Channel Myanmar

Yoo Yeon-seok

Whenever Possible Season 3 (2025) 7.8
Whenever Possible Season 3 (2025) Whenever Possible Season 3 (2025)************************************အပိုင်းသစ် (13+14) Guest- Mingyu & Hoshi Whenever possible ကို မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် Season 3 အဖြစ်ပရိသတ်ကြီးတို့ထံကို ရောက်ရှိလာခဲ့ပါပြီရှင်။ယူဂျယ်ဆော့နဲ့ ယူယွန်းဆော့တို့ အတွဲညီညီနဲ့ တင်ဆက်ထားပြီး ပြည်သူတွေရဲ့အားလပ်ချိန်မှာပရိသတ်ပြည်သူတို့ရဲ့ နှစ်သက်မှုများကို လေ့လာပြီး ပျော်ရွှင်မှုတွေကို အတူတူမျှဝေခံစားကြတဲ့အစီအစဉ်လေးဖြစ်တာမို့ ကြည့်ရှုသူများအနေနဲ့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ။အပိုင်းတစ်ပိုင်းစီမှာ ဘယ်ဧည့်သည်တွေနဲ့အတူ ဘယ်လိုပြည်သူတွေဆီကိုသွားပြီး ပျော်ရွှင်မှုတွေကိုဖန်တီးကြမလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။) Aired: May 6, 2025 - ? Aired On: Tuesday Genres: Comedy, Life, Reality Show Episodes: 20 Original Network: SBS Translated by CM Team  Encoded by Tiff  «««   Telegram Channel  »»» Episode 01 [720p]       »»»  ...
7.8
TMDb: 7.8/10 votes
tv

Whenever Possible Season 3 (2025)

Hospital Playlist Season 1 (2020)
Hospital Playlist Season 1 (2020) Hospital Playlist Season 1 (2020)==================Korea Drama List မှာ Rating 10/10 ထိရရှိထားတဲ့ Reply စီးရီးတွဲ Universe ထဲကMedical နဲ့ Music ကို အခြေခံထားတဲ့ Healing Drama လေးပါ။#Unicodeဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။တစ်ယောက်က ပျော်တတ်တယ်။တစ်ယောက်က အူကြောင်ကြောင်။တစ်ယောက်က စာအုပ်ကြီးသမား။တစ်ယောက်ကတော့ ခံစားလွယ်တယ်။တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုက သဘောကျစရာပါ။ဆရာဝန်တွေ‌ ပြောနေကျစကားတွေကို သိလား?????"မသေချာပါဘူးခင်ဗျာ" တို့ . "မသိသေးပါဘူး" တို့ ဆိုတာလေ . ဒါမှမဟုတ် "စောင့်ကြည့်ရဦးမယ်" ဆိုတာမျိုးဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ တာဝန်ယူရတာကြောင့်ပါပဲလူနာအကြောင်းကို ယုံကြည်မှုရှိရှိနဲ့ ...

Hospital Playlist Season 1 (2020)

2020
When the Phone Rings (2024)
When the Phone Rings (2024) When the Phone Rings (2024)*****************************အပိုင်း ၁ မှ ၁၂ စ/ဆုံး ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ သိပြီးသား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Yoo Yeon Seok၊Chae Soo Bin၊ Huh Nam Jun နဲ့ Jang Guy Ri တို့က အဓိကပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုအချစ်ဇာတ်ကားလေးကို CM မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဇာတ်လမ်းအညွှန်း--------------------------Baek Sa Eon ကတော့ ဂုဏ်သရေရှိ နိုင်ငံရေးမိသားစုကနေ ဆင်းသက်လာပြီး ကိုရီးယားမှာအသက်အငယ်ဆုံး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။သူဟာ စစ်ပွဲသတင်းထောက်၊ ဓါးစာခံ စေ့စပ်ညှိုနှိုင်းရေးမှူး၊ ရေဒီယို ရုပ်မြင်သံကြာတွေမှာတွေ့ဆုံမေးမြန်ခန်း အဓိကတင်ဆက်သူအဖြစ်လည်း လုပ်ကိုင်နေတဲ့သူပေါ့။Hong hui Ju ကတော့ သတင်းစာတိုက်ပိုင်ရှင်ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကဖြစ်ခဲ့တဲ့အက်ဆီးဒင့်ကြောင့် သူမရဲ့အသံကို ဆုံးရှုံးလိုက်ရပြီး အခုချိန်မှာတော့ တရားရုံးနဲ့ ရုပ်မြင်သံကြားဌာနမှာလက်သင်္ကေတဖြင့် စကားပြန်လုပ်နေသူတစ်ယောက်ပါ။ဒီလိုနဲ့ပဲ ...

