Channel Myanmar

GMM 25

The Ex-Morning (2025)
The Ex-Morning (2025) မဟောင်းနွမ်တော့မဲ့ မနက်ခင်းများ (၂၀၂၅)2020 ခုနှစ်ကစလို့ ရိုက်ခတ်မှုတချို့နဲ့ ပျောက်သွားခဲ့ရတဲ့ SOTUS couple Krist-singto သင်္ဘောကြီးဟာဆိုရင်တော့ဖြင့် အခု 5 နှစ်အကြာမှာ တစ်ဖန်ပြန်လည် ရွက်လွှင့်လာခဲ့ပါပြီ။မုန်တိုင်းမိနေတဲ့သင်္ဘောကြီး ပြန်လည်ရွက်လွှင့်လာခဲ့ပြီဆိုတော့ လမ်းပျောက်နေကြတဲ့ shipper အပေါင်းလည်း CMနဲ့အတူ တစ်ဖန်ပြန်လည်ရှုစားကြပါဦးစို့။အစီအစဉ်ရဲ့hostလည်းဖြစ် သတင်းထောက်တစ်ယောက်လည်းဖြစ်တဲ့ဖီတစ်ယောက် ရုပ်သံလွှင့်နေတုန်း တေးဆိုတဲ့ကောင်လေးကို စိတ်လိုက်မာန်ပါနဲ့ ကော်ဖီနဲ့ကောက်ပက်လိုက်မိပါတယ်။ကံဆိုးချင်တော့ ကော်ဖီနဲ့ပက်လိုက်တဲ့ဗီဒီယိုက ဟိုးလေးတကျော်ဖြစ်သွားပြီး ဖီတစ်ယောက် ပြည်သူ့ချဉ်ဖတ်ဘဝကို နေ့ချင်းညချင်းရောက်သွားပါတော့တယ်။အလုပ်ပြုတ် ဘဝဆုံးတော့မယ့်ဆဲဆဲမှာ ဖီတစ်ယောက် အစီအစဉ်သစ်တစ်ခုလုပ်ဖို့ ကမ်းလှမ်းခံရပြီး အစီအစဉ်ရဲ့ထုတ်လုပ်သူကတော့ သူ့ရဲ့ရည်းစားဟောင်း တမ်တဝမ်ဖြစ်နေတဲ့အခါ...တစ်ချိန်က ပြဿနာတချို့လမ်းခွဲခဲ့ကြပေမဲ့ နှလုံးသားရဲ့ထောင့်တစ်နေရာစီမှာ ခံစားချက်တွေကျန်နေသေးတဲ့သူတို့နှစ်ယောက် အတူအလုပ်လုပ်ရဖို့ဖြစ်လာချိန်မှာတော့ ဝေးကွာနေတဲ့နှလုံးသားတစ်စုံဟာ ပြန်ဆုံဆည်းရဖို့ဖြစ်လာမှာလားဆိုတာကတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း CMနဲ့အတူ ကြည့်ရှုခံစားရင်း GMM ရဲ့ တစ်ချိန်က legendary Krist-singto CPကို ပြန်လည်အားပေးလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Chariya, Trady, Dao, Char Ou, Mary တို့ပဲ ဖြစ်ပါတယ်Genre..... BL, Romance, Drama Quality…. 1080p ...

The Ex-Morning (2025)

2025
Whale Store xoxo (2025)
Whale Store xoxo (2025) ဝေလငါးလေးရဲ့ အချစ်စတိုး (၂၀၂၅)ဝမ် အဖြစ် Milk Pansa မြောင်နမ် အဖြစ် Love Pattranite သွန်းနမ် အဖြစ် June Wanwimol ချုမ်ဖူ အဖြစ် Mewnich Nannaphasဇာတ်လမ်းအကျဉ်းဝမ်က ကုမ္ပဏီကြီးတစ်ခုမှာ အိမ်ကိုတောင် ပြန်မလာနိုင်အောင် အလုပ်အရမ်းကြိုးစားတဲ့ မိန်းကလေးတစ်ယောက်ပါတစ်ရက် အထက်လူကြီးရဲ့ နိုင်လိုမင်းထက်ဆန်မှုတွေကို သည်းမခံနိုင်ဖြစ်နေချိန်မှာ မတွေ့တာကြာနေတဲ့ ဖခင်ဖြစ်သူကပါ ဆုံးပါးသွားချိန်မှာတော့ အလုပ်က ဘဝကြီးတစ်ခုမဟုတ်တာ သိပြီး အလုပ်ထွက်ကာ အဖေ့ကုန်စုံဆိုင်လေးဆီ ပြန်လာခဲ့ပါတော့တယ်မြောင်နမ်ကတော့ မိဘအိမ်ကနေ ခွဲနေပြီး အလုပ်ပေါင်းစုံလုပ်နေသူတစ်ယောက်ပေါ့ပျက်တဲ့ပစ္စည်းတွေ ပြင်တဲ့အလုပ်၊ ပစ္စည်းတွေ ပိုပေးတဲ့အလုပ်အပြင် တက္ကသိုလ်ကျောင်းသားတွေကို စာသင်ပေးပြီး ပါရဂူဘွဲရဖိုလည်း ကြိုးစားနေသူတစ်ယောက်ပါဝမ့်အဖေနဲ့ မြောင်နမ်ဟာ ရင်းနှီးနေပြီး ဝမ်က အဖေ့ကုန်စုံဆိုင်လေးဆီ ပြန်လာချိန်မှာတော့ မြောင်နမ်နဲ့ ပြန်လည် တွေ့ဆုံပတ်သက်လာရပါတော့တယ်မြောင်နမ်က ဝမ့်ကို ဘယ်အချိန်ကတည်းက သိခဲ့ပြီး သဘောကျနေခဲ့တာလဲမိဘအိမ်က ခွဲနေပြီး အလုပ်များစွာလုပ်နေတဲ့ မြောင်နမ်က သာမန်မိသားစုက ဖြစ်ပါ့မလားဝမ့်ကိုရော ရအောင်လိုက်နိုင်ပါ့မလား ဝမ်နဲ့မြောင်နမ်ရဲ့ ...

