Channel Myanmar

Tong Dawei

The Tale of Rose (2024)
The Tale of Rose (2024) အားလုံးစောင့်မျှော်နေကြတဲ့ နာမည်ကြီးမင်းသမီး Liu Yi Fei နဲ့ နာမည်ကြီး မင်းသား ၅ ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ The Tale of Rose ဇာတ်လမ်းတွဲကိုတော့ ဒီနေ့ကစပြီး ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်မူရင်းဝတ္ထုကိုရေးတဲ့ စာရေးဆရာမက မကြာသေးခင်ကမှ ပြီးသွားတဲ့ Xu kai နဲ့ Yang Zi သရုပ်ဆောင်ထားတဲ့ Best Choice Ever ကို ရေးခဲ့တဲ့ စာရေးဆရာမ Yi Shu မို့ ဒီတစ်ခါလည်း အမျိုးသမီး ဇာတ်ကောင်တွေကို အသားပေးပြီးရေးတတ်တဲ့ ဆရာမရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ကြည့်ရှုရဦးမှာပါဇာတ်လမ်းအညွှန်းပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ ဟွမ်ယိမေ (Liu Yi Fei) ဟာ မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာရသလို ငယ်စဥ်ကတည်းကစပြီး သူ့ရဲ့ အနုပညာပါရမီတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်အဲဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်လာတဲ့ ဟွမ်ယိမေဟာ ထူးချွန်တဲ့အရည်အချင်းတွေကြောင့် နေရာပေးခံခဲ့ရသလို မကြာခင်မှာ လုပ်ဖော်ကိုင်ဖက် ကျွမ့်ကော်တုန်း (Peng Guanying) နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပေမဲ့ သူ့တို့ရဲ့ ...

The Tale of Rose (2024)

2024
Prosecution Elite ( 2023 ) 5.5
Prosecution Elite ( 2023 ) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ ကားလေးကတော့ကျော်ကြားသော ဥပဒေကျောင်းမှ ကျောင်းသူ ရှေ့နေမလေး အန်းနီရဲ့ ဇာတ်လမ်းကိုသည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ရှေ့နေစုံထောက်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားရဲ့အကြောင်းအရာကတော့ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေမလေး အန်းနီဟာကျန်းချိန်စုံစမ်းစစ်ဆေးရေးရှေ့နေဌာနသို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ခက်ခဲနက်နဲသောရာဇဝတ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး မှုခင်းရဲတပ်ဖွဲမှူး ဟယ်လုယွမ်နှင့် ပူးပေါင်းကာအမျိုးမျိုးသောတရားစွဲဆိုမှုလုပ်ငန်းများကို ပြောင်မြောက်စွာ တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပါတယ်။အန်းနီဟာ စုံစမ်းစစ်ဆေးရေးရှေ့နေဌာနတွင် တာဝန်ထမ်းဆောင်နေချိန်မှာပဲလျှိဝှက်ဆန်းကြယ်သော စတုတ္ထအစိုးရရှေ့နေဌာနသို တာဝန်ပေးအပ်ခံရပြီးခက်ခဲသော ဆိုက်ဘာရာဇ၀တ်မှုအသစ်များစွာကို ရင်ဆိုင်ခဲ့ရပြန်တယ်။သူမနှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပြစ်မှုဆိုင်ရာ သဲလွန်စများကို ဖော်ထုတ်ခဲ့ကြပြီးမှုခင်းရဲမှူး ဟယ်လုယွမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော် အမှန်တရားကိုခြေရာခံရှာဖွေခဲ့ကြရာမှ နောက်ဆုံးမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။သံသယရှိသူ၊ တရားခံတွေကို တစ်ဦးပြီးတစ်ဦး ဘယ်လိုဖမ်းဆီး တရားစီရင်သွားမလဲဆိုတာကိုတော့CM ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်လမ်းလေးထဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာ အန်းနီအဖြစ် နာမည်ကြီးမင်းသမီး Dilireba နဲ့မှုခင်းရဲမှူးဟယ်လုယွမ်အဖြစ် Tong Da Wei တိုမှပါဝင်သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Myat Thandar Minn ဖြစ်ပါတယ်)Quality : ...
5.5
TMDb: 5.5/10 2 votes
tv

Prosecution Elite ( 2023 )

2023
Modern Marriage (2022)
Modern Marriage (2022) Modern Marriage ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့အိမ်ထောင်ရေးဇာတ်ကားလေးဖြစ်တဲ့ Mordern Marriage ပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ Love Actually ဇာတ်ကားထဲကမင်းသား Tong Da Wei နဲ့ Monster Hunt 1, 2 ဇာတ်ကားထဲမင်းသမီး Bai Bai Heတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့လင်မယားတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာလေးကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်နာမည်ကြီး တက္ကသိုလ်ကနေဘွဲ့ရထားတဲ့ Shen Huixing (Bai Baihe) ကလက်ထပ်ပြီးနောက်မှာအိမ်မက်တွေနုပျိုမှုတွေကိုစွန့်လွှတ်ပြီးမိသားစုအတွက်အချိန်ပြည့်ပေးဆပ်တဲ့မိန်းမသားတစ်ယောက်။ယောက်ျားဖြစ်သူ Shen Jiang Chuan (Tong Da Wei) ကတော့အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးပြီးဇနီးနဲ့သမီးအပေါ်အချိန်မပေးနိုင်တော့ရှိသမျှအိမ်မှုကိစ္စတွေအကုန် Shen Huixing ကဘဲတာဝန်ယူနေရတာပေါ့။သမီးလေးကြီးပြင်းလာတဲ့အချိန်မှာ Shen HuiXing ကအလုပ်လုပ်ဖို့အတွက်အချိန်တန်ပြီလို့ထင်ခဲ့တယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူ Shen Jiang Chuan တာဝန်ယူရတဲ့ကုမ္ပဏီနဲ့ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်။Shen Huixing ကတော့ခင်ပွန်းဖြစ်သူ Shen Jiang Chuan ကိုအိမ်မှုကိစ္စတာဝန်ကိုခွဲဝေပေးချင်တယ်။ဒါပေမဲ့ နှစ်ယောက်ကြားပဋိပက္ခဖြစ်ပြီးကွာရှင်းတဲ့အထိဦးတည်လာခဲ့တယ်နောက်တော့ Shen Huixing ကသူမဖြစ်ချင်တဲ့အိပ်မက်ကိုတစ်စတစ်စအကောင်အထည်ဖော်ရင်းတစ်ဖက်မှာလည်းShen Jiang ...

Modern Marriage (2022)

2022