Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amazon MX Player
Pyar Paisa Profit (2025)
Pyar Paisa Profit (2025) "အချစ်၊ ပိုက်ဆံ၊ အကျိုးအမြတ်" IMDb-7/10ဒူဂျွိုင်းဒတ်တာရဲ့ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Now That You're Rich, Let's Fall in Loveဆိုတဲ့ စာအုပ်ကို ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။လူငယ်လေးယောက်ရဲ့ အောင်မြင်မှုနောက်လိုက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ သူတို့တွေရဲ့ ဆက်နွယ်မှုတွေ၊ မိသားစုပြဿနာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုကြရမှာပါ။အိန္ဒိယရဲ့အအောင်မြင်ဆုံး ကုမ္ပဏီသုံးခုထဲက တစ်ခုဖြစ်တဲ့ Fusion Fundsကုမ္ပဏီကြီးမှာ ဝန်ထမ်းသစ်အနေနဲ့ စဝင်လာကြတဲ့ အဓိကဇာတ်ဆောင် လူငယ်လေးယောက်။ဇာတ်လိုက်ကျော် အာဘီဂျစ်ကတော့ ဆင်းရဲနိမ့်ကျတဲ့ အနှိမ်ခံဘ၀ကနေ လာခဲ့ရသူဖြစ်ပြီးအောင်မြင်ဖို့ ရည်မှန်းချက်ကြီးမားတဲ့သူ။ဂါရီမာကတော့ အလုပ်ကိုပဲ သည်းကြီးမည်းကြီးလုပ်နေကြတဲ့ မိဘဖြစ်သူတွေကိုမုန်းနေပြီး ကိုယ်တိုင်အစွမ်းအစနဲ့ အောင်မြင်ဖို့ကြိုးစားနေတဲ့သူ။ဆောရာ့ဗ်က ချမ်းသာတဲ့မိဘတွေရဲ့ နှိမ်တာကို မခံနိုင်ဘဲ ကုဒ်ရေးတာကိုစိတ်ဝင်စားပေမဲ့ ဘဏ်လုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေတဲ့သူ။ရှရူတီက နယ်မှာကျန်ခဲ့တဲ့ မိဘတွေရဲ့ လောင်းရိပ်ကမလွတ်နိုင်ဘဲ သူငယ်ချင်းတွေနဲ့အပြိုင်ကြိုးစားနေရသူ။ဒီလိုပဲ အောင်မြင်ဖို့ကြိုးစားနေကြတဲ့ သူတို့လေးယောက် ပိုက်ဆံဆိုတဲ့ တန်ခိုးကြီးတဲ့အရာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size ...
Pyar Paisa Profit (2025)
2025
Kill Dill – The Heartbreak Club (2025)
Kill Dill The Heartbreak Club S1 2025 အသည်းကွဲကလပ်လူဆိုတာ ဘယ်လောက်ပဲဖြူစင်တယ်ပြောပြော ဘယ်လောက်ပဲသန်မာပါတယ်ပြောပြော သူတိုမှာ လူသိမခံချင်တဲ့လျှိဝှက်ချက်တွေ အတိတ်တွေရှိကြတာပါပဲ။THC the heartbreak clubဆိုတဲ့ အသည်းကွဲကလပ်ကတော့ ဒီအချက်ကိုချနင်းရင်း လူတွေကို မင်းမူနေတဲ့ ကောလိပ်လျှိဝှက်အဖွဲအစည်းတစ်ခု...THCရဲ့ ဆောင်ပုဒ်ကတော့ အသည်းကွဲပြီး ပြိုလဲသွားခြင်းဟာ လူတစ်ယောက်ကို ပိုပြီးတော့ရင့်ကျက်သန်မာလာစေသတဲ့။ဒီလိုနဲ့ပဲ THCကို အထင်ကြီးကြတဲ့သူတွေလည်းများသလို ရွံကြောက်ကြတဲ့သူတွေလည်းအများသားပေါ့။အဲဒီထဲမှာတော့ အန်နာရာက THCကို အထင်ကြီးတဲ့သူထဲကပါ။ဒါပေမဲ့ တစ်နေ့ အန်နာရာတစ်ယောက် ရုတ်တရက် ကျောင်းမှာပျောက်ဆုံးသွားပါတော့တယ်။အားလုံးက အန်နာရာတစ်ယောက် သူ့ဆန္ဒနဲ့သူ ထွက်သွားတာလိုပြောကြပေမဲ့ အန်နာရာရဲ့ညီမကီရှာကတော့ ဒါကိုမယုံတဲ့အတွက် THCကိုလာစုံစမ်းရင်း တာဗစ်ရှ်ဆိုတဲ့ကောင်လေးနဲ့ တွေ့တဲ့အခါ.....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)File Size – 400 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 30minute (@Episode)Total Episodes: 10EpsSubtitle – Myanmar ...
