Channel Myanmar

Sci-Fi & Fantasy

The Bondsman (2025) 8.667
The Bondsman (2025)  The Bondsman (2025)IMDb Rating (7.2) / Rotten Tomatoes (83%) ဒီစီးရီးကတော့ ကြေးစားမုဆိုးတစ်ယောက်ကို ငရဲကနေ ခဏပြန်ရှင်ခိုင်းပြီး နတ်ဆိုးတွေကို အမဲလိုက်ခိုင်းတဲ့ သဘာဝလွန် ဟော်ရာ အက်ရှင် အမျိုးအစားပါ။ရိုက်ချက်တွေက လူတွေ စုတ်ပြတ် တွန့်လိမ်ကောက်ကွေးနေအောင် ကျုံးတာတွေ ပါပြီးကြမ်းလို့ Evil Dead အထာမျိုးကြိုက်တဲ့လူ‌တွေ ကြည့်သင့်ပါတယ်။မင်းသားကလည်း ဂျစ်ကန်ကန် အထာကျကျစတိုင်နဲ့ Kevin Bacon မို့ ကြည့်လို့ကောင်းမှာပါ။ဇာတ်လမ်းအကျဉ်းဟပ်ဟယ်လိုရန်ဟာ တရားခံပြေး ကြေးစားဖမ်းတဲ့သူပါ။ တစ်နေ့မှာတော့ တရားခံတစ်ယောက်ကိုလိုက်ဖမ်းရင်း လုပ်ကြံခံလိုက်ရပါတယ်။ဒါပေမဲ့ သူ ပြန်နိုးလာပြီး ပြန်ရှင်လာပြီး ဘာမှန်းညာမှန်းမသိ သူ့ကိုဆော်သွားတဲ့သူတွေနောက်ကို ပြန်လိုက်ရှင်းပါတော့တယ်။ဒါပေမဲ့ နောက်မှ သိလာရတာက သူငရဲအထိ ရောက်သွားပြီးမှ စေတန်ခိုင်းတာလုပ်ဖို့ ခဏ ပြန်ရှင်ခိုင်းလိုက်တာဆိုတာပါပဲ။ဒီတော့ ငရဲကြေးစားဖြစ်သွားတဲ့ ဟပ်တစ်ယောက်ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (2 ...
8.667
TMDb: 8.667/10 9 votes
tv

The Bondsman (2025)

2025
Devil May Cry (2025) 8
Devil May Cry (2025) Season 1အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဗီဒီယိုဂိမ်းနှစ်သက်တဲ့သူတိုင်း ကစားဖူး မြင်ဖူးကြမဲ့ နာမည်ကြီး ဂိမ်းတစ်ခုကို နက်ဖလစ်ကနေ ကာတွန်းစီးရီးအနေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းပြီး ခပ်ကြမ်းကြမ်းမို့ ဂိမ်းပရိသတ်တွေရော သာမန်ပရိသတ်တွေရော အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်းလူ့လောကနဲ့ ငရဲကို ကွမ်တမ်တံတိုင်းတစ်ခုနဲ့ ခြားထားတဲ့ အခြေအနေမှာ ငရဲက နတ်ဆိုးတွေဟာ အဲဒီတံတိုင်းကို ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ ဒီတံတိုင်းကို ဖြိုနိုင်ဖို့အတွက် ငရဲသူရဲကောင်း စပါဒါရဲ့ဓားနဲ့ အဆောင်တစ်ခုလိုအပ်ပါတယ်။အဲဒီမှာပဲ နတ်ဆိုးမုဆိုးဖြစ်တဲ့ ဒန်ထေဟာ အဆောင်တစ်ခြမ်းကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တဲ့အတွက် နတ်ဆိုး‌တွေက သူ့ရဲ့အဆောင်ကို လုယူဖို့ ကြိုးစားလာပါတယ်။ ဒီတော့ နတ်ဆိုးကာကွယ်ရေး ဒါ့ကွန်အဖွဲ့နဲ့ ဒန်ထေတို့ နတ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။အဓိကဗီလိန်ကိုရော ဒန်ထေရဲ့ နောက်ကြောင်းကိုရော ...
8
TMDb: 8/10 5 votes
tv

Devil May Cry (2025)

