Channel Myanmar

Teerapong Liaorakwong

The Next Prince (2025) 8.6
The Next Prince (2025) The Next Prince (2025) **********************ကိုယ်ရံတော်တပ်မှူးလေး (၂၀၂၅)အပိုင်းသစ် (၉)Cutie Pie ထဲက Zee-NuNew အတွဲလေးရဲ့ နှစ်နှစ်မှာ အကြာ comeback ဇာတ်လမ်းတွဲလေး ဖြစ်တဲ့ The Next Prince လေး လာပါပြီ .. ဒီတစ်ခါမှာတော့ တော်ဝင် အိမ်ရှေ့စံမင်းသားလေးနဲ့ သူ့ရဲ့ကိုယ်ရံတော်တပ်မှူးလေးကြားက ထူးခြားတဲ့ဆက်တင်နဲ့ ခမ်းနားတဲ့ BLဇာတ်ကားတစ်ကားကို ရှုစားရ‌မှာပါ။အဘက်ဘက်ကနေ သယံဇာတပေါကြွယ်ဝတဲ့ အမ်မာလီတိုင်းပြည်က ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ တိုင်းနိုင်ငံ ဖြစ်ပြီးတော့ နယ်မြေ ၅ ခုခွဲလို့ အုပ်ချုပ်ပါတယ်။နယ်‌မြေ ၅ ခုမှာ အုပ်ချုပ်သူနယ်စားကိုယ်စီရှိကြပြီးတော့ တော်ဝင်ဥပဒေအရ အရိုက်အရာဆက်ခံဖို့အတွက် နယ်စားတိုင်းက သူတို့ရဲ့ဆက်ခံသူကို တော်ဝင်အရိုက်အရာဆက်ခံပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေပြီး အနိုင်ရတဲ့ မင်းသားရဲ့ခမည်းတော်ကိုတော့ မင်း‌မြှောက်တဲ့အစဉ်အလာတစ်ခုလည်း ရှိပါတယ်။ဒါပေမဲ့ အက်စဝါထေဝါထင်တော်ဝင်မိသားစုရဲ့ ဆက်ခံသူမင်းသားလည်းဖြစ် လက်ရှိအိမ်ရှေ့စံမင်းသားလည်း ဖြစ်တဲ့ ခနင်ကတော့ အရိုက်အရာကိုစိတ်မဝင်စားဘဲ မင်းနေပြည်တော်ရဲ့အဝေးမှာ လွတ်လပ်တဲ့ဘဝကို နေထိုင်‌လိုတဲ့သူတစ်ယောက်ပါ။သူ့ရဲ့အပါးတော်မြဲဖြစ်တဲ့ ကိုယ်ရံတော်တပ်မှူးလေး ချာလန်ကလည်း မျိုးရိုးစဉ်ဆက် မင်းသားလေးခနင်တို့ မိသားစုကို စောင့်ရှောက်လာခဲ့တဲ့ သစ္စာရှိလူယုံတော်ဖြစ်ပြီး အမြဲတမ်း ...
8.6
TMDb: 8.6/10 1391 votes
tv

The Next Prince (2025)

2025
Master of the House (2024)
Master of the House (2024) အိမ်ကြီးရှင် (၂၀၂၄)ဝါရင့်သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းရဲ့အရှုပ်အထွေးကို တစ်ဆင့်ချင်းအဖြေရှာရမယ့် Netflix ဇာတ်လမ်းတွဲသစ် "အိမ်ကြီးရှင်"ဒီဇာတ်ကားလေးမှာတော့ အလောင်ကားတို့ထုံးစံအတိုင်း လူချမ်းသာအသိုင်းအဝိုင်း ဒိတ်ဒိတ်ကြဲမိသားစုကြီးတစ်ခုရဲ့ လောဘရမ္မက် ငမ်းငမ်းတက်ပုံကို ရှုစားရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ကျိကျိတက်ချမ်းသာတဲ့ ဘီလီယံနာစိန်သူဌေးကြီးဖြစ်တဲ့ ထေဝါကျောက်မျက်လုပ်ငန်းပိုင်ရှင် ခွန်ရွန်ဂရိုဖ်တစ်ယောက် ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဆက်ခံသူလည်းမရွေးထား သေတမ်းစာအကြောင်းအရာကိုလည်း တိတိပပမသိရသေးတဲ့ သားနှစ်ယောက်ဖြစ်တဲ့ မာဝင်နဲ့ဖူဖတ်နဲ့ သူတို့ရဲ့မိသားစုတွေ တစ်ဖက်က သူဌေးကြီးရဲ့အသည်းစွဲလေးဖြစ်တဲ့ ဇနီးအသစ်စက်စက်လေး ခိုင်မွခ် တစ်ဖက်က ရမယ့်အမွေကလည်း ဆယ်ဘီလီယံတန်ကြေးရှိတဲ့ကျောက်မျက်လုပ်ငန်းကြီးဖြစ်နေတဲ့အခါ လောဘကိုရှေ့တန်းတင်လို့ ဒီလူတစ်စုကြားက အညှာအတာမဲ့ တိုက်ခိုက်မှုတွေ အရှုပ်အရှင်းတွေကို ဘယ်လိုမြင်ရမလဲဆိုတာ ရှုစားကြရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char ...

Master of the House (2024)

2024
Naughty Babe (2023) 7
Naughty Babe (2023) Naughty Babe / ကလေးအဆိုးလေး(2023)(အညွှန်း) ======================Cutie Pie series ထဲက side couple အတွဲလေးကို main lead တွေအဖြစ်တွေ့မြင်ရမယ့် “ဘေဘီအဆိုးလေး” ရပါပြီ။Hia Yi နဲ့ Thacha တို့ဟာ နှစ်ဦးနှစ်ဖက်အကျိုးပြုစီးပွါးရေးသဘောအရ အချင်းချင်းစေ့စပ်ထားကြတဲ့ လူအများကအားကျရတဲ့စုံတွဲလေးပါ။ စီးပွါးရေးသဘောအရဆိုပေမယ့်လည်း အစပိုင်းမှာတော့နှစ်ဦးရဲ့ဆက်ဆံရေးက ရိုမန့်စ်ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်လို လှပနေပါသေးတယ် .. စေ့စပ်ပွဲနေ့ .. Thacha တစ်ယောက် Hia Yi တို့အိမ်မှာပြောင်းနေတဲ့အချိန် တစ်ယောက်တည်းထားခဲ့ခံရတဲ့အချိန်အထိပေါ့။ အဲဒီနေ့ကနေစပြီး တဖြည်းဖြည်းမင်္ဂလာပွဲနီးကပ်လာတဲ့အချိန်အထိ အရာရာကို Thacha တစ်ယောက်တည်းလုပ်ပြီး နေ့ရက်တိုင်းကို အထီးကျန်ဆန်စွာနဲ့ဖြတ်သန်းလာခဲ့ရတော့တယ်။ ဒီလိုအပြောင်းအလဲကြားမှာတဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ .. စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ Thacha ဟာ သူသိပ်ချစ်ရတဲ့ Hia Yi နဲ့ မင်္ဂလာပွဲကိုကျောခိုင်းပြီး ဆွစ်ဇာလန်ကိုထွက်သွားရာကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ .. Hia Yi ကရော ဘာလို့ပြောင်းလဲသွားရတာလဲ .. နှစ်ယောက်သားရဲ့ဆက်ဆံရေးကရော အရင်လိုပြန်ပြေလည်နိုင်ဦးမလားဆိုတာကို အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii ...
7
TMDb: 7/10 1 votes
tv

Naughty Babe (2023)

2023