Kill Dill – The Heartbreak Club (2025)
2025
Loot Kaand (2025)
Loot Kaand (2025) "လုယက်မှု" IMDb - 6.5/10ဘောလိ၀ုဒ်မင်းသမီး တန်ယာမာနစ်တာလာနဲ့ မင်းသားဆာဟေးလ်မယ်ထာတို အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ဟင်ဒီစကားပြော အိန္ဒိယဝက်ဘ်စီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ပူရူလီယာဆိုတဲ့ မြိုငယ်လေးက ကျောင်းတစ်ကျောင်းမှာ ဘောလုံးနည်းပြလုပ်နေတဲ့ လက်တီကာ။ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားခဲ့ပြီး အဘွားနဲ့ အမေဖြစ်သူကို လုပ်ကျွေးနေရတဲ့အပြင် အဖေယူထားခဲ့တဲ့ ဘဏ်ချေးငွေကြောင့် နေထိုင်ရာအိမ်စုတ်ကလေးကို အတိုးချေးစားတဲ့လူဆီ ထိုးအပ်ရမဲ့အခြေအနေ ရောက်နေပါတယ်။ပါလက်ရှ်ဆိုတဲ့ မောင်တစ်ယောက်ရှိပေမဲ့ သူ့ကိစ္စနဲ့သူ လုံးလည်ရိုက်နေသူမို အားကိုးလိုကမရ။တစ်နေ့ မောင်နှမနှစ်ယောက် ကြံရာမရတဲ့အဆုံး ဘဏ်ဓားပြတိုက်ဖို ဆုံးဖြတ်လိုက်ကြပါရော။ အထိအခိုက် မရှိလောက်မဲ့အပြင် အဖမ်းခံရဖို အခွင့်အရေးလည်းနည်းတဲ့နည်းကို သုံးဖိုကြံစည်ကြပေမဲ့ သူတိုဓားပြတိုက်တဲ့ဘဏ်က နှစ်ပေါင်းများစွာလျှိဝှက်ထားခဲ့တဲ့ လက်နက်မှောင်ခိုမှုကြီးနဲ့ဆက်နွယ်နေပြီး ရာဇဝတ်ကောင်ကြီးတွေနဲ့ မောင်နှမနှစ်ယောက် ရင်ဆိုင်ရချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)File Size – 800 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 40 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...