2025
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024) 8.5
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)  I May Be a Guild Receptionist, but I'll Solo Any Boss to Clock Out on Time (2024)IMDb Rating (6.4) “ရုံးကို အချိန်မှန်မှန်ဆင်းချင်လို့ ဘယ်ဘော့စ်မဆို တစ်ပွေတည်း သောက်ခွက်ရိုက်မယ့် ဧည့်ကြိုမလေး”နာမည်က Alina လူကောင်က ခပ်သေးသေး လုပ်တဲ့အလုပ်က စွန့်စားသူ Guild က ဧည့်ကြိုစာရေးမ။ သူ့ဘဝမှာ သူကြိုက်တဲ့အလုပ်လေးလုပ်ပြီး အချိန်မှန် ရုံးဆင်းချင်တယ် အချိန်ပိုမဆင်းချင်ဘူးဆိုတဲ့ဟာလေး။ဒါပေမဲ့ ဧည့်ကြိုစာရေးမဆိုပြီး အထင်သွားသေးလို့မရဘူး သူ အချိန်ပိုဆင်းရတိုင်း ဘာလို့လဲဆိုတာကို အဖြေရှာသေးတာ။အဲဒါက စွန့်စားသူတွေ Dungeon တွေကို မနိုင်ကြလို့ ကြာနေပြီး အလုပ်ပုံလာပြီဆို သူကိုယ်တိုင် ဝတ်ရုံဝတ်ရုပ်ဖျက်ပြီး အဲဒီ Dungeon ထဲကကောင်တွေကို တစ်ပွေတည်း သွားသွားပြီး ဆော်ပလော်တီးတဲ့ဟာလေးဗျာ။အဲဒီမှာ သူ့နာမည်ကလည်း သတ်ဖြတ်သူဆိုပြီး လူတွေကြား ...
8.5
TMDb: 8.5/10 11 votes
tv

I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)

2025
Wolf King (2025) 8.2
Wolf King (2025) Wolf King (2025)Rating ကောင်းတဲ့ Netflix Animated Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Curtis Jobling ရဲ့ Wereworld novels တွေကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ fantasy/adventure series တစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------------ဒရူးဖာရန်ဆိုတဲ့ ကောင်လေးဟာ မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ ဘဝကို အေးအေးချမ်းချမ်း နေထိုင်နေတဲ့ လူငယ်လေးတစ်ဦးပါ။တစ်နေ့တော့ အချိန်အတော်ကြာမှ မြင်တွေရတဲ့ မုဆိုးလဟာ ကောင်းကင်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ဒီမုဆိုးလနဲ့အတူ ဒရူးရဲ့ ခန္ဓာကိုယ်ဟာလည်း ပြောင်းလဲမှုတွေစတင် ဖြစ်ပေါ်လာပြီး မျက်လုံးတွေကပါ အရောင်တွေ တောက်ပလာခဲ့ပါတယ်။ဒီလိုအချိန်မှာ ဘယ်ကမှန်းမသိတဲ့ သတ္တဝါတစ်ကောင် ရောက်လာပြီး ဒရူးကို ဖမ်းခေါ်သွားဖို့ ကြိုးစားတော့ မိခင်ဖြစ်သူက တားဆီးခဲ့ပါတယ်။အထိန်းအချုပ်တွေ မဲ့ကုန်ပြီး ဒရူးရဲ့ မိခင်ဖြစ်သူဟာ ဒရူးသိသင့်တာတွေကို ပြောမပြနိုင်ခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ဒရူးရဲ့ အဖေနဲ့အစ်ကို အပါအဝင် ရွာသားတွေကလည်း မိခင်ကို သတ်တဲ့သူဆိုပြီး ဒရူးကိုလိုက်လံဖမ်းဆီးကြလို့ ဒရူးဟာ ထွက်ပြေးရင်း မိခင်ဖြစ်သူမှာခဲ့တဲ့ "ဘရက်ကန်ဟုမ်းက နယ်စားဘာဂန်ကို ...
8.2
TMDb: 8.2/10 8 votes
tv

Wolf King (2025)

2025
29th February (2025)
29th February (2025) 29th February (2025) season 1 "အချိန်၀င်္ကပါ"မှုခင်းဇာတ်လမ်းမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သမားရိုးကျပုံစံနဲ့ကွဲထွက်နေတဲ့ မှုခင်း-ဒရာမာ စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဒီဟာ ဒလီပို့သမားတစ်ယောက်ဖြစ်ပေမဲ့ သူ့အိပ်မက်ကတော့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ပါပဲ။အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် တစ်ဖက်က ဒလီလိုက်ပို့ရင်း တစ်ဖက်ကလည်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေသူပေါ့။တစ်နေ့တော့ ဒလီပို့ရင်း မတော်တဆမှုဖြစ်ပြီး ပြန်နိုးလာချိန်မှာတော့ သူ့ဘ၀ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတယ်။အဲဒါကတော့ မနေ့ကဖြစ်ခဲ့တာတွေ ဒီနေ့မှာလည်း ထပ်တလဲလဲထပ်ဖြစ်နေတာပါ။ ၀င်္ကပါတစ်ခုလို အချိန်ကျော့ကွင်းထဲရောက်သွားတဲ့သဘောပါပဲ။ဒီလိုဖြစ်နေတာ သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဒူဂါလို့ခေါ်တဲ့ အမျိုးသမီးရဲအင်စပက်တာတစ်ယောက်လည်း သူနဲ့အဖြစ်ချင်းအတူတူပါပဲ။သူတို့နှစ်ဦးအကြောင်းတိုက်ဆိုင်ပြီး ပြန်ပေးမှု၊ လူသေမှုတွေနဲ့ ပတ်သက်မိတဲ့အခါ နှစ်ယောက်ပေါင်းပြီး အတူတူဖြေရှင်းရဖို့ ဖြစ်လာပါတယ်။ထပ်တလဲလဲဖြစ်နေတဲ့ အချိန်ကျော့ကွင်းထဲမှာ အာဒီနဲ့ဒူဂါတို့အတူ ရက်စက်တဲ့အမှုအခင်းတွေကို ဘယ်လိုတားဆီးသွားမလဲ ဘယ်လိုဖော်ထုတ်သွားမလဲ အချိန်ကျော့ကွင်းထဲကနေ ဘယ်လိုထွက်လာနိုင်မလဲဆိုတာ အတွေးများစွာနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)File Size – 500 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 30minute (@Episode)Total Episodes: ...