When the Phone Rings (2024)

2024
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
Bro&Marble in Dubai (2023)
Bro&Marble in Dubai (2023) Bros and Marble (2023)ပရိသတ်ကြီးတို့ရေ... ဒီတစ်ခါတော့ K-Drama Fan တွေရာ K-Pop Fan တွေရောရဲ့ အချစ်တော်တွေပါဝင်တဲ့ TVing ရဲ့ Bro & Marble ဆိုတဲ့ အစီအစဥ်လေးပဲ ဖြစ်ပါတယ်။ငယ်ငယ်က ကစားဖူးခဲ့ကြတဲ့ မိုလိုမိုနီကစားပွဲ (Blue Marble ကစားပွဲ)ကို တစ်ကယ့်မြေပြင်မှာ ဉာဏ်စွမ်းရည်တွေ အသုံးချပြီး ကစားကြတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖျော်ဖြေရေးနယ်ပယ်အသီးသီးက ညီအကိုတွေ "Bros" တွေက တစ်ကယ့် ငွေအစစ်တွေနဲ့ ဒူဘိုင်းရဲ့ အထင်ကရနေရာတွေကို ဝယ်ယူကြမှာပါ။ ဒါ့အပြင် "Bros" တွေနဲ့အတူ သူတို့ဝယ်ယူထားတဲ့ ဒူဘိုင်းရဲ့ သဲကန္တာရနဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး စတဲ့နေရာတွေကို လည်ပတ်ကြရဦးမယ်ဆိုတော့ ရသကို စုံနေတာပဲပေါ့နော်... ကစားပွဲရဲ့ ဒိုင်အဖြစ် သရုပ်ဆောင် Lee Seung Gi (လီဆွန်းဂီ) တာဝန်ယူရတာဖြစ်ပြီး ကစားသမားတွေကတော့ Running Man ရဲ့ အစ်ကိုကြီး Ji ...

Bro&Marble in Dubai (2023)

2023
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...

Interests of Love (2022)[Complete]

2022
Narco-Saints (2022) [Complete] 7.333
Narco-Saints (2022) [Complete] Narco-Saints (2022)အပိုင်းသစ် - ၁ မှ ၆ [အစ-အဆုံး](1080p များလည်း ရပါပြီ)အွန်းဆူဆိုတဲ့ သူဟာ မိဘ(၂)ပါးလည်းမရှိ ..ငယ်စဉ်ကတည်းက ပညာလည်းကောင်းစွာမသင်ရတော့ ဘဝကအတော်ရုန်းကန်ရတယ်။ ဒါပေမဲ့သူဟာ အမေရိကန်သံရုံးကသူတွေနဲ့နီးစပ်ခဲ့လို့ အင်္ဂလိပ် စကားအတော်အတန် ပြောတတ်တဲ့အပြင် သူ့မိသားစုလည်း သူ့လိုမဖြစ်စေရဘူးဆိုတဲ့စိတ်ကြောင့် အလုပ်အကိုင်တွေ ကြိုးစားလုပ်လို့ အတော်အဆင်ပြေလာတယ်။ဒီနောက်တော့ ပိုချမ်းသာချင်တဲ့သူ့ဆီကို ကုန်သည်တစ်ယောက်က ဆူရာနမ်ဆိုနိုင်ငံက ငါးတွေကို ကိုယ်တိုင် ကုန်ကူးဖို့ လာရောက်ဆက်သွယ်တယ်။ ဒီတော့ သူဟာ ဆူရာနမ်ကို သွားခဲ့တယ်...လူရည်လည်တဲ့သူ့အဖို့ သိပ်အခက်အခဲမရှိပေမဲ့ အဲ့ဒီကာလများဆီမှာ ကိုရီးယားကို ဆူရာနမ်ကနေ မူးယစ်ဆေးတွေသွင်းနေတဲ့အကောင်ကြီးကြီး တစ်ကောင်လည်းရှိတယ်။အဲ့ဒီနောက်မှာတော့ ...ဒီစီးရီးက ဘက်ဂျက်တွေအများကြီးသုံးထားသလို နာမည်ကြီး cast တွေချည်းသုံးထားပြီး ဖြစ်ရပ်မှန်အပေါ်အခြေခံထားတယ်လို့လည်းဆိုတာမို့ ဒီလထဲ အကြည့်သင့်ဆုံး အကြမ်းဆုံး ကိုရီးယားစီးရီးဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက် နင်းကန်ကြည့်သင့်ပါကြောင်း ...Aired                ...
7.333
TMDb: 7.333/10 3 votes
tv

Narco-Saints (2022) [Complete]