Whale Store xoxo (2025)

2025
Hide & Sis (2025)
Hide & Sis (2025) လျှို့ဝှက်သော ညီအစ်မများ (၂၀၂၅)ကဲ အကုန်လုံးစောင့်မျှော်နေကြတဲ့ စောင့်ရကျိုးနပ်မယ့် Mystery, thriller , Drama အချိုးကျကျနဲ့ မင်းသား၊မင်းသမီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ခုကို GMM ကနေ ဒီနေ့မှ စတင်ပြီး ပြသတော့မှာပဲ ဖြစ်ပါတယ်။ညီအစ်မ လေးယောက်ရှိပေမယ့် အဖေ့အချစ်ဆုံး အဖေ့ အမွေအများဆုံးရထားတဲ့ အငယ်ဆုံး သမီးလေး အပန်းဖြေအိမ်ရဲ့ အမြင့်ဆုံးထပ်ကနေ ပြုတ်ကျပြီး ခန္ဓာကိုယ်က ချက်ချင်း ပျောက်သွားသောအခါ..အဲဒီညက အတူတူရှိနေခဲ့တဲ့ သူ့အစ်မ သုံးယောက်ကို သံသယဝင်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့အခါမှာဝောာ့ ..နောက်ဆုံး သူတို့သုံးယောက်ပဲ အချင်းချင်းယုံကြည်ဖို့ ကြိုးစားကြပြီး ငယ်ငယ်တုန်းက နေတဲ့အိမ်ကို ပြောင်း သူတို့ညီမ ပျောက်ဆုံးမှု နောက်ကွယ်က အကြောင်းအရာကို ရှာဖွေကြတဲ့အခါ..တူတူပုန်းတမ်းဆော့နေတဲ့ ညီမငယ်လေးကို ရှာတွေ့သွားမလား ? ဘာလို့ ညီမလေးက အကွက်ကျကျ စီစဉ်ပြီး သူတို့လက်ထဲ‌ကနေ ပြေးနေရတာလဲဆိုတာတွေကို ပဟေဠိပေါင်းများစွာနဲ့ ကြည့်ရှုသွားကြရမှာပါ။အညွှန်းကိုတော့ Firefly က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...

Hide & Sis (2025)

2025
Boys in Love (2025)
Boys in Love (2025) အချစ်ရဲ့ကျောင်းသားလေးများ (၂၀၂၅)အထက်တန်းဒုတိယနှစ်ပြီးလို့ နောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့ ချင်န် ကတော့ စာရော အားကစားမှာရောပါ ထူးချွန်ထက်မြက်တဲ့သူတစ်ယောက် ..... အချစ်ဆိုတာကို ချင်န် တစ်ယောက်ကိုယ်တိုင်မခံစားဖူး‌သေးတော့ သူ့ရဲ့ဘဝမှာအချစ်ဟာ အရေးမပါတဲ့ အချိန်ဖြုန်းမှုသက်သက်ပဲလို့မှတ်ယူထားတဲ့သူလေးပေါ့ကီ ကတော့ အတန်းထဲမှာ ဘိတ်ချေးလေးစာဂျပိုး ချင်န် တစ်ယောက် ဘိတ်ချေးလေး ကီ ကို စာပြပေးဖို့ အကြောင်းဖန်လာတဲ့အခါ စာကလွဲပြီးကျန်တာစိတ်မဝင်စားတတ်တဲ့ ချင်န်ကို ကီတစ်ယောက်ပြောင်းလဲပေးလိုက်ပြီး ဘယ်လိုရင်ခုန်စရာကိစ္စလေးတွေ သူတို့နှစ်ယောက်ကြား ပေါ်လာမလဲအသည်းခွဲဘုရင်မဟုတ်ဘဲ အသည်းကွဲဘုရင်လေးဖြစ်တဲ့ ကင်မ်လေးကတော့ လက်ချိုးရေလို့မနိုင်အောင်ပင် ကွဲပြီးရင်းကွဲနေပေမဲ့လည်း အထက်တန်းမပြီးခင်ရည်းစားလေးတစ်ယောက်တော့ ထားရမှာပဲဆိုပြီး ရည်ရွယ်ချက်ထားထားတဲ့သူလေးပေါ့ဒါနဲ့ ကျောင်းပြောင်းလာတဲ့ကျောင်းသားသစ်လေးဖြစ်တဲ့ မွန်း ကို ကြွေသွားတဲ့ ကင်မ်ကတော့  မွန်းကို ကြူးဖို့ ခြေလှမ်းစပါတော့တယ်ကင်မ်ရဲ့ဒီတစ်ခေါက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲ ကျောင်းတက်ရင်းရည်းစားထားရတဲ့ ခံစားချက်‌လေးကို ခံစားကြည့်ရမှာပါအညွှန်းကိုတော့ KHHZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ KHHZ, Trady,Dao Phyo, Mary တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama, School Quality…. 1080p WEB-DL | 720p WEB-DL File ...