29th February (2025)

2025
Mayfair Witches (2022) 7.4
Mayfair Witches (2022) Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာ​ရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂ​နွေ​နေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံ​ကြောခွဲစိတ်ဆရာဝန် ရိုဝင် ​ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီး အဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိ​နေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်း ပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာ​ဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်ရှိသွား ပါ​တော့တယ်။ရိုဝင်ရဲ့မ​ကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လို​ကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်း​တွေက ဘယ်သူ​တွေဖြစ်မလဲ၊ ဘာကိစ္စ​ကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်​လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်​ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် ​​စောင့်​မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
7.4
TMDb: 7.4/10 250 votes
tv

Mayfair Witches (2022)

2022
Cassandra (2025) 6.1
Cassandra (2025) Cassandra (2025) IMDB – 6.5/10M3GAN တို့လိုမျိုး AI Based စက်ရုပ်တွေနဲ့ အခြေပြုတင်ဆက်ထားတဲ့ ဂျာမန် Horror, Sci-fi စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဗျ။Netflix က ထုတ်လုပ်ပေးထားပြီး အပိုင်း ၆ ပိုင်း ပါဝင်တဲ့ စီးရီးလေးတစ်ခုပါ။Netflix မှာ Dark လိုမျိုး ဂျာမန်စီးရီး အောင်မြင်ထားတော့ ဒီကောင်လည်း သူ့ခြေရာမှီနိုင်မလား တစ်ချက် ကြည့်လိုက်ကြတာပေါ့။ဇာတ်လမ်းအကျဉ်းလေးကတော့ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိသားစုလေးတစ်ခု အိမ်အသစ်တစ်လုံးကို ပြောင်းလာတယ်။မြို့ထဲမဟုတ်တဲ့အပြင် ချောင်ကျပြီး ဈေးသက်သာလို့ လာနေရသလိုဆိုပေမဲ့ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ဒီမှာတင် အိမ်ထဲမှာ ထူးဆန်းတဲ့ တီဗီဖန်သားပြင်တွေ အနီရောင်စက်ရုပ်ကို တီဗီခေါင်းလေးတွေ မြေအောက်ခန်းမှာ အကြီးစား ဆာဗာခန်းတွေ တွေ့ပြီး တစ်ခုခုတော့ ထူးဆန်းနေကြောင်း သိလိုက်ရပါတယ်။ညကျ Cassandra လို့ ခေါ်တဲ့ အရင်ရှေးခတ်က AI မော်ဒယ်တစ်မျိုးဟာ ဘာကြောင့်ရယ်မသိ နိုးထလာပြီး ဒီ မိသားစုလေးကို အဖက်ဖက်ကနေ ကူညီဖေးမဖို့ တောင်းဆိုပါတော့တယ်။ဒီလိုနဲ့ Cassandra ဆိုတဲ့ AI ဟာ ...
6.1
TMDb: 6.1/10 29 votes
tv

Cassandra (2025)

2025
Wizards Beyond Waverly Place (2024) 9.6
Wizards Beyond Waverly Place (2024) Wizards Beyond Waverly Place (2024)အားလုံးသိကြတဲ့အတိုင်း အသည်းကျော်လေး Selena Gomez ဆိုတာ ငယ်စဉ်ဘဝတုန်းက Disney ကလေးချန်နယ်တွေကနေ တက်လာတဲ့ အဆိုတော်/သရုပ်ဆောင်တစ်ယောက်ပါ။အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းက မှော်ဆရာ မိသားစု ဟာသ Sitcom (Wizards of Waverly Place) လေးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ သူလည်း ဆရာကျနေပြီဆိုတော့ သူကိုယ်တိုင် ထုတ်လုပ်၊ သူကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပြန်လာပြီး ဒီFamily Comedy Sitcom လေးကို အသစ်ဖြစ်စေခဲ့ပါတယ်။ ဒီမှာကျ သူ့အစ်ကို မိသားစုအကြောင်း အဓိက ဦးတည်ပြသွားမှာပါ။ဇာတ်လမ်းလေးကတော့ ဂျက်စတင်ဆိုတာ မှော်ကျောင်းကနေ အလုပ်ပြုတ်လာပြီး မှော်ပညာတွေစိတ်နာကာ မိသားစုကိုလည်း သူက မှော်ဆရာဆိုတာ မပြောပဲ ဇာတ်မြုပ်နေထိုင်နေတဲ့ ဖခင်တစ်ယောက်ပါ။သားနှစ်ယောက်ဖြစ်သူကလည်း သိတဲ့အတိုင်း အရွယ်မကွာတော့ ဘုနဲ့ဘောက်ပေါ့။ တစ်နေ့ကျ သူ့မွေးနေ့မှာ ညီမဖြစ်သူ (Selena Gomez) က ဘယ်ကမှန်းမသိတဲ့ ဘီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီး အိမ်ကိုရောက်ချလာပါလေရော။ ဒီဘီလီဆိုတာ ...
9.6
TMDb: 9.6/10 10 votes
tv