Loot Kaand (2025)
2025
Ek Farzi Love Story (2025)
Ek Farzi Love Story (2025) မစစ်မှန်သော စစ်မှန်ခြင်းIMDb 6.8/10ဒီနေ့ခေတ်မှာ ဆက်ဆံရေးတစ်ခုဟာ စတင်ဖိုရော အဆုံးသတ်ဖိုပါ လွယ်ကူလာပါတယ်။ ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတာနဲ့အမျှ ကောင်းတဲ့ဘက်က အသုံးချတတ်ရင် အကျိုးရှိပေမဲ့ အသုံးမချတတ်ရင်တော့ တကယ့်အပြင်ကဘဝနဲ့ အွန်လိုင်းပေါ်ကဘဝက ရောထွေးလာမှာပါ။ဒီစီးရီးလေးက ဒီနေ့ခေတ်ရဲ့ လူနေမှုဘဝကို ထင်ဟပ်နေစေတာမို ဆိုရှယ်မီဒီယာနယ်ပယ်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွဲပရိသတ်တို အကြိုက်ဖြစ်မယ်ထင်ပါတယ်။content creation ကိုအလွန်စိတ်ဝင်စားသူ ခရီတီကာဆိုတဲ့ ကောင်မလေး။ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ post တွေတင်ပြီး follower တွေ like တွေဟာလည်း သူ့နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းပါပဲ။သူလေးစားအားကျရတဲ့သူတွေနဲ့လည်း လိုက်လံတွေ့ဆုံပြီး အကြံဉာဏ်တောင်းလို အိမ်မက်ကို အကောင်အထည်ဖော်နေခဲ့ပါတယ်။မာနာ့ဗ်ကတော့ ရုံးတစ်ခုက စာရင်းကိုင်ကောင်လေးတစ်ယောက်။ သူ့ဘဝမှာ နယ်ပယ်အသီးသီးက မိတ်ဆွေသူငယ်ချင်းပေါင်းစုံ ရှိပါတယ်။ ဂိမ်းဆော့ဖော်ဆော့ဖက်၊ သောက်ဖော်သောက်ဖက်၊ လည်ပတ်စားသောက်ဖော်မိတ်ဆွေ စသဖြင့် အပိုင်းတွေခွဲပြီး သူ့ဘဝကို နေထိုင်နေပါတယ်။ အရာရာမှာ မျှခြေရှိရမယ်၊ အလုပ်လည်းလုပ် ပျော်လည်းပျော်ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။Like တွေ share တွေ comment တွေကို မသိတဲ့သူတွေဆီကမရချင်၊ စိတ်ရင်းစိတ်မှန်နဲ့ပေးတဲ့အနည်းငယ်ကိုသာရလိုသူ မာနာ့ဗ်၊ လူအများရဲ့ အာရုံစိုက်ခံရမှုကို အသည်းအသန်ကြိုးစားနေသူ ...
Ek Farzi Love Story (2025)
2025
10
Pyar Ka Professor (2025)
Pyar Ka Professor 2025 ဗိုင်ဘာ့ဗ်နှင့် တစ်ထောင့်တစ်ညမိန်းမလိုက်နည်းများImdb 7.3" မြင်မြင်ချင်းချစ်တယ်ဆိုတာမရှိဘူး ဆွဲဆောင်ခံလိုက်ရတာပဲရှိတာ " ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ ဗိုင်ဘာ့ဗ် သူက အမူအရာကြည့် အကဲခတ်တဲ့သင်တန်းကျောင်းဖွင့်ထားတယ် ဘာတွေသင်လဲဆိုတော့ မိန်းမလိုက်နည်းပေါ့ မိန်းကလေးတစ်ယောက်ကို စကားစမပြောရဲတဲ့လူတွေစော်လိုက်နည်းမသိတဲ့လူတွေအတွက် အာမခံပြီး ပိုးပန်းနည်းသင်ပေးသူတစ်ယောက်ပါ အွန်လိုင်းမှာလည်းအလုပ်လုပ်ရတာဖြစ်လို့ အွန်လိုင်းမှာနာမည်ရအောင် နာမည်ကြီးတွေကို ဝေဖန်လေကန်သူတစ်ယောက်ဆိုလည်းမမှား ဒီလိုနဲ့ ဘယ်လိုပျားအုံကို