2022
Hospital Playlist Goes Camping (2021) 9
Hospital Playlist Goes Camping (2021) Hospital Playlist Goes Camping (2021)Hospital Playlist နဲ့ Camping ဆိုရင် တွဲမြင်ကြပြီးသား ဖြစ်မှာပါ။Mi Do Fa La Sol အဖွဲ့လေးဟာဆိုရင်လည်း စခန်းချခရီးစဉ် အတူသွားဖြစ်ခဲ့ရာကနေ စတင်လာခဲ့တာပါ။စခန်းချခရီးစဉ် ဆိုတာကတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ တောင်ပေါ်ကို ညအိပ်ညနေ သွားကြတာမျိုးပါ။အခုခေတ် လူမှုဘဝနဲ့ ယှဉ်ရင် စခန်းချခရီးစဉ် သွားတဲ့အချိန်မှာ နှလုံးသားချင်းတွေ ပိုပြီး နီးကပ်နိုင်ကြပါတဘ်။တောကြီးမျက်မည်းထဲမှာ ဖြစ်တဲ့အတွက် စကားပြောမယ့်လူက သွားတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မှာပါ။ ဒီတော့ လူမှုကွန်ရက်တို့ ဖုန်းတို့နဲ့ ကင်းဝေးပြီး လူလူချင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောနိုင်ကြမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ရင်းနှီးတဲ့လူတွေ သွားရင်တော့ နှလုံးသားတွေ ပိုလို့ နွေးထွေးရတာပေါ့။ အခင်မင်ဆုံးသူငယ်ချင်းတွေ သွားတဲ့ ခရီးစဉ်ဟာ သံယောဇဉ်ကြိုးတွေကို ပိုလို့ တိုးစေမှာ အမှန်ပါပဲ။ဒီအစီအစဉ်လေးကတော့ နွေးထွေးမှုရှိပြီးသား ဖြစ်တဲ့ Hospital Playlist Squad ထဲက သူငယ်ချင်း ၅ ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ...
9
TMDb: 9/10 1 votes
tv

Hospital Playlist Goes Camping (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021
Warm and Cozy(2015)[Complete] 6.4
Warm and Cozy(2015)[Complete] Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံးWarm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား... ...ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား... Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့ ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့ ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်... ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ...အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ...အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး....အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို ...
6.4
TMDb: 6.4/10 4 votes
tv

Warm and Cozy(2015)[Complete]

2015
Reply 1994
Reply 1994 Reply 1994   ကဲ.. CM က အချစ်တို့ရေ..... 90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား... ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား.. အဖြေက Yes! ဆိုရင်တော့... ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့...   ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း ... ပတ်ဝန်းကျင်.... လူ့သဘောထား... ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့... အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလို နွေးနွေးထွေးထွေးလေး ခံစားရမှာနော်... ( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်... )   အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်း ကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျ လွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်... ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ.... အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ... အဲ့ဒီခေတ်အခါက လူ့သဘော... လူ့အကြိုက်... အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီး ရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေး ကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်...   ဇာတ်လမ်းလေးကတော့ ...

Reply 1994

2013
Mr. Sunshine ( Completed ) 7
Mr. Sunshine ( Completed ) Netflix ကနေ ကျတော်တို့ အချစ်တော် မင်းသားကြီး လီဗြောင်ဟွန်းနဲ့ စီးရီးတစ်ခု စတင်ပြသလိုက်ပါပြီ။ထရေလာနဲ့တင် ရုပ်ရှင်ချစ်သူတွေ စိတ်ဝင်စားနေကြမှာပါ။ မနေ့ညက အပိုင်း ၁ ထုတ်လွှင့်အပြီးမှာ အတော်များများ အကြိုက်တွေ့နေကြပါပြီ။ဇာတ်လမ်းကတော့ ၁၈၇၁ခုနှစ်ကာလကို အခြေခံထားပါတယ်။ သမိုင်းနောက်ခံ ဒရာမာ အက်ရှင်အမျိုးအစားပါ။ဂျိုဆန်က အစေခံလူငယ်လေးတစ်ယောက်ဟာ. အမေရိကန်ကို ထွက်သွားခဲ့ပြီး အမေရိကန် မရိန်းစစ်သည်အနေနဲ့ ပြန်ရောက်လာခဲ့ပါပြီ။သမိုင်းနောက်ခံကာလကတော့ အမေရိကန် ကိုးရီးယား ပဠိပက္ခဖြစ်ချိန်နဲ့ ဂျပန်က ကိုရီးယားကို သိမ်းပိုက်ဖို့ လုပ်နေချိန်လောက်မှာပါ။တကယ့်သမိုင်းနောက်ခံတွေနဲ့ အရှုပ်တော်ပုံတွေကို လီဗြောင်ဟွန်းရဲ့ သရုပ်ဆောင်မှုနဲ့တွဲပြီး ခံစားကြည့်ရအောင်။ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားကြသူတွေကတော့ThinZar Htet , May Thazin Soe , Cherry CoeNga Lunn , Hein That Naingတို့ပဲ ဖြစ်ပါတယ်Encoded By Thit San Khant , LKDownload List ------------ EP 01 ...
7
TMDb: 7/10 1 votes
tv

Mr. Sunshine ( Completed )

2018