Wizards Beyond Waverly Place (2024)

2024
Teacup (2024) 8.1
Teacup (2024) Yellowstone စီးရီးကြီးရဲ့ ထုတ်လုပ်သူ Ian McCulloch နဲ့ ဟော်ရာဒါရိုက်တာကြီး James Wan တို့ ဖန်တီးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဟော်ရာ စီးရီးအသစ် ဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၈ ပိုင်းလာမှာပါ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာတော့ တိရစ္ဆာန်ဆရာဝန်အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့ခင်ပွန်း၊ သမီး နဲ့ သားတို့ ဆိတ်တွေ မြင်းတွေ မွေးတဲ့ ခြံတစ်ခုမှာ နေထိုင်ကြတာကနေ အစပြုပါတယ်။ သူတို့အနားတဝိုက်က တိရစ္ဆာန်တွေရော သူတို့ရဲ့ ဆိတ်တွေမြင်းတွေရော ဘာကိုကြောက်လို့ကြောက်မှန်းမသိ အရမ်းကြောက်နေကြပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပါတယ်။အဲဒီနောက်မှာတို့ သူတို့ ခြံဘေးက တောအုပ်ထဲကနေ ထူးဆန်းတာတွေ ကြောက်စရာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အစကတည်းက အရမ်းစိတ်ဝင်စားစရာကောင်းအောင် ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့ အများကြီး မဖတ်တော့ဘဲ ကိုယ်တိုင် တစိမ့်စိမ့်နဲ့လိုက်တွေးလိုက်ကြောက်တာ ပိုကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(500 MB)/(339 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ ...
8.1
TMDb: 8.1/10 11 votes
tv

Teacup (2024)

2024
Silo (2023) 8.9
Silo (2023)  Silo (2023)Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊ အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့ အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။ အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ ...
8.9
TMDb: 8.9/10 35 votes
tv

Silo (2023)

2023
Jentry Chau vs the Underworld (2024) 8.692
Jentry Chau vs the Underworld (2024)  Jentry Chau vs the Underworld (2024)IMDb Rating (7.9) / Rotten Tomatoes (100%) ဒီစီးရီးလေးကတော့ Netflix ကနေ သိပ်မကြာခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Animated Series လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျန်ထရီချောင်ဆိုတဲ့ အမေရိကန်-တရုတ် ကပြားကောင်မလေးဟာ ဆိုးလ်မြို့မှာကျောင်းတက်နေရင်း တစ်နေ့မှာတော့ နတ်ဆိုးတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ ထူးခြားတဲ့အစွမ်းတွေရှိနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုရင်ကိုယ်တိုင်က သူ့ကိုလိုက်ရှာနေပြီးတော့ အစွမ်းတွေကိုသိမ်းယူဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ ဒီကောင်မလေးတိုက်ခိုက်ခံရတာကိုသိလိုက်ရတဲ့အခါ သူ့အဘွားရဲ့အမဖြစ်သူက ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် မွေးရပ်မြေတက္ကဆက်ကိုပြန်ခေါ်ပါတော့တယ်။ဒီလိုနဲ့ ကြီးတော်ဖြစ်သူက သူ့အစွမ်းတွေကိုသုံးတတ်အောင် လေ့ကျင့်ပေးပြီးတော့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size…(400 MB) / (200 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action & Adventure, Animation, Comedy, Sci-Fi & Fantasy Duration….00:30:00 Subtitle….Myanmar ...
8.692
TMDb: 8.692/10 13 votes
tv

Jentry Chau vs the Underworld (2024)