တုတ်နဲ့သွားထိုးမိလဲဆိုတော့နိုင်ငံရေးသမားတစ်ယောက် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါသမထိန်းနိုင်ဘဲ ထပေါက်ကွဲတဲ့ ဗီဒီယိုတစ်ခုက အရမ်းဟော့နေပါတယ် သူက ဒီဗီဒီယိုကို reaction ပေးမိတာကစ အဲဒီနိုင်ငံရေးသမားရဲ့လူတွေကသူ့အိမ်ထိရောက်လာပြီး ဆွဲခေါ်သွားပါတော့တယ် ဒီလောက်အကဲခတ်တတ်နေရင် ငါ့အကြံပေးလုပ်ဆိုပြီး ပေးအပ်ခံရတဲ့တာဝန်ကြား ဒီနိုင်ငံရေးသမားအဘိုးကြီးရဲ့မိန်းမ ငယ်ငယ်ချောချောလေးကို မြင်မြင်ချင်းသဘောကျမိသွားတဲ့အခါမှာတော့ သူ့နည်းလမ်းတွေနဲ့ ဘယ်လိုတွေဆက်လုပ်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးရယ်စရာဟာသတွေလှိုင်လှိုင်ပေါပြီး မိန်းမမလိုက်တတ်တဲ့လူတွေအတွက် ဗဟုသုတတွေများစေမဲ့ စီးရီးတစ်ခုပါလို့ ညွှန်းဆိုရင်း....အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ KKKZ ~ Zwe ~ Julien တို့ပဲဖြစ်ပါတယ် )File Size ...
10
TMDb:
10/10
1 votes
tv
Pyar Ka Professor (2025)
2025
Chidiya Udd (2025)
Chidiya Udd Season 1 (2025) "မြေအောက်လောက"အသစ်စက်စက် ဟင်ဒီစကားပြော ဂန်းစတားဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်။ကာမာသီပူရာဆိုတာ မွမ်ဘိုင်းမြို့ပေါ်က ဒေသတစ်ခု။ ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ တအားပေါတာနဲ့ပတ်သက်ပြီး နာမည်ကျော်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။ဒီဇာတ်လမ်းက ကာမာသီပူရာမှာဖြစ်ခဲ့ဖူးတဲ့ တကယ့်ဖြစ်ရပ်တွေ၊ တကယ်ရှိခဲ့ဖူးတဲ့ရာဇဝတ်ကောင်ပေါ်ကိုအခြေခံပြီးရေးသားထားတဲ့ စာအုပ်အပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီးဂျက်ကီရှရော့ဖ် အဓိကနေရာက ပါဝင်ထားပါတယ်။ဆယ်ဟာဆိုတဲ့ အသက် ၂၀ အရွယ်ကောင်မလေးဟာ ကံကြမ္မာဆိုးတစ်ခုဝင်ချိန်မှာ သူ့အမေနဲ့ အသက်လုပြေးရပြီးသူ့အမေက လွတ်ရာလွတ်ကြောင်း ဆယ်ဟာ့ကိုပြည့်တန်ဆာခေါင်းတစ်ယောက်နဲ့ ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ မွမ်ဘိုင်းမြို့က ပြည့်တန်ဆာလောကကို ရောက်သွားပေမဲ့ အရှုံးမပေးဘဲ ရောက်တဲ့နေရာမှာ သူ့သဘော၊ သူ့စည်းမျဉ်းနဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားရာကနေရှုပ်ထွေးပွေလီလှတဲ့ ဂန်းစတားတွေချုပ်ကိုင်တဲ့ ဒီလောကကြီးက ဘယ်လောက်အန္တရာယ်များသလဲ၊ သွေးထွက်သံယိုတွေ ဘယ်လိုဖြစ်ကြမလဲ ခံစားကြည့်ရှုအပန်းဖြေလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 700 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 40minute (@Episode)Total Episodes: 8EpsSubtitle ...