Boys in Love (2025)

2025
I Love “A Lot of” You (2025)
I Love “A Lot of” You (2025) အချစ်ရဲ့ ကိုယ်ပွာလေးများ (၂၀၂၅)ဒီကားလေးထဲမှာတော့ Sun အဖြစ် Nanon Korapat Sairung အဖြစ် Mind Atitaya တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း…ပုံမှန်ချစ်သူစုံတွဲတွေမှာ ကောင်မလေးက စိတ်နှစ်ခွနဲ့ မတူညီတဲ့အခြမ်းတွေရှိတတ်ကြပါတယ်ဒါပေမဲ့ Sairung ဆိုတဲ့ကောင်မလေးမှာတော့ Personality 5ခု ရှိနေပါတယ်.... သမီးတစ်ယောက်တည်းရှိပေမဲ့ Personality 5ခု ရှိနေတာကြောင့် သမီး ၅ ကောင် နွား၅ထောင် ဖြစ်နေရှာတဲ့ Sairung ရဲ့အဖေက အစီအစဥ်တစ်ခုဆွဲလိုက်ပါတော့တယ်...Sunလို့ခေါ်တဲ့ကောင်လေးကို သမီးဖြစ်သူSairung ရဲ့ Personality 5ခုလုံးနဲ့ ချစ်ကြိုက်မိသွားအောင်လုပ်ဖို့ပဲဖြစ်ပါတယ်.... ချစ်စရာကောင်းပြီးတက်ကြွတဲ့ Fahsai သန်မာပြီးအားကစားလုပ်ရတာကြိုက်တဲ့ Storm အူကြောင်ကြောင်လေးနဲ့အနေအေးတဲ့ Praifon Sexyကျပြီး လှပတဲ့ Sairungနဲ့ Bussiness womenလေးဖြစ်ပြီး Sunကိုလုံးဝကြည့်မရတဲ့ Manmok....ဒီPersonalities 5ခုကို Sun ဘယ်လိုတွေစိတ်ယိုင်လာပြီးချစ်ကြိုက်သွားအောင်လုပ်မလဲ Sairung ကရော Sun ကို ပြန်ချစ်လာမှာလားဆိုတာ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်...အညွှန်းကိုတော့ Chariya က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Chariya, Trady, Char Ou, Mary တို့ပဲ ...

I Love “A Lot of” You (2025)

2025
Memoir of Rati (2025)
Memoir of Rati (2025) ချစ်ရသူရဲ့ ဘဝမှတ်တမ်း (၂၀၂၅)Wanndee Goodday နဲ့အားလုံးရဲ့အသည်းကိုသိမ်းပိုက်သွားတဲ့ GreatInn က နောက်ဆုံးတော့ comeback series နဲ့ ပရိသတ်တွေအားလုံးရဲ့အရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ We are မှာပရိသတ်အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့တဲ့ Aouboom ကလဲ side couple အဖြစ်နဲ့ပါဝင်ထားပါသေးတယ်။ထိုင်းဗုဒ္ဓဘာသာနှစ် ၂၄၅၈ခုနှစ် (ခရစ်နှစ် ၁၉၅၁ခုနှစ်) ပထမကမ္ဘာစစ်ကာလကိုနောက်ခံထားပြီး ပြင်သစ်သံအမတ်ကြီးရဲ့စကားပြန်အဖြစ်ဆောင်ရွက်ပေးရတဲ့ မိဘမဲ့ကောင်လေးရာတီနဲ့ ပညာရေးရုံးကမြို့စားမင်းထီတို့ကြားထဲမှာပေါက်ဖွားလာတဲ့ အချစ် ဇာတ်လမ်းလေးကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။အငြင်းပွားမှုတွေ အားပြိုင်မှုတွေကြားက ပေါ်ပေါက်လာခဲ့တဲ့ အချစ်ရေးမှာ ဘာအခက်ခဲတွေကြုံတွေ့ရမလဲ။ မတိုးတက်သေးတဲ့ခေတ်အခြေနေမှာ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုမျိုးဖွင့်ဟရှေ့ဆက်ကြမှာလဲဆိုတာကို ရင်ခုန်ဝမ်းနည်းစွာနဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒက်နဲ့မက်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကနေ အဆင့်တက်လာပုံတွေကိုလဲတွေ့မြင်ရဦးမှာပါ။ ပုံမှန်တွေနေကျ ဒီနေ့ခေတ် bl တွေထဲကရုန်းထွက်လာတဲ့ GMMTV ရဲ့ပထမဆုံး ရှေးခတ် bl ဇာတ်လမ်းနဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ GreatInn တို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို CM နဲ့အတူ သောကြာနေ့ညတိုင်းစောင့်မျှော်ကြည့်ရှုကြပါဦးနော် ။အညွှန်းကိုတော့ Trady က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, Dao, Trady တို့ပဲ ဖြစ်ပါတယ်Genre.....BL, Drama, ...

Memoir of Rati (2025)

2025
Break Up Service (2025) Complete
Break Up Service (2025) Complete ပြတ်စဲရေး ဝန်ဆောင်မှု (၂၀၂၅)GMM papa ကိုကိုOffရဲ့ သောက်ညင်ကပ်စရာကာရိုက်တာနဲ့ ပြတ်စဲရေးဝန်ဆောင်မှုဆိုတဲ့ကားလေး ဒီနေ့မှာ ထွက်ရှိလို့လာပါပြီ။ဖေOffအတွက် ထုတ်ထားတဲ့ဇာတ်လမ်းအလားမှတ်ရအောင် မျက်နှာပြောင်တိုက် sarcasm အပြည့်character နဲ့ပွဲထွက်လာမှာဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။ငါးနှစ်အရွယ်ထဲက အဖေအမေပါမရှောင် အတွဲတွေလိုက်ဖြတ်ရတာကြိုက်တဲ့ ဘော့တစ်ယောက် ကြီးလာတော့လည်း ငယ်ကတည်းကဇကမသေးတာမလို့ ပြတ်စဲရေးဝန်ဆောင်မှုအေဂျင်စီမှာ တွဲဖက်တည်ထောင်သူအဖြစ် ကမ်းလှမ်းခံရတဲ့အထိပါပဲ။ဒီလိုနဲ့တစ်နေ့ ဒီလိုအလုပ်ကနေထွက်ပြီး ချစ်သူလေးနဲ့ ဘဝကိုပျော်မွေ့တော့မယ်ဆိုပြီး တရားပေါက်လုဆဲဆဲမှာ ဂျုဆိုတဲ့ကောင်မလေးစနက်နဲ့ ဝဋ်လည်ပြီး ရည်းစားနဲ့ပြတ်သွားပါတော့တယ်။ဒီလိုရေစက်ဆိုးနဲ့ဆုံခဲ့ရတဲ့ဂျုတစ်ယောက် ဘော့တို့အေဂျင်စီမှာ အလုပ်လာလျှောက်ရင်း ဘော့နဲ့တွေ့ဖို့ဖြစ်လာချိန်မှာတော့...အချစ်ဆိုတာ ထိရှလွယ်တယ် ဆက်ဆံရေးဆိုတာမတည်မြဲဘူးဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဘော့နဲ့ မသိစိတ်ရဲ့တစ်နေရာမှာအချစ်ကိုယုံကြည်ချင်သေးတဲ့ဂျုတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Dao, Kim တို့ပဲ ဖြစ်ပါတယ်Genre..... Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 500MB | 200MB Format… mp4 Duration….40min Subtitle…. Myanmar Subtitle ...