2024
Plan B (2023) 6
Plan B (2023) Drama/Sci-Fi Mini Series ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်Episode 13 ပိုင်းပါပြီး တစ်ပိုင်းချင်းစီမှာလည်း Rating အသင့်အတင့်နဲ့တကယ်ကြည့်ကောင်းတဲ့ကားတစ်ကားပါ1 Win & 2 Nomination လည်းဆွတ်ခူးထားပါသေးတယ်ဘဝအတွက် အလုပ်ရယ် မိသားစုရယ် အနာဂတ်အစီအစဉ်တွေအတွက်နဲ့ရုန်ကန်နေကြရတဲ့အကြောင်းနဲ့ အချိန်နောက်ပြန်သွားတဲ့သိပ္ပံစိတ်ကူးယဉ်အကြောင်းအရာနှစ်ခုကိုအချိုးကျကျရိုက်ကူးထားပြီး လူတွေကိုမက်ဆေ့ချ်ကောင်းကောင်းလေးပေးထားပြီးနောင်တဆိုတာနောင်မှရတတ်တယ်၊ ရှိတုန်းတန်ဖိုးထားဖို့နဲ့အချိန်ကိုသာနောက်ပြန်သွားလို့ရခဲ့ရင်...ဆိုပြီးကျွန်တော်တို့လူသားတွေညည်းနေတတ်ကြတဲ့လောကကြီးက တကယ်နောက်ပြန်ပေးသွားလိုက်ရင်ရော အဆင်ပြေလာမှာလားဆိုတာကိုဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကြည့်ရမယ့်ဇာတ်ကားလေးပါဇာတ်လမ်းလေးကတော့ ဥပဒေသမားတစ်ယောက်ဖြစ်တဲ့ ဖီးလစ် နဲ့သူ့ရဲ့သူငယ်ချင်းပတ် တို့ဟာမြေယာအကျိုးဆောင်ကုမ္ပဏီအသစ်တစ်ခုထောင်ပြီး Contract ချုပ်ဆိုဖို့အသည်းအသန်ရုန်းကန်နေကြရပါတယ်နေ့ရောညပါရုန်းကန်နေရတဲ့ ဖီးလစ် ဟာသူ့ရဲ့ဇနီးဖြစ်သူ အယ်ဗလင် ကိုလည်း အလုပ်မှာအကူအနေနဲ့ခိုင်းထားရပါသေးတယ်ဒါပေမယ့်လည်း အလုပ်နောက်ကိုပဲစိတ်ရောလူရောနှစ်ပြီးလိုက်နေရာကနေဖီးလစ် နဲ့ အယ်ဗလင် တို့ဟာအိမ်ထောင်ရေးသွေးအေးသွားပြီး ပျက်ကွက်တာလေးတွေများလာရာကနေလမ်းခွဲဖို့အထိဖြစ်လာခဲ့ပါတော့တယ်ဒီချိန်ရောက်တော့မှ ဖီးလစ် ဟာစိတ်ဓာတ်ကျပြီး လွန်ခဲ့တဲ့အမှားတွေကိုပြန်ပြီးပြင်ဆင်ဖို့အတွက် မမျှော်လင့်ဘဲအချိန်ခရီးသွဦးတဲ့အေဂျင်စီတစ်ခုနဲ့ချိန်ဆက်မိသွားရာကနေ........ဘယ်လိုပဲအချိန်ကိုနောက်ပြန်သွားသည်ဖြစ်ပါစေ ဖီးလစ် တစ်ယောက်သူ့ရဲ့အိမ်ထောင်ရေးကိုပြန်ပြီးအဖက်ဆယ်နိုင်ပါ့မလား.....အသေးစိတ်လိုက်ပြီးဂရုစိုက်ပြင်ဆင်ပေမယ့်လည်း သူ့အလုပ်အကိုင်ကိုရောပြန်ပြီးပြင်ဆင်နိုင်ပါ့မလားသူ့ရဲ့နောင်တတွေကိုရော ပြန်ပြီးပြင်ဆင်နိုင်ပါ့မလားဆိုတာကိုတော့.........ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(549 MB)/(225 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama, Scifi & Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan ...
6
TMDb: 6/10 16 votes
tv

Plan B (2023)

2023
The Midwich Cuckoos (2022) 6.811
The Midwich Cuckoos (2022) တစ်မြို့လုံးကို အိပ်ငွေ့ချပြီး မိန်းကလေးတွေကို ချက်ချင်းဗိုက်ကြီးသွားစေတဲ့ လက်သည်က ဘယ်သူလဲ???ဒီသိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲလေးကတော့ စာရေးဆရာ John Wyndham ရဲ့ The Midwich Cuckoos ဆိုတဲ့ စာအုပ်ကို ဒါရိုက်တာ David Furr က ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပေါ်ကအတိုင်းပါပဲ။ အင်္ဂလန်က ကျေးလက်နယ်မြို့ကလေးတစ်ခုမှာ ထူးဆန်းတဲ့ရောင်ခြည်စက်ကွင်းတစ်ခု လွမ်းခြုံသွားပြီးနောက် တစ်မြို့လုံးက သတိလစ် လဲကျပြီး အိပ်မောကျသွားပါတော့တယ်။အကြောင်းတိုက်ဆိုင်လို့ မြို့ပြင်ရောက်နေတဲ့လူတွေကလည်း မြို့ထဲမှာ ကျန်ခဲ့တဲ့ ဇနီးမယား သားသမီးတွေကို ဆက်သွယ်ချင်ပေမဲ့ ဖုန်းဆက်လည်းမရ စာပို့လည်းမရတော့ပါဘူး။ စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရေးပေါ်တပ်ဖွဲ့တွေလည်း ရောက်ရှိလာပြီး စုံစမ်းပေမဲ့ မြို့ကိုလွမ်းခြုံထားတဲ့ မမြင်ရတဲ့ စက်ကွင်းကို ဖြတ်ကျော်သွားတာနဲ့ သတိလစ်သွားလို့ အရာမရောက်ဖြစ်နေကြပါတယ်။ ၁၂ နာရီအကြာမှာတော့ မြို့ထဲကလူတွေက ပြန်နိုးလာပြီး စက်ကွင်းလည်း မရှိတော့ပေမဲ့ မြို့ထဲက အမျိုးသမီးအများစုမှာတော့ ထူးဆန်းစွာပဲ ...
6.811
TMDb: 6.811/10 61 votes
tv

