Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
hoichoi
Kaalratri (2024)
Kaalratri (2024) သေမင်း၏ညIMDb 5.6/10ဒေဘီဆိုတဲ့ မိန်းမလှလေးက မကြာခင်လက်ထပ်တော့မယ့် သတို့သမီးအသစ်စက်စက်လေးပေါ့ ဒီမင်္ဂလာဆောင်အပြီးမှာ သူ့ဘဝအလှည့်အပြောင်းကြုံရပါတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေလေရဲ့ ဒါပေမဲ့ဒီပျော်ရွှင်မှုက တာရှည်မခံခဲ့ပါဘူး အကြောင်းရင်းကတော့ သူ့သူငယ်ချင်းမာယာရဲ့စကားကြောင့်ပါ ဒေဘီရဲ့မင်္ဂလာဆောင်ပြီး နောက်ရက်ရောက်တာနဲ့ သူနဲ့လက်ထပ်မယ့်သတို့သား ရူဒရာဟာ သေဆုံးရပါမယ်တဲ့ဝမ်းနည်းဖို့ကောင်းစွာနဲ့ ဒီခန့်မှန်းပြောဆိုချက်က မှန်ကန်လာခဲ့ပါတယ် ဒီလိုနဲ့ဒေဘီဟာ ခင်ပွန်းဆုံးရှုံးရလို့ ကြေကွဲရမှုအပြင် လူအများရဲ့ သံသယမျက်လုံးနဲ့ကြည့်မှုတွေ ဝေဖန်ပြစ်တင် ပြောဆိုမှုတွေကိုပါ ခံစားခဲ့ရတော့တာပါဒီလိုနဲ့နေလာရင်း သူ့ခင်ပွန်းရဲ့မိသားစုကပါ ပုံမှန်မဟုတ်ကြောင်း သိလာရပါတော့တယ် အတူရှိနေတော့မှ သူတို့ရဲ့ အရှုပ်အထွေးတွေ ပြဿနာတွေဟာ တစ်ခုချင်း တစ်လွှာချင်း ကွာကျ ပေါ်ပေါက်လာတာပါအဲဒီအချိန်မှာပဲ မိသားစုတွင်းမှာ လူသတ်မှုတစ်ခု ဖြစ်သွားပြီး အခြေအနေကိုပိုဆိုးလာစေတဲ့ အခါမှာတော့........................................................................ဒေဘီရဲ့ သတို့သမီးအသစ်စက်စက် ဘဝကနေ ပူဆွေးဖွယ်မုဆိုးမလေးဘဝ ရောက်သွားရပုံ၊ အန္တရာယ်တွေ လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့ကြိုးစားပုံတွေအပြင် သဘာဝလွန် ဖြစ်ရပ်စွမ်းအားတွေကိုပါ ရင်သပ်ရှုမောဖွယ်တွေ့ရှိရမှာမို့ ဒီစီးရီးလေးမှာ ကြည့်ရှုအားပေး အဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )File Size ...
Kaalratri (2024)
2024
Bishohori (2025)
Bishohori (Bengali) 2025 "မြွေမယ်တော်နဲ့သေမင်းကျိန်စာ"ချစ်ကြိုက်ကွဲညားဇာတ်လမ်းတွေ ရိုးအီနေတဲ့ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုစီးရီးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။မိန်းမချောလေး ရာဂျ်နန်ဒီနီဟာ ချစ်သူတာသာနဲ့လက်ဆက်ပြီး မီတရာမိသားစုစံအိမ်ကြီးဆီ ရောက်ရှိလာပါတယ်။ တစ်မိသားစုလုံးကလည်း နွေးနွေးထွေးထွေးကြိုဆိုကြပေမဲ့ ပြဿနာကတော့ အိမ်ကြီးပါ။နှစ်ပေါင်းရာချီနေတဲ့ အဲဒီစံအိမ်ကြီးမှာ နှစ်ပေါင်း ၂၀၀ ကြာအောင် သော့ခတ်ထားတယ်ဆိုတဲ့ အခန်းတစ်ခန်းလည်း ရှိပါတယ်။ ရာဂျ်နန်ဒီနီကတော့ ရောက်ရောက်ချင်း အဲဒီအခန်းကို စူးစမ်းချင်စိတ်ဖြစ်တော့တာပါပဲ။ဒါပေမဲ့ အခန်းကိုဖွင့်ဖို့ကြိုးစားတဲ့သူတိုင်း ကျိန်စာမိပြီးသေရတယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်း ရှိနေတာမို့ ရာဂျ်နန်ဒီနီတစ်ယောက် ဝင်ခွင့်မသာခဲ့ပါဘူး။ဒါ့ပြင် သူတို့အိမ်မှာ မြွေနတ်ဘုရားလို့သိကြတဲ့ မယ်တော်မာနဆာရုပ်တုလည်း ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ က မယ်တော်ရုပ်တု၀င်းထိန်သွားပြီး လူသေမှုဖြစ်ခဲ့ဖူးပါတယ်။ သူတို့အယူကတော့ မယ်တော်ရဲ့အမျက်တော်ရှတယ်လို့ ဆိုပါတယ်။ဒီကြားထဲ မိသားစုထဲမှာ အမွေဆိုင်ဖြစ်တဲ့ အဲဒီရှေးဟောင်းအိမ်ကြီးကိုရောင်းချင်နေသူတွေကလည်း ရှိပါတယ်။ ရောင်းဖို့ကြိုးစားသူတွေလည်း တစ်နည်းနည်းနဲ့ ဒုက္ခဖြစ်ကုန်ကြပါတယ်။တစ်ဖက်မှာလည်း အိမ်ရောင်းရဖို့အရေး အိမ်ကကျိန်စာမိနေသယောင်လုပ်ပြီး မိသားစုတွေကို ခြိမ်းခြောက်တဲ့ကိစ္စတွေကလည်း ရှိနေပြန်ပါတယ်။ဒီလိုနဲ့ အိမ်ကတကယ်ပဲကျိန်စာမိနေတာလား၊ မြွေတွေက လူတွေရဲ့အသက်အန္တရာယ်ကို ...
Bishohori (2025)
2025
2
Indubala Bhaater Hotel (2023)
Indubala Bhaater Hotel 2023 (အင်ဒူဘာလာ စားသောက်ဆိုင်)ယခုတစ်ခါတင်ဆက်ပေးမယ့် ဒရာမာစီးရီးလေးကတော့ အပိုင်း၈ပိုင်းထွက်ရှိထားပြီးတော့ ခင်ပွန်းဖြစ်သူမရှိတော့တဲ့နောက်ပိုင်း သားတစ်ယောက်နဲ့ စားသောက်ဆိုင်လေးဖွင့်ပြီး ဘဝကို ကြိုးစားရုန်းကန်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။အင်ဒူဘာလာလို့ခေါ်တဲ့ ကောင်မလေးဟာ ခင်ပွန်းဖြစ်သူဆုံးသွားပြီးတဲ့နောက်မှာ သားလေးတစ်ယောက်ရယ် အကြွေးတွေရယ်နဲ့ ကျန်ရစ်ခဲ့ပြီး ဒုက္ခပင်လယ်ဝေနေပါတော့တယ်။အကြွေးရှင်တွေရဲ့ ထုံးစံအတိုင်း အကြွေးမပေးနိုင်တဲ့အခါ အိမ်ထိ လာရောက်သောင်းကျန်းတာတွေ လုပ်ပါတော့တယ်။ဒီအခါမှ အိမ်မှုကိစ္စကလွဲပြီးတော့ ဘာမှမလုပ်တတ်တဲ့ အင်ဒူဘာလာတစ်ယောက် သားလေးကိုဖက်ပြီး အခန်းထဲမှာပဲ တိတ်တိတ်လေးနေရရှာတာပေါ့။အကြွေးရှင်တွေ အိမ်ကိုလာသောင်းကျန်းတဲ့အချိန်မှာ ဘေးအိမ်ပတ်ဝန်းကျင်က စပ်စုရုံအပြင် ဘာမှမလုပ်ကြပေမယ့် ငါးရောင်းတဲ့ ငါးစိမ်းသည်လေး လု့ချ်မီကတော့ ကူညီပြီးတော့ ငါးစိမ်းသည်ပီပီ အကြွေးရှင်တွေကို ပြန်အော်လွှတ် ရန်တွေ့ပေးပါတော့တယ်။ဒီလိုနဲ့ လု့ချ်မီဟာ အင်ဒူဘာလာတို့ သားအမိဒီအတိုင်းနေရင် မဖြစ်တော့ဘူးဆိုပြီးတော့ အိမ်မှုကိစ္စအပြင် ဘာမှမလုပ်တတ်တဲ့ အင်ဒူဘာလာ့ဆီမှာ ပိုက်ဆံပေးပြီး ထမင်းစားပါတော့တယ်။အစမှာတော့ သူတစ်ယောက်တည်းပဲ စားတယ်ဆိုပေမယ့် နောက်ပိုင်းမှာ သူ့အသိတွေကိုပါ ခေါ်လာပြီး စားခိုင်းရင်းနဲ့ အင်ဒူဘာလာစားသောက်ဆိုင်လေးကို စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ဒီစားသောက်ဆိုင်လေး အောင်မြင်လာဖို့အတွက် အင်ဒူဘာလာတစ်ယောက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ရမလဲ ...... အင်ဒူဘာလာတစ်ယောက် အသက်တွေကြီးလာတော့မှ သူ့စားသောက်ဆိုင်ကိုရောက်လာတဲ့ အသက်ငယ်ငယ်ကောင်မလေးရှန်ချရီကရော အင်ဒူဘာလာနဲ့ ဘယ်လိုတွေ ပတ်သက်ဆက်နွယ်နေတာလဲ..... ဆိုတာတွေကို အခုလက်ရှိကာလကို ...