Break Up Service (2025) Complete

2025
Sweet Tooth, Good Dentist (2025) Complete
Sweet Tooth, Good Dentist (2025) Complete ဒေါက်တာကိုကိုရဲ့ ဖိုးပြုံးချို (၂၀၂၅)GMM part2 ရဲ့ အမျှော်ရဆုံး BL seriesထဲကတစ်ခုဖြစ်တဲ့ Mark-Ohm CPရဲ့ ဒေါက်တာကိုကိုရဲ့ ဖိုးပြုံးချိုဒီတစ်ခါမှာတော့ Mark fanတွေက official CP ရဖို့အထိ မျှော်လင့်ထားတဲ့ကားလေးလည်းဖြစ်တော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။Snack review channel ထောင်ထားတဲ့ YouTuber Influencerလေးဆန့်ဟာ တကယ်တော့ စီးပွားရေးမပြေလည်လို့ ရုန်းကန်နေရတဲ့ တက္ကသိုလ်ကျောင်းသားလေးပေါ့။ ညဘက်ချန်နယ်မှာ လိုက်ဖ်လွှင့်တာအပြင် နေ့ဘက်မှာ ကျူရှင်ပြစားတာကစလို့ အချိန်ပိုင်းအလုပ် အကုန်လက်ခံရတဲ့ ဘဝသမားလေးပါ။ဒီလိုနဲ့ တစ်နေ့မှာ ထူးထူးဆန်းဆန်းအလုပ်တစ်ခုကို လက်ခံမိရာကနေ ‌ထူးဆန်းတဲ့ ဂျေဆိုတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ဆုံမိခဲ့ပါသတဲ့။ နောက်တစ်ခါပြန်မတွေ့ချင်လောက်တဲ့ဖူးစာမျိုးဆိုပေမဲ့ အချိုကြိုက်တဲ့ဂျေတစ်ယောက် သွားပြဿနာပေါ်လို့ ဈေးသက်သက်သာသာနဲ့ သွားလုပ်ဖို့ သွားဆေးဌာနကိုအလာ ဂျေနဲ့ထပ်မံဆုံတွေ့ချိန်မှာတော့... အချိုကြိုက်တဲ့ ဖိုးပြုံးချိုကောင်လေးနဲ့ သွားဆရာဝန်ဒေါက်တာကိုကိုတို့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုရှေ့ဆက်ကြမလဲ ရှုစားကြပါဦးအညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Trady, Dao, Char Ou, Mary တို့ပဲ ဖြစ်ပါတယ်Genre..... BL, ...

Sweet Tooth, Good Dentist (2025) Complete

2025
My Golden Blood (2025) [Complete] 7.8
My Golden Blood (2025) [Complete] My Golden Blood (2025)အသက်ဆက်သွေး (၂၀၂၅)***********************အပိုင်း (၁ မှ ၁၂) စ/ဆုံးအခုတစ်ခါမှာ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးသွားမဲ့ စီးရီးလေးကတော့ သာမန် BL ဇာတ်လမ်းတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ ဇာတ်အိမ်ဖြစ်တဲ့ လူသားကောင်လေးတစ်ယောက်နဲ့ ဗန်ပိုင်းယားတို့ကြားက အချစ်ဇာတ်လမ်းကိုပုံဖော်ထားတဲ့ BLဇာတ်လမ်းလေးပါ။ဇာတ်ဆောင်တွေအနေနဲ့ကတော့ Not Me စီးရီး Be My Favourite တို့ထဲမှာ ပါဝင်ခဲ့တဲ့ Fluke Gawin Caskeyနဲ့ Joss Way-ar Sangngern တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်း **************အသက် ၂၀ အရွယ် တုန်(Tong)ဆိုတဲ့ကောင်လေးဟာ .. ဗန်ပိုင်းယားတွေ မငြင်းဆန်နိုင်လောက်အောင် ရှားပါးအစွမ်းထက်တဲ့ သွေးအမျိုးအစားကို ပိုင်ဆိုင်ထားသူပါ။သူ့ပတ်ဝန်းကျင်က လူတိုင်းကတော့ သူ့မှာ Hemophilia(မူမမှန်သွေးထွက်ခြင်း)ရောဂါရှိတယ်လို့ ပြောကြပြီး သွေးထွက်နိုင်တဲ့ ဘယ်အရာကိုမဆို ရှောင်ဖို့ သတိပေးကြပါတယ်။ ဒါပေမဲ့ တုန်ဟာ အဲဒီ စည်းမျဉ်းကို ချိုးဖောက်မိပြီး မိဘမဲ့ဂေဟာမှာတူတူနေခဲ့ဖူးတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း တုန်ကလာ (Tonkla)အစား ပွဲတစ်ခုမှာ ...
7.8
TMDb: 7.8/10 376 votes
tv

My Golden Blood (2025) [Complete]

