brotherhood
2024
Dead Friend Forever (2023)
စည်းခြားသွားတဲ့ သူငယ်ချင်း (၂၀၂၃)(function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ Horror ကားတွေကိုမှကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ထိုင်း bl စီရီးတစ်ခုဖြစ်တဲ့ Dead friend foreverဆိုတဲ့ စီရီးလေးကို ဘာသာပြန်တင်ဆက်ပေးထားပါတယ်။(function(f,b,n,j,x,e){})();နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ် သူငယ်ချင်းဖြစ်သူ ဂျင်အတွက် နှုတ်ဆက်ပါတီလုပ်ပေးဖို့ ကျောင်းသားသူငယ်ချင်းတစ်စုဟာ တောအုပ်ထဲကအိမ်ကြီးဆီ အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ ဒီခရီးက သူတို့ကို အသက်အန္တရာယ်ထိခိုက်စေနိုင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေဆီ ပြန်လည်ခေါ်ဆောင်သွားသလို ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်ကျမှ သူတို့ကို မကောင်းမှုအားလုံးက စောင့်မျှော်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် သိရှိခဲ့ရတာဖြစ်ပါတယ်။ဒီသူငယ်ချင်းတစ်စုဟာ အတိတ်တုန်းက ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ။ ဘာကြောင့်လဲ။ ဘာတွေ ဆက်ဖြစ်သွားမှာလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုရင်း အဖြေဖော်သွားကြပါလို့ ပြောချင်ပါတယ်။(၁၈+ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်တာဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး)အညွန်းကိုတော့ Thant က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Thant နဲ့ Thada ပဲ ဖြစ်ပါတယ်။Genre..... BL, Horror, Thriller Quality…. 1080p | 720p File size… 650MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar ...
Dead Friend Forever (2023)
2023
White Cat Legend
တရုတ်ဇာတ်လမ်းတွဲကောင်းလေးများကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့ CM ကနေ ခုတစ်ခေါက်လည်း တရုတ်ကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ရှေးခေတ်မှုခင်းစုံစမ်းရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာ Main casts တွေအနေနဲ့ The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့ တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ် A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi က ဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့ ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ် Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ် Feng Man ကတော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ် Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီး တရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ် ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့ ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ...
White Cat Legend
2024
Fighting for Love ( 2024 )
အာဂအမျိုးသမီးလေးအားမိုက်ရဲ့ တိုင်းပြည်အတွက်စွမ်းစွမ်းတမံ တိုက်ပွဲဝင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားမိုက်ဟာမြို့စားကြီးတစ်ယောက်ရဲ့သမီးဖြစ်ခဲ့တယ်။ သူ့ရဲ့မျက်စိရှေ့မှာတင် သူ့မိဘကိုသူ့ရဲ့အစ်ကိုလိုချစ်ရတဲ့ငယ်သူငယ်ချင်းသတ်လိုက်တာကို မြင်ရတဲ့အခါမှာတော့ သူ့ဟာယောင်္ကျားလေးလိုပြင်ဆင်ဝတ်စားပြီး သိုင်းလောကမှာကျင်လည်ရင်း လက်စားချေဖို့ခရီးကိုစတင်လိုက်ပါတယ်။မင်းသမီးကြီးရဲ့သားတော်တစ်ယောက်ဖြစ်တဲ့ ရှန်းယိကျီးကို အားမိုက်ကမထင်မှတ်ပဲကယ်လိုက်မိရာကနေ ရှန်းယိကျီးကို အန္တရာယ်ကြားကနေအကြိမ်ကြိမ်ကယ်ဖို့ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲကြီးဖြစ်လာခဲ့တော့ အားမိုက်ကကိုယ်ကျိုးစွန့်ပြီး စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းကြောင့် စစ်သူကြီးရာထူးအထိအောင်မြင်လာခဲ့တယ်။ရှန်းယိကျီးနဲ့အတူအခက်အခဲတွေအတူကျော်ဖြတ်ရင်း ကြီးမြတ်တဲ့အရာတွေကိုအတူအောင်မြင်အောင်ကြိုးစားလာခဲ့ကြတယ်။ နုပျိုခြင်းတွေပေးဆပ်ထားတဲ့ သူတို့ရဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လို အောင်မြင်မှုတွေရလာမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။================================Quality : WEB-DL 1080p , 720p Total Episoes : 36 Format : mp4 Genres : Crime , Drama , Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK================================= Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamWish / MegaNz Ep ...
Fighting for Love ( 2024 )
2024
1
2
3
4
5
Last
Previous
Next