Chidiya Udd (2025)
2025
Agra Affair (2025)
Agra Affair (2025)"အဂ်ရာဖူးစာ" ==========================Season (1) ပရိသတ်တွေ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမျောလိုရမယ့် slice of life ဆန်ဆန် ဟင်ဒီစကားပြော အချစ် ဒရာမာ ဇာတ်လမ်းတွဲလေးကို CM B Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့ ခေါင်းစဉ်ထဲက Agra ဆိုတာကတော့ မူဂါလ်အင်ပါယာရဲ့ ငါးဆက်မြောက်ဘုရင် ရှားဂျာဟန်က သူ့ရဲ့ မိဖုရား မွမ်တာ့ဇ်မဟာလ်အတွက် အချစ်သင်္ကတအနေနဲ့ တည်ဆောက်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အံ့ဖွယ် တာ့ဂျ်မဟာလ် တည်ရှိရာ အဂ်ရာ မြိုလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးရဲ့ ဇာတ်လိုက်ဖြစ်သူ အာကတ်ရှ်ကတော့ ဟင်းချက်ဝါသနာပါပြီး စားသောက်ဆိုင်ဖွင့်ဖို အိပ်မက်ရှိပေမဲ့ အကောင်အထည်ဖော်ခွင့်မရဘဲ နာမည်မရှိတော့တဲ့ ဘိုးဘွားပိုင်ဟိုတယ်လေးတစ်ခုကို ဝတ္တရားအရ ဦးစီးနေရတဲ့ လူငယ်တစ်ယောက်ပါ။တစ်နေ့မှာတော့ အပြိုင်အဆိုင်တွေကြားထဲမှာ မတိုးနိုင်ဖြစ်နေလို ဧည့်သည်မရဖြစ်နေတဲ့ အာကတ်ရှ်ရဲ့ ဟိုတယ်လေးဆီကို တန်ဗီဆိုတဲ့ ခပ်သွက်သွက် ဧည့်လမ်းညွှန်မလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။တခြားမှာ နေရာမရတော့လို ဟိုတယ်ကိုဧည့်သည်တွေနဲ့ရောက်လာတဲ့ကောင်မလေးနဲ့ ဟိုတယ်ကို အောင်မြင်အောင်ကြိုးစားဖို နည်းလမ်းရှာနေတဲ့ ဟိုတယ်ပိုင်ရှင် စားဖိုမှူးလေးတို အလုပ်တွဲလုပ်ကြရင်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာအချစ်ဇာတ်လမ်းလေးဖြစ်လာပုံနဲ့အတူ အာဂရာမြိုလေးရဲ့ မှင်သက်စရာအလှအပတွေ၊ ခရီးသွားလောကရဲ့ လည်ပတ်ပုံတွေကို ဒီ web-series လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီဇာတ်လမ်းတွဲအတွက် ...
Agra Affair (2025)
2025
Karate Girls (2024)
Karate Girls (2024) ကရာတေးအဖွဲ့သားများ Imdb 6.6/10ကရာတေးတိုက်ကွက်ဆန်းတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမဲ့ ကရာတေးပြိုင်ပွဲကြီး ဒီပြိုင်ပွဲမှာအနိုင်ရတဲ့လူက ဂျပန်နိုင်ငံကို အခမဲ့ပညာသင်ခွင့်ရမှာဖြစ်တဲ့အတွက် နိုင်ငံထဲမှာရှိတဲ့ နာမည်ကြီးပေ့ဆိုတဲ့ သင်တန်းကြီးတွေပါ ဝင်ပြိုင်မဲ့ပွဲ..မတူတဲ့နေထိုင်မှုဘဝတွေနဲ့ အဘာနဲ့ ကိုမယ်.. ကိုမယ်ကတော့ ယောကျာ်းလေးတွေနဲ့ပါ အပြိုင်ရန်ဖြစ်တတ်ပြီးဘဝမှာ သူရှုံးတယ်ဆိုတာမရှိခဲ့တဲ့ ဆတ်ဆတ်ကြဲမိန်းကလေး အဘာကတော့ ကရာတေးဆရာရဲ့သမီးဖြစ်ပေမဲ့ သူစိတ်ဝင်စားတာကတော့ ဟစ်ဟော့အကပါ နောက်ကွယ်မှာတော့အဖေမသိအောင် ဗီဒီယိုခိုးရိုက် ခိုးတင်ပြီး အဖေ့ရှေ့မှာတော့ကရာတေးကိုစိတ်ဝင်စားသလိုနေထိုင်နေသူပေါ့ဂျပန်သွားချင်နေတဲ့ကိုမယ်နဲ့ အဖေ့ဆန္ဒအတိုင်း အဘာတို့ ဒီပြိုင်ပွဲကြီးကိုဝင်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ ဇာတ်လမ်းကတော့ ဒီလောက်မရိုးရှင်းဘူးပေါ့ နောက်ပိုင်းတွေမှာ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်သွားရမယ် သူတို့ဘာတွေကြုံတွေ့လာရမယ်ဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )File Size – 600 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:5EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Yunni Encoder – YK Episode 1 - Yoteshin ...