2025
Perfect 10 Liners (2024) Complete
Perfect 10 Liners (2024) Complete ဒိတ်ဒိတ်ကြဲတို့ရဲ့ ရွှေဖူးစာ (၂၀၂၄)ကဲ စင်းလုံးချော သောက်ချောကြီးများ အဖွဲ့ [ Perfect 10 liners] ကို ကြည့်ရင်း သောက်ချောကြီး ဖြစ်လို့ရပါပြီနော်။ ထိုင်းတက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း ပထမနှစ်‌ကျောင်းသားတွေက အကြံပေး စီနီယာကို မဲနှိုက်ရွေးချယ်ကြရလေ့ရှိပါတယ်။ နှစ်တိုင်း အဲ့နံပါတ် တစ်ခုကို နှိုက်မိတဲ့ လူတွေက အတွဲညီတဲ့ အဖွဲ့ဖြစ်လာခဲ့ပါတယ်။အန်း တစ်ယောက် လူတိုင်းဝင်ချင်နေကြတဲ့ " စင်းလုံးချော သောက်ချောကြီးများ " အဖွဲ့ကို မဲကျခဲ့ပါတော့တယ်။ နောက်နှစ်မှာလည်း ခပ်ချေချေ ယိုထာ သူတို့အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယိုထာ့ဂျူနီယာ ဝိုင်ကလည်း သူတို့အဖွဲ့ဝင်ဖြစ်လာပါတယ်။သူတို့ကိုယ်သူတို့ ပြည့်စုံထူးခြားတယ်လို့ ခံယူထားကြတဲ့ သူတို့ အဖွဲ့ တက္ကသိုလ်မှာ ဘယ်လိုတွေဂယက်ထကြမလဲ.. ? ဒရမ်မာတွေ မပါဘဲ ပေါ့ပေါ့ပါးပါး ဟာသကားလေးမို့ ပျော်ပျော်ပါးပါး ကြည့်ကြရမှာပါနော်။ နောက်ပြီးတော့ GMM ထုံးစံကားတွေလို မဟုတ်ဘဲ အတွဲက သုံးတွဲ ( ForceBook , PerthSenta, ...

Perfect 10 Liners (2024) Complete

2024
Us (2025) [Complete] 7.7
Us (2025) [Complete] နှလုံးသား ပန်းတိုင် (၂၀၂၅) **********************အပိုင်း (၁ မှ ၁၂) စ/ဆုံးGMM 2024 မှာ စပြီးမိတ်ဆက်ခဲ့တဲ့ GMMtv ရဲ့ တတိယမြောက် GL seriesလည်းဖြစ် new GL CP သစ် Emi-Bonnie ရဲ့ Us the series လေး  ပရိသတ်တို့ ရှေ့မှောက်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။Pluto ပြီးသွားလို့ စနေညတွေမှ အထီးကျန်နေတဲ့ အချော်တို့လည်း 2025 ရဲ့ GL journeyသစ်လေးကို Us လေးနဲ့ပဲ စပြီး‌တော့ လျှောက်လှမ်းလိုက်ကြပါစို့လား။အထက်တန်းအပြီးမှာ ရည်မှန်းချက်ပျောက်နေတဲ့ ဒေါရတ်တစ်ယောက် ကိုယ့်ရဲ့လိုရာပန်းတိုင်ကို ရှာမယ်ဆိုပြီး ကျောင်းတစ်နှစ်နားလိုက်ပါတယ်။ ဒါပေမဲ့ သူရှာတွေ့သွားတာကတော့ ရည်မှန်းချက်ပန်းတိုင်မဟုတ်ဘဲ နှလုံးသားပန်းတိုင်ဖြစ်နေပါသတဲ့။ဘာလို့လဲဆိုတော့ သူအချိန်ပိုင်းလုပ်နေကျ ကော်ဖီဆိုင်ကိုလာပြီး စာအုပ်ဖတ်နေကျ သွားဆရာဝန်မလေးပမ်ကို တိတ်တခိုး ချစ်မိသွားခဲ့လို့ပါ။ဘယ်လောက်ထိ အချစ်ရူးရူးလဲဆိုတော့ သွားဆရာဝန်မလေးနဲ့ တွေ့ရဖို့ သကြားလုံးတွေကို ရူးရူးမိုက်မိုက်စားပြီး သွားပိုးစားခံတဲ့အထိပါပဲ။ဒါပေမဲ့ မိန်းကလေးချင်းမို့လို့ ခံစားချက်ကိုဖွင့်ဟဖို့ မဝံ့မရဲဖြစ်နေတုန်း ဒေါ့ရတ်ရဲ့ အချစ်ဦး သည်းဦးပန်းလေးကို ...
7.7
TMDb: 7.7/10 263 votes
tv

Us (2025) [Complete]

2025
Ossan’s Love Thailand (2025)
Ossan’s Love Thailand (2025) ကိုလူပျိုရဲ့ ချစ်ဒုက္ခ (၂၀၂၅)GMM hardcoreဖန်တိုင်းရဲ့ အချစ်တော် Legendary Earth-Mixxရဲ့ 2025comeback blကားလေးဖြစ်တဲ့ "ကိုလူပျိုရဲ့ ချစ်ဒုက္ခ"အလုပ်မှာလည်း အဆင်မပြေလှ တစ်နှစ်ကျော်ခွက်လာခဲ့တဲ့ ညီမလေးကလည်း လင်ရသွားလို့ ငှက်ပျောတုံးနဲ့ညားတော့မယ့် ဟိန်တစ်ယောက်ကို ရုတ်တရက် သူ့ရဲ့အထက်လူကြီးဖြစ်သူ ​နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အခန်းဖော်လည်းဖြစ်တဲ့ မိုမိုဆိုတဲ့ကောင်လေးနဲ့က သူ့ကို တစ်ရက်တည်း တစ်ညတည်းမှာပဲ ဖွင့်ပြောတာခံရတဲ့အခါ...အချစ်မှာကံမကောင်းတတ်တဲ့ဟိန်လေးတစ်ယောက် စန်းထပွင့်ချင်တော့လည်း သူ့ရဲ့ဘော့စ်နဲ့လုပ်ဖော်ကိုင်ဖက်တို့ရဲ့သုံးပွင့်ဆိုင်အချစ်နဲ့တွေ့ကြုံရတဲ့အခါ ဘယ်လိုတွေ ရိုမန့်တစ်ဆန်ကြပြီး ဘယ်လိုပြိုင်ဆိုင်ကြမလဲဆိုတာကိုတွေ့ရမလဲဆိုတာကတော့....Blကားတွေကိုလက်လွတ်မခံကြည့်ကြတဲ့သူတိုင်းရဲ့အသဲစွဲ earnနဲ့mixတို့ကဂျပန်bl versionလေးကို ဘယ်လိုကွဲထွက်အောင်ရိုက်ထားမလဲဆိုဝာာကို သိချင်ရင် ရို့မန့် ဟာသကားလေးကိုကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ KHHZ က ​ရေးထားပေးပြီးတော့ ဘာသာြပန်ထားတာကတော့ Mary, Dao, KHHZ, Trady, Khatter, Adam တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 300MB Format… mp4 Duration…. 40min Episodes..... 12 ...