The Midwich Cuckoos (2022)

2022
Sad Power (2024)
Sad Power (2024) သေရွာပြန် စွမ်းအားရှင်များ (၂၀၂၄)သိပ်မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ နှလုံးသားထဲကစောရဇာတ်ကားထဲက ဖိုက်တာကိုကိုဂျက်ရဲ့ ဇာတ်လမ်းတွဲသစ်လေးကို ခုပဲ CM ချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ဒရာမာသီးသန့်မဟုတ်ဘဲ ကံဆိုးပြီး ဘတ်စ်ကားတိုက်ခံရပြီးနောက်မှာ ရုတ်တရက် အစွမ်းကိုယ်စီရလာတဲ့ လူတစ်စုအကြောင်းကို ဟာသလေးနှောလို့ ရှုစားရမှာပါ။အလုပ်မှာလည်းအဆင်မပြေ အမြဲမာန်မဲခံရ လူတကာက အထင်သေးတာခံရတဲ့ ယာဉ်နောက်လိုက်လေး အမောင်ထူဝါတစ်ယောက်ရဲ့ဘဝက ကောင်းကွက်ရယ်လို့ ခပ်ရှားရှားရယ်ပါ။ အလုပ်အကိုင်ဘာညာက ဆိုးရွားနေတော့ အချစ်ရေးကိုကြည့်ပြန်တော့လည်း ကားအုံနာသမီးခွန်ကမ်းနဲ့ စပယ်ယာဘဝမလို့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပြန်တာပေါ့။ကံကဆိုးလှပါပြီဆိုမှ ဘတ်စ်ကားလိုက်ရင်း အဘွားအိုတစ်ယောက် ကလေးတစ်ယောက်နဲ့ ကိုယ်ဝန်သည်တစ်ယောက်ကို ဝင်တိုက်မိပြန်ပါသတဲ့။ အဲဒီလိုနဲ့ ကြောက်လန့်တကြားဆင်းကြည့်ချိန်မှာ တစ်ယောက်မှ အသက်မရှူကြတော့လို့ ကားဆရာဂျို့နဲ့ ထူဝါတို့ ခြေမကိုင်မီလက်မကိုင်မီဖြစ်နေတုန်း ကားတိုက်ခံရတဲ့ ၃ ယောက်က ထူးထူးဆန်းဆန်း အသက်ပြန်ရှင်လာပြီး အကြောင်းကိုယ်စီ အစွမ်းကိုယ်စီနဲ့ ထူဝါအိမ်မှာ သောင်တင်ဖို့ဖြစ်လာချိန်မှာတော့....ဒီတိုင်းဆို နီးစပ်ဖို့ဝေးနေတဲ့ ပရဟိတသမားလေးခွန်ကမ်းနဲ့ အနေနီးနိုင်ဖို့အတွက် လောကကြီးကိုကယ်တင်ဖို့ သူတို့တွေစိတ်ပိုင်းဖြတ်လိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, KHHZ, ...

Sad Power (2024)