Karate Girls (2024)
2024
Mohrey (2024)
Mohrey (2024) (IMDb 7.1/10) မြေအောက်ရာဇာ နှင့် ဥပဒေဘက်တော်သားတိုက်ပွဲအခုတစ်ခါ ပရိသတ်ကြီးရှေ့မှောက်တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ဇာတ်အိမ်ကောင်းကောင်းနဲ့ သည်းထိပ်ရင်ဖိုဆန်ဆန် မြေအောက်လောကသားတွေနဲ့ ရဲတပ်ဖွဲ့ရဲ့အားပြိုင်မှုကို လျှို့ဝှက်မှုတွေ လက်စားချေမှုတွေ ကတုံးပေါ်ထိပ်ကွက်တာတွေပေါင်းစုံနဲ့ ရသစုံခံစားရမယ့်ကားလေးပါပဲ....IMDb က ဆရာကြီးများကတော့ ဂျပန်နာမည်ကြီး Rashomon ကားရဲ့ narration နဲ့တောင် အလားသဏ္ဍန်တူတယ်လို့ ညွှန်းဆိုထားတယ်ဆိုတော့ ရတဲ့ Rating နဲ့တန်တဲ့ အာပလာကားမဟုတ်တာတော့ သိသာပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မွမ်ဘိုင်းမြို့ကို အောက်ဆုံးမြေအောက်လောကကနေ ထိပ်ဆုံးမြို့တော်ဝန်ပါမကျန် ခြယ်လှယ်နေတဲ့ ဘော့စကိုဆိုတဲ့ ဆရာကောင်တစ်ယောက်ရှိပါတယ် သူကလူတကာကို ကတုံးပေါ်ထိပ်ကွက်ပြီး မြို့တော်ဝန်ကိုပါ အချိုးမပြေလုပ်လာလို့ မြို့တော်ဝန်လည်း မလှန်ရဲပေမယ့် အမြင်ကတ်လာပြီး သူ့ကိုပြန်ဆော်ဖို့ လုပ်ပါတော့တယ်...အဲ့ဒါနဲ့ပဲ ဘော့စ်ကိုရဲ့ရန်သူတော်ဟောင်းကြီး ရဲမှူးကြီးဂျက်ဘာကို မွမ်ဘိုင်းကိုဆင့်ခေါ်ပြီး ဘော့စ်ကိုကို စုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်...အဲ့ချိန်ကစပြီးတော့ ဟိုဘက်ဒီဘက်ကလူတွေရဲ့ ပတ်သတ်ဆက်နွယ်မှုတွေ ကြားထဲက ဂလယ်အူကြောင်နဲ့ဝင်ပတ်သတ်မိတဲ့လူတွေ မြေအောက်လောကသားတွေပီပီ အပျင်းပြေနှုတ်ပိတ်ပြတာတွေ စသဖြင့် သဘာဝဆန်ဆန်ရိုက်ပြထားတာမို့ ပရိသတ်ကြီးတို့ ဆက်လက်ခံစားကြည့်ရှုနိုင်ဖို့ တင်ပေးလိုက်ရပါတယ်....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size – 600 MB (Appx;)@EpisodeQuality – 1080p ...