Ossan’s Love Thailand (2025)

2025
ThamePo – Heart That Skips a Beat (2024)
ThamePo – Heart That Skips a Beat (2024) စည်းချက်ကျော်သွားတဲ့ နှလုံးသား (၂၀၂၄)Thai pop idol လောကရဲ့ T-pop idol ကိုယ်တိုင် ပါဝင်သရုပ်‌ဆောင်သွားမယ် LYKN member Williamပါဝင်အားဖြည့်သွားမယ့် စည်းချက်‌‌ကျော်သွားတဲ့နှလုံးသားတွဲဖက်လေးက‌တော့ သူငယ်ဂျင်းလေးပါပဲဆိုတဲ့ Sky Nani စီးရီးမှာရော ဘိုင်ဖန်းရဲ့ အလှတရားတစ်ခုမွေးထွားခြင်းလို နာမည်ရကားတွေထဲမှာ Supporting ပါနေကြ Est Suphaလေးဆိုတော့ နှစ်ကုန်လေးအမီအဆင်ငမ်းမယ့်သူတွေ stay tuned ပါလို့။Idolလောကဆိုတာ အောင်မြင်ချိန်ရောက်တဲ့အခါ သူတို့ရဲ့နာမည်ကြီးတာတွေ ငွေဝင်လမ်းတွေပဲမြင်ပြီး လူတိုင်းအားကျနေကြပေမဲ့ Idolတစ်ယောက်ရဲ့ပေးဆပ်မှုတွေ Struggle တွေ လူတွေကိုချပြမရတဲ့ idolလောကရဲ့ပြဿနာတွေ အဖွဲ့ဝင်တွေကြားပြဿနာတွေ အစရှိသဖြင့် ပြဿနာအဖုံဖုံနဲ့ မွန်းကြပ်မှုတွေကိုတော့ မမြင်ကုပါဘူး။ ဒီပြဿနာတွေအားလုံးထဲမှာမှ ပရိသတ်အတွက်ရော Idolအတွက်ပါ မကြားချင်ဆုံးအရာကတော့ "Disband" ဆိုတဲ့ စကားလုံးပါ။ အခု ဒီလိုပြဿနာတွေကို ကြုံနေရတာကတော့ Oner entertainment လက်အောက်က အအောင်မြင်ဆုံးအဖွဲ့MARSပါပဲ။အဖွဲ့ကွဲရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ MARSရဲ့အဖွဲ့ခေါင်းဆောင်ထမ်တစ်ယောက် Korea entertainment ...

ThamePo – Heart That Skips a Beat (2024)

2024
Hormones Season 2 (2014) 7.8
Hormones Season 2 (2014) Hormones Season 2 (2014)*************************အပိုင်း (၁ မှ ၁၃) စ/ဆုံးဟော်မုန်းလို့ပြောလိုက်ရင်တော့ Netflix ကနေ Season ၃ ခုအထိ ထွက်ရှိခဲ့တဲ့...Old but Gold ထိုင်းစီးရီးလေးတွေဆိုတာ တော်တော်များများသိကြမယ် ထင်ပါတယ်။ဒီတစ်ခေါက် S2 မှာတော့ S1ထက် ဇာတ်ကောင်တွေလည်း ပိုများလာပြီး စိန်ခေါ်မှုတွေနဲ့လူမှုရေးကိစ္စတွေ များစွာ ပါဝင်လာပါတယ်။ ဇာတ်ကောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ...Love Struck လို့ခေါ်တဲ့ တီဗီစီးရီးတစ်ခုက လူငယ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။အဲဒီစီးရီးမှာကျောင်းဝတ်စုံတွေနဲ့ ၁၈+အခန်းတွေပါ ရိုက်ပြထားတဲ့အတွက် စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်တော်တော်များများဟာ ဇာတ်ကားထဲကအတိုင်း လက်တည့်လိုက်စမ်းချင်နေကြတဲ့အထိပါပဲ။ဒီတီဗီစီးရီးကြောင့်နဲ့ ဘယ်လိုတွေ ဂယက်ထလာမလဲ .........နောက်ထပ်ရော ဘယ်လိုပြဿနာတွေ ဘယ်လို ရှုပ်ထွေးမှုတွေ ပါလာဦးမလဲ..... ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးနော် ..S1မှာ ညွှန်းခဲ့တဲ့အတိုင်းပါပဲ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ပညာပေးစီးရီးဖြစ်တာကြောင့် Team Drama ကြိုက်တဲ့ ...
7.8
TMDb: 7.8/10 1641 votes
tv

Hormones Season 2 (2014)

