Channel Myanmar

Yuki Imai

Our Youth (2024) 9
Our Youth (2024) Our Youth (2024) ****************စ/ဆုံးဒီတစ်ခေါက်မှာတော့ ကိုရီးယား BL Webtoon "Our Youth" (미성년) ကို ပြန်လည်ရိုက်ကူးထားတဲ့ဂျပန် BL Series 'Our Youth' ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဘဝမှာ ဆယ်ကျော်သက်အရွယ်တုန်းက ကျောင်းတက်ရင်းနဲ့ ရင်ခုန်စေခဲ့တဲ့သူ ရှိကြလား...ဒီဇာတ်ကားလေးထဲမှာတော့ အထက်တန်း ကျောင်းသားလေးတွေ ဖြစ်ကြတဲ့ စာဂျပိုးကောင်လေးနဲ့ဂျစ်ကန်ကန်လူဆိုးလေးတို့ကြားက ဖြူစင်ရိုးသားတဲ့ အချစ်တစ်ခုကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲပြီး၁၅၀၀ အချစ်အဖြစ် ပေါက်ဖွားလာပုံကို ကြည်ကြည်နူးနူး ကြည့်ရှုရမှာဖြစ်ပါတယ်...မိသားစုအခြေအနေ လုံးဝမတူတဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေတဲ့မိဘတွေဆီက ဆင်းသက်လာပြီး တစ်ယောက်ကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ခံနေရတာပါ...ကျောင်းရဲ့ပြဿနာအိုးလေး ဟရူကီကို တည်ငြိမ်သူ မိနဆဲဂျင်းဟာ အမြင်မကြည်ခဲ့ပေမဲ့ဟရူဟီရဲ့ လျှို့ဝှက်ချက်ကို သိပြီးနောက် ကရုဏာဖြစ်မိပါသတဲ့...အဲဒီကနေစပြီး ခပ်မြန်မြန်ရင်းနှီးသွားကြရင်းခံစားချက်တွေ ထပ်တူကျသွားပါတော့တယ်...မိသားစုရဲ့ ဖိအားပေးမှုနဲ့ ဂရုမစိုက်မှု‌တွေကြားမှာ အချင်းချင်း မှီခိုရင်း၊ရယ်မောအောင် ကူညီဖေးမကြရင်း ကျောင်းသားဘဝကို အတူတူရှေ့ဆက်လျှောက်လှမ်းပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးထဲမှာတော့ အရွယ်တစ်ခုရောက်ရင်အိမ်ထောင်ပြုဖို့ ဖိအားတွေအပြင်ဥပဒေအရ တရားမဝင်နိုင်တဲ့ ...
9
TMDb: 9/10 8 votes
tv

Our Youth (2024)

2024