Channel Myanmar

Xu Yang

Rose and Gun (2025)
Rose and Gun (2025) CMပရိသတ်ကြီးရေ ယခုအကြိမ်CMမှ တင်ဆက်ပြသမယ့်ဇာတ်လမ်းတွဲလေးကတော့ ရေကြောင်းစစ်တပ်ခေါင်းဆောင်ဝူစစ်နဲ့ သတင်းထောက်မလေး ထန်ရှင်းတို့အကြား ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ထန်ရှင်းက အမှီအခိုကင်းပြီးအလုပ်ကိုသာအာရုံစိုက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ကာ အိမ်ထောင်ရေးကိုသိပ်မလိုလားသလိုထင်ရပေမဲ့ သူမရဲ့အတွင်းစိတ်ထဲမှာတော့ သူရဲကောင်းတစ်ဦးနဲ့ဖူးစာဆုံချင်တဲ့စိတ် ရှိနေပါတယ်။ သူမက တစ်ရက်မှာ ဘလိုင်းဒိတ်တစ်ခုသွားရင်းအမှတ်မထင် ထူးချွန်တဲ့ရေကြောင်းစစ်တပ်အရာရှိတစ်ဦးဖြစ်တဲ့ ဝူစစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ဦးဟာ အချင်းချင်းလိုက်ဖက်တယ်လို့ထင်ရပေမဲ့ လက်တွေ့မှာတော့တစ်ဦးကိုတစ်ဦး အမြင်မကြည်ရာကနေ ကံကြမ္မာအလှည့်အပြောင်းကြောင့်နောက်ဆုံးမှာ ချစ်သူတွေဖြစ်ခဲ့ကြရပါတယ်။ ရှေ့လျှောက်ပြီး ချစ်သူနှစ်ဦးဟာလုပ်ငန်းခွင်ကွာခြားမှု၊ အမြင်မတူမှုတွေကြောင့် ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရကာသူတို့ရဲ့ချစ်ခရီးလမ်းကို ဘယ်လိုလျှောက်လှမ်းကြမယ်ဆိုတာကိုCMပရိသတ်ကြီးတို့ စောင့်မျှော်ကြည့်ရှု ခံစားပေးကြပါဦးနော်။ ===================================Quality : WEB-DL 1080p , 720p Total Episodes : 34 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary ...

Rose and Gun (2025)

2025
You’ll Never Walk Alone ( 2023 )
You’ll Never Walk Alone ( 2023 ) နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အရောင်းဌာနရဲ့ဒါရိုက်တာ ရှန်ဟိုင်းမြို့သူလေး ရှယွမ်၊ ချစ်သူဖြစ်တဲ့စုန့်ဟန်ယွီနဲ့ ၃နှစ်ကြာလက်တွဲခဲ့ကြပြီးနောက်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ချစ်သူကတော့သူမကို အဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားခဲ့ပါတယ်။ စုန့်ဟန်ယွီ ဩစတြေးလျကိုသွားတယ်လို့သိသွားတဲ့ရှယွမ်တစ်ယောက် ဩစတြေးလျကိုလိုက်သွားပြီးရှာဖို့ပြင်ဆင်ခဲ့ပါတယ်။(function(f,b,n,j,x,e){})();အဖေ့ကုမ္ပဏီ ဒေဝါလီခံရပြီးနောက် ဩစတြေးလျကိုအလုပ်လုပ်ဖို့ရောက်လာတဲ့ ဟောင်ဝေ့လိုင်။ ရှန်ဟိုင်းမြို့မှာတွေ့ဆုံလ​က်ထပ်ပြီးကွာရှင်းခဲ့ကြတဲ့ ယဲ့စီးချီနဲ့ချောင်ပင်း။ ဘဝသစ်ကိုစတင်ချင်နေတဲ့ ခေါင်းမာတဲ့ ယဲ့စီးချီ။ ယဲ့စီးချီနောက် ဩစတြေးလျထိလိုက်လာခဲ့တဲ့ ချောင်ပင်း။(function(f,b,n,j,x,e){})();ရှန်ဟိုင်းမြို့ကအစပြုလို့ ဩစတြေးလျအထိရေစက်ပါလာကြတဲ့ ရှယွမ် ဟောင်ဝေ့လိုင် ယဲ့စီးချီ ချောင်ပင်းတို့လေးယောက်သား စိုက်ခင်းတွေ ရွက်လှေကုမ္ပဏီတွေ ပန်းခြံနဲ့တခြားနေရာတွေမှာအလုပ်လုပ်ကြရင်း ခိုင်မြဲတဲ့ သံယောဇဥ်ချည်နှောင်မိလာပါတော့တယ်။လေးဦးသားအတူတူကြီးပြင်းရင့်ကျက်လာကြရင်း၊ အချင်းချင်းပြဿနာတွေကိုကူညီဖြေရှင်းပေးရင်း၊ ဘဝခရီးကိုအတူတကွရှေ့ဆက်ခရီးနှင်ကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ခံစား ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။=========================Quality : WEB-DL 1080p , 720p Total Episodes : 28 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK========================= Ep 1 ( 720p ) - ...

You’ll Never Walk Alone ( 2023 )

2023