2013
The Heart Killers (2024) [Complete] 7.7
The Heart Killers (2024) [Complete] The Heart Killers (2024)ချစ်လူဆိုး (၂၀၂၄)***************************အပိုင်း (၁ မှ ၁၂) စ/ဆုံးGMM 2024ရဲ့ ဖူဂျိုမမတို့ အမျှော်လင့်ရဆုံး BLစီးရီးဖြစ်တဲ့ Heart killers ကတော့ ကြေညာပြီးတစ်နှစ်အကြာမှာ ကိုယ်ထင်ပြလာခဲ့ပါပြီ။ castအနေနဲ့ကတော့ GMMရဲ့ နာမည်ကြီး CPတွေဖြစ်တဲ့ Joong-Dunkနဲ့ First-Khao အပြိုင်ကြဲမှာဖြစ်ပြီး အက်ရှင်ရိုမန့်စ်နဲ့ ပွဲထွက်လာတာဖြစ်လို့ ပရိသတ်တွေမျှော်လင့်သလို flopတွေကြားက top ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ကန့်ဆိုတဲ့ကောင်လေးက အများအမြင်မှာတော့ တက်တူးဆိုင်ပိုင်ရှင်ပဲဆိုပေမဲ့ တကယ်တမ်းကျတော့ ရဲဘက်သတင်းပေးလုပ်ဖို့ အကြပ်ကိုင်ခံထားရတဲ့ ကောင်ဇိုးလေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့ ကြေးစားညီအစ်ကိုနှစ်ယောက်ကို ထောက်လှမ်းရမယ်လို့ တာဝန်ပေးခံရပြီး ညီအစ်ကိုနှစ်ယောက်ထဲကတစ်ယောက်က သူနဲ့ တစ်ညတာ ဇာတ်လမ်းရှိခဲ့ဖူးတဲ့ ဘိုင်ဆွန်ဖြစ်နေပါသတဲ့။ဒီလိုနဲ့ ဘိုင်ဆွန်ကိုချဉ်းကပ်ဖို့ကြိုးစားပေမဲ့ လူတွေကိုမယုံတတ်တဲ့ ဘိုင်ဆွန်ရဲ့အစ်ကို ဖာဒယ်က ကန့်လန့်ခံနေပြန်တော့ ဖာဒယ်ကိုဖယ်ထုတ်ပေးဖို့ သူ့ရဲ့သူငယ်ချင်းစတိုင်ကို မက်လုံးပေးပြီး ချဉ်းကပ်ရေးပလန်ကို စတင်အကောင်အထည်ဖော်ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားရမှာပါ။အက်ရှင်လည်းကြမ်းသလို အချစ်ကြမ်းကြမှာဆိုတော့ .. စောင်ကိုက်ရင်းရှုစားချင်သူတွေအကြိုက်တွေ့မှာဖြစ်လို့ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားပေးထားပါတယ်) Episodes: 12 Aired: Nov 20, 2024 ...
7.7
TMDb: 7.7/10 497 votes
tv

The Heart Killers (2024) [Complete]

2024
Fourever You (2024)
Fourever You (2024) မင်းအတွက် ထာဝရ (၂၀၂၄)Love by chanceနဲ့ My only 12% ထဲကမင်းသား Earth နဲ့ 2Moons ထဲက Bas တို့ CP အတွဲကိုယ်စီနဲ့ အပြိုင်ကြဲမယ့် တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းတော်ကြီးအလွမ်းပြေလေးကိုမှ အဆင်တစ်သိုက်ကိုရှုစားရမှာဖြစ်လို့ ဖူဂျိုမမတွေရဲ့ ရွှေရင်အေးလေးဖြစ်စေမှာပါ။အီစတာတစ်ယောက် ပထမနှစ်တက်ရတော့မယ်ဆိုတော့ အိမ်နဲ့နီးနီးနားနားမရွေးဘဲ တဝေးတလံက မြောက်ပိုင်းက တက္ကသိုလ်ကိုရွေးချယ်ပါသတဲ့။ အကြောင်းကတော့ သူ့ရဲ့ချစ်သူ ဟီရူ နဲ့ သူနဲ့ကြားက မရေရာမသေချာတဲ့ဆက်ဆံရေးကြောင့် ထရော်မာရပြီး ဟီရူရဲ့အရိပ်တွေမရှိတဲ့ အဝေးဆုံးကိုထွက်လာခဲ့တာပါ။ အဲဒီမှာ အဆောင်မှာတစ်ခန်းတည်းတွေ့ရသူကတော့ နော့ဆိုတဲ့ကောင်လေးပါပဲ။ ဒီလိုနဲ့ တကယ်တမ်းကျောင်းစတက်တော့ တာရှောင်နေတဲ့exနဲ့မှ တန်းတွေ့တဲ့အဖြစ်နဲ့ကြုံပြီး နော့တစ်ယောက်ကလည်း ကျောင်းကဘတ်ဘွိုင်းလေးနဲ့ ဇာတ်ရှုပ်လေးတွေ ဖြစ်ထားမိတဲ့အခါမှာ ဘာတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Fireflyy တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | ...

Fourever You (2024)