2024
Earth Abides (2024) 7.8
Earth Abides (2024)  Season ( 1 ) အပိုင်း ( ၁ - ၆ ) အထိ စ / ဆုံး   အစ်ရှာဝုဒ် ဝီလီယမ်ဆိုတဲ့ လူငယ်လေးက ပထဝီဝင်ဆိုင်ရာဘွဲ့ယူစာတမ်းအတွက် တောတောင်ထဲက သစ်သားအိမ်လေးတစ်လုံးမှာတစ်ယောက်တည်းနေထိုင်ပြီး သုတေသနပြုနေတုန်း ခလောက်မြွေတစ်ကောင် ကိုက်တာကို ခံလိုက်ရပါတယ်။သွားစရာဆေးရုံရယ်လို့ နီးနီးနားနားမရှိတဲ့အတွက် သူ့ဘာသာသူပဲဒဏ်ရာကိုကုရင်းကနေ သုံးပတ်လောက် မေ့မြောနေခဲ့ပေမဲ့အသက်ရှင်ကျန်ခဲ့ပါတယ်...ဒါပေမဲ့ တောတောင်ထဲကနေ မြို့ထဲသွားတဲ့အခါမှာတော့ ကပ်ရောဂါအသစ်စိုက်ပြီး လူသူမရှိတော့တဲ့ ကမ္ဘာကြီးနဲ့ပဲ ကြုံလိုက်ရပါတယ်...အဲဒီလိုကနေ သူ့မိဘအိမ်ပြန်တဲ့အခါမှာလည်း သူ့အဖေနဲ့အမေကိုမတွေ့ရဘဲ ဟိုတယ်တစ်ခုမှာနေနေတဲ့ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကိုသာ တွေ့ရပါတယ်...သူ့သဘောအရတော့ လက်မလျှော့ဘဲ ရှင်ကျန်သူတွေကို လိုက်ရှာရင်းလူထုအသိုင်းအဝိုင်းတစ်ခုကို ပြန်ထူထောင်ချင်ပေမဲ့ သူတွေ့ခဲ့သမျှလူတွေက သေဖို့ကို စိတ်ဆုံးဖြတ်ထားတာနဲ့ လက်မြှောက်အရှုံးပေးချင်တဲ့သူတွေနဲ့ဆိုတော့ နောက်ထပ်ရှင်ကျန်သူတွေကို ရှာမယ်လို့စိတ်ဆုံးဖြတ်ချက်ချပြီး ဟိုတယ်ကနေ ထွက်လာပါတယ်...သွားတဲ့လမ်းတစ်လျှောက်မှာ ရှင်ကျန်ရစ်တဲ့ ခွေးလေးတစ်ကောင်နဲ့တွေ့ပြီးအိမ်ပြန်ခေါ်လာလိုက်ပါတယ်...သူနဲ့ခွေးတစ်ကောင်အတူပေါင်းပြီး ရှင်ကျန်ရစ်သူတွေကို ဘယ်လိုရှာဖွေကြမလဲသူမျှော်လင့်ထားသလို လူသားမျိုးနွယ်ကို ပြန်တိုးများလာအောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီ Serie မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်...  File ...
7.8
TMDb: 7.8/10 17 votes
tv

Earth Abides (2024)

2024
One Hundred Years of Solitude (2024) 8.8
One Hundred Years of Solitude (2024) 1967မှာ ကိုလမ်ဘီယာစာရေးဆရာ Gabriel García Márquezက One Hundred Years of Solitudeဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေအနေနဲ့ရော စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ စာပေအနေနဲ့ရော စာပေသမိုင်းရဲ့အရေးပါတဲ့အထင်ကရမှတ်တိုင် တစ်ခုဖြစ်ခဲ့သလို Magical Realism Genreရဲ့ စံနမူနာစာအုပ်တစ်ခုလည်း ဟုတ်ခဲ့တယ်။ 1982မှာ Márquezဟာ စာပေနိုဘယ်ဆုရခဲ့ပြီး ဒီဆုရခဲ့တဲ့အဓိကအကြောင်းရင်းကလည်း သူ့ရဲ့မာစတာပိစ်ဖြစ်တဲ့ One Hundred Years of Solitudeကြောင့်ဖြစ်ခဲ့တယ်။Márquezမသေခင် ၂၀၁၄အထိကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလို့ စာရေးသူကိုယ်တိုင် ပြောခဲ့ဖူးတယ်။ သူ့ပရိသတ်တွေကလည်း စာပေက မဖြစ်နိုင်တဲ့ကမ္ဘာတွေကို စာဖတ်သူ ကိုယ်တိုင်စိတ်ကူးပုံ‌ဖော်ကြည့်လို့ရတဲ့ ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ပြီး ဒီအရသာက ဘာနဲ့မှသွားတုလို့မရဘူးတဲ့အတွက် ရိုက်လို့ရမှာမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။Márquezကိုယ်တိုင်ကလည်း ရုပ်ရှင်ဆိုတာနဲ့ ဒီစာအုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ Márquezနိုဘယ်ဆုမရခင် 1981မှာတုန်းက ဂျပန်ကဗျာဆရာ ဒါရိုက်တာ Shūji Terayamaက ...
8.8
TMDb: 8.8/10 30 votes
tv

One Hundred Years of Solitude (2024)

2024
Let This Grieving Soul Retire (2024) 7.2
Let This Grieving Soul Retire (2024) MyAnimeList – 6.9/10တိုင်းပြည်အနှံ့ Dungeon လိုမျိုး ရတနာသိုက်လို နေရာတွေ ပေါ်ပေါက်လာပြီး နေရာအနှံ့နှံ့က လူတွေကဒီ ရတနာသိုက်တွေကို လိုက်ပြီး ရှာဖွေကြတဲ့အခါ Hunter တွေဆိုပြီး ဖြစ်ပေါ်လာပါတယ်။ဒီ ရတနာသိုက်တွေကလည်း Dungeon တွေကို သက်ဆိုင်ရာ Level ရှိတဲ့ Monster တွေနဲ့ ပြည့်နှက်နေပြီးRelic ဆိုတဲ့ ရှေးဟောင်းအစွမ်းထက် ပစ္စည်းလေးတွေ ရတတ်ကြတာပေါ့။အဲဒီမှာ ထိပ်ဆုံး နံပါတ် ၁ ဖြစ်နေတဲ့အဖွဲ့က Grieving Souls ဆိုတဲ့အဖွဲ့ အကြမ်းဆုံးပဲ။ငယ်သူငယ်ချင်း ၆ ယောက် စုပေါင်းပြီး Krai ဆိုတဲ့ MC ကောင်က ခေါင်းဆောင်လုပ်တဲ့အဖွဲ့။ဒါပေမဲ့ ခက်တာ ဒီ MC ဖြစ်တဲ့ကောင်က အာပေတူး ထူးခြားတဲ့စွမ်းရည် မရှိဘူးရယ် သူ့ကောင်တွေကသောက်ရမ်း OP ဖြစ်နေပြီး သူ့ကို ခေါင်းဆောင်တင်ထားလို့သာ ဆရာကြီးဖြစ်နေတာ။နောက်ပြီး ပိုဆိုးတာက သူ့ ...
7.2
TMDb: 7.2/10 4 votes
tv