2
TMDb:
2/10
1 votes
tv
Indubala Bhaater Hotel (2023)
2023
Adv. Achinta Aich (2024)
Advocate Achinta Aich (2024) "ရှေ့နေ အချင်တာအိုက်ချ်"အိန္ဒိယရုပ်ရှင်ချစ်သူများအတွက် IMDb 6.8 ရထားတဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂီတသမားခင်ပွန်းသည်ကို ဓားနဲ့ထိုးသတ်တဲ့လူသတ်မှုတစ်ခုမှာ မျက်မြင်သက်သေများစွာနဲ့တကွ လူသိရှင်ကြား အိမ်ထောင်ရေးမပြေလည်မှုကြောင့် ဘယ်လိုမှဖြေရှင်းချက်ပေးလို့မရတဲ့အပြင် စကားကိုအသံထွက်ပြောလို့မရတော့တဲ့ သနားစရာ ကူကယ်ရာမဲ့ အမျိုးသမီး မာလီနီသူ့အတွက် တစ်ဦးတည်းသော အားကိုးရာ ရှေ့နေ အချင်တာအိုက်ချ်က တစ်ချိန်က သူ့ဆရာဖြစ်သူ တရားလိုရှေ့နေနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါအဖက်ဖက်က အလေးမသာတဲ့ ဒီလူသတ်မှုမှာ မာလီနီဆိုတဲ့ အမျိုးသမီးအပြစ်မရှိကြောင်း သက်သေပြနိုင်မှာလား တကယ်ပဲ အပြစ်ရှိတာလား ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamမှ ဖြစ်ပါတယ်File Size – 500 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –30 minute (@Episode)Total Episodes:7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ DramaTranslator – CM Bollywood TeamEncoder ...
Adv. Achinta Aich (2024)
2024
Bijoya aka Bijaya (2024)
Bijaya (2024) "အမေတစ်ခု သားတစ်ခု"ဒီတစ်ခါမှာတော့ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဟင်ဒီဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ နီလန်ဂျန်ဆိုတဲ့ ကောင်လေးနဲ့ သူ့အမေတို့ သားအမိနှစ်ယောက်တည်း နေထိုင်လာခဲ့ရာမှာ ကာလ်ကတ္တားက နာမည်ကြီး KIST ကောလိပ်မှာ နီလန်ဂျန် ဝင်ခွင့်ရသွားတော့ အမေနဲ့ခွဲရဖို့ ဖြစ်လာတယ်ချစ်ပေမယ့် အလိုမလိုက်တဲ့အမေ့စကားကြောင့် ကာလ်ကတ္တားကို ရောက်လာတဲ့ နီလန်ဂျန်... ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုသူတို့ကျောင်းက စီနီယာဇိုးတွေအနိုင်ကျင့်ခြင်းကို ခံရတဲ့နောက် အဆုံးစွန်လုပ်ရပ်တစ်ခုကို လုပ်မိလိုက်တဲ့အခါမိခင်ဖြစ်သူက ပူပင်သောကဝေပြီး လိုက်လံစုံစမ်းရပါတော့တယ် အိန္ဒိယပညာရေးရဲ့ အမှောင်ဘက်ခြမ်းကို မီးမောင်းထိုးပြထားတဲ့ ဒီစီးရီးလေးမှာ ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 600 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – Mp4Genre :Drama, FamilyTranslator – CM Bollywood TeamEncoder – YK Episode 1 - Yoteshin ...