Mohrey (2024)
2024
6.8
Half Love Half Arranged (2024) Season 1+ 2 Complete
Half Love Half Arranged season 1+2 (2024) "၃၀ ကျော် အချစ်ဝဲဂယက်""ချစ်တိုင်းလည်း မညား" ဆိုတဲ့အတိုင်း အချစ်ဆိုတာလုပ်ယူလို့မရသလို ကိုယ်ဖြစ်ချင်သလိုလည်း ဖြစ်လာတတ်တာ သဘာ၀ပါပဲ။ ဘယ်လိုလူနဲ့ ဘယ်မှာဆုံတွေ့ပြီး ဘယ်လိုပေါင်းဖက်ရမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။အဲဒီလိုမျိုး အချစ်ရဲ့ဆန်းကြယ်မှု အဖုံဖုံကို ဟာသတွေနှောပြီး အချစ်၊အလွမ်း၊ မိသားစုနဲ့ ဘ၀အရေး ရသစုံလင်အောင်ရိုက်ကူးထားတဲ့ ဘောလိဝုဒ် rom-com စီးရီးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ဒီ Half Love Half Arranged စီးရီးရဲ့ season 1 မှာလည်း အပျိုကြီးမမ ရီယာတစ်ယောက် အလုပ်တစ်ဖက် အချစ်ရေးတစ်ဖက်နဲ့ တိုင်ပတ်နေတာကိုကြည့်ရှုခဲ့ရပြီးပါပြီ။ အခုတင်ဆက်ပေးမဲ့ season 2 မှာ လည်း အသက် ၃၀ တန်း ဆရာ၀န်အပျိုကြီးမမရီယာရဲ့ကမောက်ကမအချစ်ရေးကို ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ထုံးစံအတိုင်း ရီယာတို့မိသားရဲ့ကသောင်းကနင်းအဖြစ်တွေနဲ့ အစပျိုးထားပါတယ်။ နဂိုကတည်းက သူ့ဘာသာရှုပ်နေတဲ့ မိသားစုထဲကို ရီယာတို့အဖေက ဗတ်ဒ်ဆိုတဲ့ ခပ်ဖြောင့်ဖြောင့်ကောင်လေးတစ်ယောက် ခေါ်သွင်းလာပါတယ်။အဲဒီအဖြစ်ကြောင့် ရှုပ်ထွေးငြင်းခုံနေရတဲ့ မိသားစုရေးအပြင် ဆေးရုံအလုပ်တွေနဲ့ရှုပ်နေတဲ့ ရီယာတစ်ယောက် သူ့အချစ်ရေးမှာပါ ...
6.8
TMDb:
6.8/10
4 votes
tv
Half Love Half Arranged (2024) Season 1+ 2 Complete
2023
Heartbeats: Pyaar aur Armaan (2024)
Heartbeats Pyaar aur Armaan (2024) ချစ်ရင်ခုန်သံဒီတစ်ခေါက်မိတ်ဆက်ပေးမှာတော့ ဆရာဝန်ကားကိုမှ ကြိုက်နှစ်သက်တဲ့သူတွေ သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။အလုပ်သင်ဆရာဝန်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြင်တွေ့ရမဲ့အပြင် ဒီလိုအခက်အခဲတွေကြားမှာ ပေါက်ဖွားလာကြမဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။အက်ရှန့်ဟာ နယ်မြို့လေးတစ်မြို့က တက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်ပါ။ သူ့မှာ ဆေးကျောင်းပထမနှစ်ကတည်းက ကျိတ်သဘောကျနေရတဲ့ ရွယ်တူဆရာဝန်မလေး ရှန်ဆိုတာရှိပါတယ်။ဒါပေမဲ့ အက်ရှန့်က သူချစ်တာကိုဖုံးကွယ်ထားပြီး ရှန်ကို မထိတထိနဲ့ရွဲ့ပြောတတ်တာကြောင့် နှစ်ယောက်သား