Let This Grieving Soul Retire (2024)

2024
Secret Level (2024) 9
Secret Level (2024) Game ချစ်သူတွေ Animation ချစ်သူတွေအတွက် အမျှော်လင့်ရဆုံးဖြစ်တဲ့ Secret Level က ဒီနေ့ ထွက်ရှိလာခဲ့ပါပြီ။ထုံးစံအတိုင်း Amazon Prime က ထုတ်လုပ်ပေးထားတာမို့ ကွာတလီပိုင်းက မကောင်းမှာတော့ ပူမနေနဲ့တော့ဗျာ။တစ်ပိုင်းစီက Game တစ်ခုချင်းစီရဲ့အကြောင်းကို အခြေခံ ဖန်တီးထားတဲ့ သီးခြားဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။နာမည်ကျော်ဂိမ်းတွေအနေနဲ့ဆို Pac Man, Mega Man, Warhummer, Dungeon & Dragons, Sifu စသဖြင့်ဒါတွေအပြင် တခြားဂိမ်းဇာတ်လမ်းပေါင်းစုံတွေ ဖြစ်ပါတယ်။ဒီနေ့မှာတော့ စုစုပေါင်း ၈ ပိုင်းထွက်ရှိထားပြီး ကျန်တဲ့အပိုင်းတွေတော့ နောက်တစ်ပတ်မှ ဆက်လက်ထုတ်လွှင့်ပေးသွားမှာပါ။ဆိုတော့ကား အညွန်းကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး အားရပါးရ တမုန်းကြည့်ကြဖို့သာ အားခဲထားကြပါလို့။ File Size : 380 MB Quality : WEB-DL 1080p Running Time : 20min Format : Mp4 Genre : ...
9
TMDb: 9/10 1 votes
tv

Secret Level (2024)

2024
Gremlins: Secrets of the Mogwai (2024) S1/S2 8
Gremlins: Secrets of the Mogwai (2024) S1/S2  Gremlins: Secrets of the Mogwai (2023) Season 01IMDb Rating (7.0) / Rotten Tomatoes (100%) Gremlins အကောင်လေးတွေက ငယ်ငယ်က Cartoon Network မှာ ဇာတ်လမ်းတွဲ ရုပ်ရှင်တွေအဖြစ် ကြည့်ခဲ့ကြဖူးတာ မှတ်မိမှာပါ။အခုတော့ ဒီဂရမ်မလင်အကောင်ထဲကမှာ မော်ဂွိုင်းလို့ခေါ်တဲ့ ဒဏ္ဍာရီလာ ရှဉ့်လေးရဲ့ လျှို့ဝှက်စွန့်စားခန်းတစ်ပုဒ်ကို HBO Max က ဇာတ်အိမ် Budget ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်လိုက်ပါပြီ။မော်ဂွိုင်းဆိုတဲ့ သတ္တဝါလေးတွေကြောင့် အရင်က တရုတ်ပြည် ရှန်ဟိုင်းမြို့ကြီးနဲ့အပြိုင်စည်ကားခဲ့တဲ့ ဖန်ဒွန်းမြို့ကြီးဟာ ပျက်စီးခဲ့ဖူးပါတယ်။ဒီကောင်လေးတွေကို စားရင် ထာဝရရှင်သန်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်တာကြောင့် ရတနာမုဆိုးတွေရဲ့ လိုက်လံမျိုးတုန်းသတ်ဖြတ်ခြင်းကိုခံရပြီး ပျောက်ကွယ်သွားခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ။ဒါပေမယ့် ရှန်ဟိုင်းမှာ ဆေးဆရာအဖြစ်အသက်မွေးတဲ့ ဝင်းမိသားစုက ဆမ်နဲ့ သူ့အဖိုးဖြစ်သူတို့ ဈေးဝယ်ထွက်လာရင်း ဆပ်ကပ်ပွဲမှာ ရှေးဟောင်း ...
8
TMDb: 8/10 27 votes
tv

Gremlins: Secrets of the Mogwai (2024) S1/S2

2023