Bijoya aka Bijaya (2024)
2024
7
Rumi (2024)
Rumi (2024)"မျက်မမြင်စုံထောက်" ==========================အသစ်ထွက်ထားတဲ့ IMDb 6.8 ရ ဟင်ဒီစကားပြော စုံထောက် ဝက်ဘ်စီးရီးလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီစီးရီးဟာဆိုရင် ဇာတ်လမ်းအသားပေးဖြစ်တဲ့အတွက် တချို့စီးရီးတွေလို ခပ်ချောချော မင်းသားမင်းသမီးတွေတော့ မြင်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက်တော့ ဒီစီးရီးဟာ အစပ်အဟပ်တည့်တဲ့ ဟင်းတစ်ခွက်ပါပဲ။ဇာတ်လမ်းကိုပြောရရင်တော့ CIB ဌာနက သိပ်တော်တဲ့ စုံထောက်တစ်ယောက်။ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံကိုရော စုံထောက်အလုပ်ကိုရော ဆုံးရှုံးခဲ့ရပေမဲ့ အမြင်အာရုံဆုံးရှုံးမှုက သူ့ဘဝရဲ့ အရေးပါဆုံးပဟေဠိကိုဖြေရှင်းဖို့ အားသာချက်ဖြစ်လာတဲ့အခါမှာတော့.. မျက်မမြင်စုံထောက် ရူမီရဲ့ စိတ်ဝင်စားစရာအမှုဆန်းတွေကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, Action & AdventureTranslator – CM Bollywood TeamEncoder – YK Episode 1 - Yoteshin ...
7
TMDb:
7/10
1 votes
tv
Rumi (2024)
2024
9
Mobaroknama (2023)
Mobaroknama (2023)လူနှစ်ယောက်ရဲ့ ဘဝတရားခွင်IMDb-6.6/ 10မိုဘာရော့ခ်ဆိုတာ အရည်အချင်း အတွေ့အကြုံတွေနဲ့ပြည့်ဝတဲ့ ရှေ့နေတစ်ယောက် ။ ဒါပေမဲ့ ဒီစီးရီးရဲ့အစပိုင်းမှာတော့ သူကဆိုင်တစ်ခုရဲ့ အောက်ခြေအကူဝန်ထမ်းတစ်ယောက်ဖြစ်နေတယ် ။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့လေးနှစ်ကျော်ကာလက ဖြစ်ပျက်ခဲ့တဲ့အဖြစ်ဆိုးတစ်ခုကြောင့် တရားရုံးထဲကို ပြန်မဝင်တော့တာကြောင့်ပဲ ။အရည်အချင်း အတွေ့အကြုံနဲ့ ဖြောင့်မတ်မှန်ကန်စိတ်ရှိတဲ့သူ့လိုရှေ့နေကို တရားရုံးထဲပြန်ဝင်စေတဲ့အကြောင်းတစ်ခုပေါ်လာခဲ့တယ် ။ အဲဒါက ဆူရိုင်ယာ...ဆူရိုင်ယာဆိုတာက လူငယ်ဘဝကို အထိန်းအကွပ်မရှိ ပျော်ပါးသောက်စားနေသူမို့ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးအသိုင်းအဝိုင်း အမေကိုယ်တိုင်ကပါ ဖယ်ကြဉ်ထားတဲ့သူ ၊ သူ့အပေါ်အချစ်မေတ္တာမလျော့တာက သူ့အစ်မ အာဘီဒါ ၊ အာဘီဒါရဲ့ မင်္ဂလာပွဲပြီးနောက်တစ်နေ့မှာ ဆူရိုင်ယာက သူ့ခဲအိုကသူ့ကိုမတရားကျင့်ပါတယ်ဆိုတဲ့စွပ်စွဲချက်က အားလုံးကို ထိတ်လန့်အံ့ဩသွားစေတယ် ဆူရိုင်ယာ့ဘက်က အမြဲပါခဲ့တဲ့ အာဘီဒါကိုယ်တိုင်ပါ အကျပ်ရိုက်ဒုက္ခတွေ့တော့တယ်သူပြောတာကိုဘယ်သူမှမယုံကြတဲ့နောက် ဆူရိုင်ယာက ခဲအိုကိုတရားစွဲတော့တာပဲ အဲဒီအမှုကိုလိုက်ပေးတဲ့သူက မိုဘာရော့ခ်....သူတို့နှစ်ယောက်ရင်ဆိုင်ရတဲ့ တရားခွင်က ဘဝတစ်ခုလုံးမူတည်နေတဲ့တရားခွင် ဆူရိုင်ယာက တကယ်ပဲနစ်နာသူလား.... အားလုံးရဲ့ ဆန့်ကျင်မလိုလားမှုတွေကြား တရားမျှတမှုရနိုင်မလား.... မိုဘာရော့ခ်ကရော သူ့အတိတ်ကနေ ရုန်းထွက်လာနိုင်မလား....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်File Size – 350MB(Appx;)@EpisodeQuality – 1080p ...
9
TMDb:
9/10
1 votes
tv
Mobaroknama (2023)
2023