2024
Pluto (2024)
Pluto (2024) ပလူတို (၂၀၂၄)စ/ဆုံးအိုင်အွန်း / အုပ်အွန်းမ် အဖြစ် Namtam tipnaree မေ မေထာဝီ အဖြစ် Film Rachanunအိုင်အွန်းနဲ့ အုပ်အွန်းမ်တို့နှစ်ယောက်က ရုပ်ချင်းခွဲမရအောင်တူပေမဲ့ အမူအကျင့် အပြောအဆိုတွေက ကွဲပြားလွန်းလှတဲ့ အမြွှာညီအစ်မနှစ်ယောက်ဖြစ်ပါတယ် ငယ်ရွယ်စဉ်က အိုင်နဲ့ အွန်းမ်တို့ အချင်းချင်းနေရာလဲ ကျောင်းတက်ခဲ့ရာကနေ အိုင့်ကြောင့် အွန်းမ် အနိုင်ကျင့်ခံလာခဲ့ရတယ် ဒီအမှားကို ဘယ်အရာနဲ့မဆို ပြန်ပေးဆပ်မယ်လို့ အစ်မဖြစ်သူအိုင်က အွန်းမ်ကို ကတိပေးခဲ့မိပါတယ်အရွယ်ရောက်လာပြီး အွန်းမ်တစ်ယောက် လူရည်မွန်သူဌေးလေး ဖောနဲ့ လက်ထပ်ခဲ့ရပေမဲ့ အစ်မဖြစ်သူအိုင်ကို ပွဲနောက်ခေါ်တွေ့ကာ သူရဲ့ နောက်ထပ်ချစ်သူကို သူ့အစားဟန်ဆောင် လမ်းခွဲပေးဖို့ ငယ်ဘဝက ကတိနဲ့ အကြပ်ကိုင်ခဲ့ပါတယ်ဒီလိုနဲ့ အပြန်လမ်းမှာ အွန်းမ်နဲ့ ဖောတို့ ကားမတော်တဆဖြစ်ပြီး အွန်းမ် သတိမလည်လာခဲ့ရာက အိုင်တစ်ယောက် ညီမဖြစ်သူအွန်းမ်ကို ပေးခဲ့တဲကတိတွေ တည်အောင် ကြိုးစားပေးပါတော့တယ် လမ်းခွဲပေးဖို့ ကြိုးစားရင်း ညီမဖြစ်သူ အွန်းမ်ရဲ့ နောက်ချစ်သူက “မေ” ဆိုတဲ့ မိန်းကလေးဖြစ်နေတဲ့အခါ အိုင်တစ်ယောက် အွန်းမ်ရဲ့ မတော်တဆမှုရဲ့ ကြိုးက်ိုင်သူဟာ ...

Pluto (2024)

2024
Hormones Season 1 (2013) 7.7
Hormones Season 1 (2013) Hormones S1 (2013) ******************စ/ဆုံးဟော်မုန်းလို့ပြောလိုက်ရင်တော့ Netflix ကနေ Season ၃ ခုအထိ ထွက်ရှိခဲ့တဲ့...Old but Gold ထိုင်းစီးရီးလေးတွေဆိုတာ တော်တော်များများသိကြမယ်ထင်ပါတယ်။အခု ဟော်မုန်းရဲ့ ပထမဆုံး season လေးကို CM က ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားတဲ့ Spare Me Your Mercy က...P'Tor နဲ့အတူ အခြားနာမည်ကြီး မင်းသားမင်းသမီးများစွာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဟော်မုန်းဇာတ်လမ်းတွဲထဲမှာ ဆယ်ကျော်သက်တွေ ကြုံတွေ့ရတဲ့ ရင်ခုန်တတ်စအရွယ်အချစ်ရေး...သူငယ်ချင်းသံယောဇဉ် မိသားစုအရေးနဲ့ ကြီးပြင်းလာချိန် ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကို ရှုပ်ထွေးလာပုံအမျိုးမျိုးကို...အသားပေးဖော်ပြထားပါတယ်။ ကာရိုက်တာတစ်ခုချင်းစီတိုင်းကလည်း လက်တွေ့ဆန်ပြီး...လူငယ်တွေရဲ့ ဒွိဟတွေအကြောင်းကို ထိထိမိမိရိုက်ကူးပုံဖော်ထားတဲ့ ပညာပေးဇာတ်ကားလေးဖြစ်တာကြောင့်...Teen Dramaကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။Drama: Hormones Genres: Romance, Youth, Drama Country: Thailand Episodes: 13 Aired: May 18, 2013 - Aug 17, 2013 Aired On: Saturday Original ...
7.7
TMDb: 7.7/10 15 votes
tv

Hormones Season 1 (2013)

2013
Love Senior the Series (2023)
Love Senior the Series (2023) စီနီယာ ... ညီမကို ချစ်နိုင်မလား (၂၀၂၃)မနောင်က အင်ဂျင်နီယာဌာနရဲ့ ပထမနှစ်ကျောင်းသူလေးဖြစ်ပြီး ကျောင်းထုံးစံအရ စီနီယာတွေရဲ့လက်မှတ်ကိုစုံအောင်တောင်းရပါတော့တယ်စီနီယာတိုင်းကို လိုက်မတောင်းဆိုချင်တဲ့ မနောင်တစ်ယောက် ဘယ်နှစ်ကမဆို ခေါင်းဆောင်စီနီယာရဲ့လက်မှတ်တစ်ခုရရင်ရပြီဆိုတဲ့ အပြောကြောင့် ဒု တိယနှစ်စီနီယာခေါင်းဆောင် ကရို့ဆီက လက်မှတ်ကို လာတောင်းပါတော့တယ်ကရိုကလည်း လက်မှတ်လိုချင်ရင် မေဂျာကိုယ်စားပြုပြိုင်ပွဲကို ဝင်ပြိုင်ပေးရမယ်လို့ ကမ်းလှမ်းရာက ပြိုင်ပွဲအတွက်ပြင်ဆင်ရင်း ချစ်စရာမိန်းကလေးနှစ်ယောက်ကြား အရောင်ဆိုးသံယောဇဥ်တွေဖြစ်တည်လာပါတော့တယ်ကရိုနဲ့နှစ်တူ စီနီယာဖြစ်သူ ဝရန်ကပါ ကရို့ကို သဘောကျနေခဲ့ပြီး စီနီယာ- ဂျူနီယာကြား အတားအဆီးလေးတွေ အထင်လွဲမှုလေးတွေ ရှိလာချိန်မှာတော့ ကရိုနဲ့မနောင်တို့အချစ်ရေး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ "စီနီယာ..ညီမကိုချစ်နိုင်မလား" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်။Genre..... GL, Romance Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 40min Episodes ..... 10 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue ...

Love Senior the Series (2023)

2023