Channel Myanmar

Xu Hao

Si Jin (2025) 10
Si Jin (2025) ချစ်ရတဲ့သူ ယွီကျင်းလက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရပြီးနောက်ပြန်လည်မွေးဖွားလာတဲ့ တုံပင်းဘိုစံအိမ်က သခင်‌မလေး ၄ ကျန်းရှီသူ့ရဲ့ကံကြမ္မာကို ပြန်လည်ရေးသားနိုင်ဖို့အတွက် စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့ပြီးတော့ရေမွှေးဆိုင်ဖွင့် စီးပွားရေးလုပ်ရင်း ဆန်းကြယ်တဲ့မှုခင်းတွေကို ဖြေရှင်းခဲ့ပါတယ်။အတိတ်ကမဖြေရှင်းနိုင်သေးတဲ့ကိစ္စတွေနဲ့အတူ ပြန်လည်ဆုံတွေ့လာကြတဲ့သူတို့နှစ်ဦး ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ ကျန်းရှီမောင်နှမတွေနဲ့သူမအဖေရဲ့နာမည်ကိုရှင်းလင်းနိုင်ဖို့အတွက် ယွီကျင်းနဲ့အတူပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အခက်အခဲ‌တွေကိုအတူရင်ဆိုင် ကျော်လွှားခဲ့ကြပြီးနောက်မှာတော့ ယွီကျင်းအပေါ်ကျန်းရှီရဲ့ခံစားချက်တွေပြောင်းလာခဲ့ပါတယ်။ နှစ်ယောက်အတူကျိုးတိုင်းပြည်ကိုကာကွယ်ရင်း တစ်ယောက်နဲ့တစ်ယောက်အတိတ်ကအချစ်ဇာတ်လမ်းလေးပြန်လည်ပေါက်ဖွားပြီး အတိတ်ကဖြစ်ရပ်ဆိုးကို ဘယ်လိုကျော်လွှားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။===========================Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Romance, Historical Runtime : 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Shwe Pyae Sone Encoded by LK======================================Ep 1 (720p) - GDToT/ Yoteshin/ ...
10
TMDb: 10/10 1 votes
tv

Si Jin (2025)

2025
Kill Me Love Me (2024)
Kill Me Love Me (2024) မင်းသားလေးတစ်ပါးနဲ့ မိသားစုအတွက်လက်စားချေဖို့ကြိုးစားနေတဲ့မိန်းမလှလေးတစ်ယောက်တို့ရဲ့ အကွေ့အကောက်တွေကြားကခက်ခက်ခဲခဲချစ်မိသွားတဲ့ ချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘုရင့်သားတော်တစ်ပါးဖြစ်တဲ့ မုရုံကျင်ဟယ် - ချင်းကျိုးကိုပြန်သိမ်းနိုင်ဖို့စစ်ချီခဲ့တယ်။စစ်အောင်နိုင်လို့ချင်းကျိုးမြို့ထဲကိုဝင်တဲ့အခါ မီးကြီးဟာရုတ်တရက်လောင်နေခဲ့တယ်။အားလုံးကတော့ ဒါဟာမင်းသားကပြည်သူတွေအပေါ်အငြိုးမပြေပဲပြုမူတဲ့ရက်စက်တဲ့လုပ်ရပ်လို့ထင်ကြတယ်။ ဒီလိုနဲ့သူဟာဖြောင့်မတ်တဲ့စစ်သူကြီးအဖြစ်ကနေရက်စက်တဲ့လူသတ်သမားစစ်သူကြီးဖြစ်သွားခဲ့တယ်။ အဲဒီမီးကြီးထဲမှာမေလင်ဆိုတဲ့မိန်းကလေးရဲ့မိသားစုဟာ အသက်ဆုံးရှုံးလိုက်ရတယ်။အဲ့ဒါကြောင့် မေလင်ဟာ မိသားစုအတွက်လက်စားချေဖို့ရာလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထဲဝင်ခဲ့တယ်။ အပြင်းအထန်လေ့ကျင့်ပြီးတဲ့အခါမှာတော့အဆိပ်ရည်ကိုသောက်ပြီး လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့တယ်။ မေလင်ဟာနောက်ဆုံးမှာတော့ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူ့မိသားစုကိုသတ်သွားတဲ့ရန်သူမင်းသားမုရုံကျင်ဟယ်ကိုသတ်ဖို့ တာဝန်ပေးခံရတယ်။ ဒါပေမယ့် သူမသိလိုက်တာကတော့ဒီအရာအားလုံးက မုရုံကျင်ဟယ်ရဲ့ အစီအစဉ်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ မိန်းကလေးရဲ့လက်စားချေတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ……တကယ့်နောက်ကွယ်ကတရားခံကရော ဘယ်သူဖြစ်နေမလဲ……မင်းသားလေးနဲ့မိန်းကလေးရဲ့အချစ်ခရီးကရော ချောမွေ့နိုင်ပါ့မလားဆိုတာစောင့်ကြည့်လိုက်ရအောင်နော်။========================================Quality : WEB-DL 4K HEVC , 1080p , 720p Total Episodes : 32 Format : mp4 Genres :  Romance, Drama, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...

Kill Me Love Me (2024)

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024