ကျောင်းမှာကတည်းက မတည့်လိုက်တာ ဆေးရုံမှာ အလုပ်ဆင်းကြတဲ့အထိပါပဲ။သူတို့အဖွဲ့မှာဆိုရင် နောက်ထပ်သုံးယောက်ရှိပါသေးတယ်။ အဲဒါကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ပျော်တတ်တဲ့ ရီရှီရယ်၊ ဆိုရှယ်မီဒီယာပေါ် အကုန်တင်တတ်တဲ့ ပူကစ်နဲ့ ရူချီစုံတွဲရယ်ပါ။ မိသားစုနောက်ခံလည်းမတူ၊ အကျင့်စရိုက်ချင်းလည်းမတူကြတဲ့ ဒီငါးယောက် ဆေးရုံမှာ သူတို့ရဲ့အလုပ်သင်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ပြီး စီးမျောခံစားလိုက်ပါနော်။(ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်)File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:19EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
Heartbeats: Pyaar aur Armaan (2024)
2024
Ishq in the Air (2024)
Ishq in the Air (2024) "ဝေဟင်ဖူးစာ" IMDb - 8.3/10မင်းသားက ရှန်တာနူမဟေ့ရှ်ဝါရီ။ သူက ရုပ်သံဇာတ်လမ်းတွဲတွေ အရိုက်များပြီး ကာရိုက်တာစုံပိုင်နိုင်တဲ့ လူငယ်မင်းသားတစ်လက်။ မင်းသမီးက London Files(2022)ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မယ်ဒါရာနာ၊ ဘောလိ၀ုဒ်ပရိသတ်တွေ ချီးကျူးခံရတဲ့ တက်သစ်စမင်းသမီးတစ်ယောက်။ အခုတင်ဆက်ပေးမဲ့ အပိုင်းငါးပိုင်းနဲ့ ဟင်ဒီရိုမန့်စ်ရုပ်သံစီးရီးမှာ သူတို့နှစ်ယောက်အဓိကပါဝင်ထားပါတယ်။နာမန်ဆိုတာ နယ်မြို့လေးက မုန့်ဆိုင်ပိုင်ရှင်ကောင်လေးတစ်ယောက်။ အဘိုးလက်ထပ်ကတည်းက ဖွင့်ခဲ့တဲ့ သူတို့မုန့်ဆိုင်လေးက နာမည်တော်တော်ကြီးပါတယ်။ မွမ်ဘိုင်းကို ညီမဖြစ်သူမင်္ဂလာဆောင်မှာ ဓာတ်ပုံရိုက်ပေးဖို့ ပထမဆုံးလေယာဉ်စီးရမှာမို့ ကြောက်နေတဲ့ကောင်လေးပေါ့။ကာဗ်ယာဆိုတဲ့ကောင်မလေးကတော့ စတိုင်လစ်တစ်ယောက်။ အလုပ်ကိစ္စနဲ့နာမန်တို့မြို့ကိုလာပြီး မွမ်ဘိုင်းကိုပြန်ဖို့ လေဆိပ်မှာ အကြောင်းတရာတစ်ခုကြောင့် နာမန်နဲ့တွေ့ပြီး ရင်းနီးသွားခဲ့ကြ။ကာဗ်ယာက အချစ်ကိုအယုံအကြည်မရှိတဲ့ ရဲတင်းသွက်လက်တဲ့ကောင်မလေးတစ်ယောက်။ နာမန်ကတော့ ကာဗ်ယာနဲ့ အတူရှိလေလေ ခံစားချက်တွေ ပေါက်ဖွားလာလေလေဖြစ်နေတဲ့ ရိုးရိုးအအကောင်လေးပေါ့။ လေဆိပ်မှာပဲ တဝဲလည်လည်ဖြစ်နေဖို့ ကံပါလာတဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်လာမှုတွေကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size – 700MB (Appx;)@EpisodeQuality – 1080p WEB ...
Ishq in the Air (2024)
2024