Channel Myanmar

Teeradon Supapunpinyo

Hormones Season 2 (2014) 7.8
Hormones Season 2 (2014) Hormones Season 2 (2014)*************************အပိုင်း (၁ မှ ၁၃) စ/ဆုံးဟော်မုန်းလို့ပြောလိုက်ရင်တော့ Netflix ကနေ Season ၃ ခုအထိ ထွက်ရှိခဲ့တဲ့...Old but Gold ထိုင်းစီးရီးလေးတွေဆိုတာ တော်တော်များများသိကြမယ် ထင်ပါတယ်။ဒီတစ်ခေါက် S2 မှာတော့ S1ထက် ဇာတ်ကောင်တွေလည်း ပိုများလာပြီး စိန်ခေါ်မှုတွေနဲ့လူမှုရေးကိစ္စတွေ များစွာ ပါဝင်လာပါတယ်။ ဇာတ်ကောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ...Love Struck လို့ခေါ်တဲ့ တီဗီစီးရီးတစ်ခုက လူငယ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။အဲဒီစီးရီးမှာကျောင်းဝတ်စုံတွေနဲ့ ၁၈+အခန်းတွေပါ ရိုက်ပြထားတဲ့အတွက် စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်တော်တော်များများဟာ ဇာတ်ကားထဲကအတိုင်း လက်တည့်လိုက်စမ်းချင်နေကြတဲ့အထိပါပဲ။ဒီတီဗီစီးရီးကြောင့်နဲ့ ဘယ်လိုတွေ ဂယက်ထလာမလဲ .........နောက်ထပ်ရော ဘယ်လိုပြဿနာတွေ ဘယ်လို ရှုပ်ထွေးမှုတွေ ပါလာဦးမလဲ..... ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးနော် ..S1မှာ ညွှန်းခဲ့တဲ့အတိုင်းပါပဲ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ပညာပေးစီးရီးဖြစ်တာကြောင့် Team Drama ကြိုက်တဲ့ ...
7.8
TMDb: 7.8/10 1641 votes
tv

Hormones Season 2 (2014)

2013
Hormones Season 1 (2013) 7.7
Hormones Season 1 (2013) Hormones S1 (2013) ******************စ/ဆုံးဟော်မုန်းလို့ပြောလိုက်ရင်တော့ Netflix ကနေ Season ၃ ခုအထိ ထွက်ရှိခဲ့တဲ့...Old but Gold ထိုင်းစီးရီးလေးတွေဆိုတာ တော်တော်များများသိကြမယ်ထင်ပါတယ်။အခု ဟော်မုန်းရဲ့ ပထမဆုံး season လေးကို CM က ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားတဲ့ Spare Me Your Mercy က...P'Tor နဲ့အတူ အခြားနာမည်ကြီး မင်းသားမင်းသမီးများစွာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဟော်မုန်းဇာတ်လမ်းတွဲထဲမှာ ဆယ်ကျော်သက်တွေ ကြုံတွေ့ရတဲ့ ရင်ခုန်တတ်စအရွယ်အချစ်ရေး...သူငယ်ချင်းသံယောဇဉ် မိသားစုအရေးနဲ့ ကြီးပြင်းလာချိန် ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကို ရှုပ်ထွေးလာပုံအမျိုးမျိုးကို...အသားပေးဖော်ပြထားပါတယ်။ ကာရိုက်တာတစ်ခုချင်းစီတိုင်းကလည်း လက်တွေ့ဆန်ပြီး...လူငယ်တွေရဲ့ ဒွိဟတွေအကြောင်းကို ထိထိမိမိရိုက်ကူးပုံဖော်ထားတဲ့ ပညာပေးဇာတ်ကားလေးဖြစ်တာကြောင့်...Teen Dramaကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။Drama: Hormones Genres: Romance, Youth, Drama Country: Thailand Episodes: 13 Aired: May 18, 2013 - Aug 17, 2013 Aired On: Saturday Original ...
7.7
TMDb: 7.7/10 15 votes
tv

Hormones Season 1 (2013)

2013
The Believers (2024) 10
The Believers (2024) လူကောင်းတို့ရဲ့သဒ္ဓါ လူမိုက်တို့ရဲ့အသပြာ (၂၀၂၄)ဒီတစ်ခါမှာတော့ ဘာသာရေးယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီးတော့ ငွေရှာကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အမိုက်စားစီးရီးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လူငယ်လေးသုံးယောက်ဟာ ချေးငွေတွေယူပြီး Pirate's Hell လို့ခေါ်တဲ့ ဂိမ်းကို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ တီထွင်ရင်း အစပိုင်းမှာ အောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အရှုံးပေါ်ပြီး အကြွေးတင်ခဲ့ပါတော့တယ်။ အဲဒီမှာပဲ သူတို့အုပ်စုထဲက ဝင်း ဆိုတဲ့ကောင်လေးဟာ အမေနဲ့ဘုရားကျောင်းကိုလိုက်သွားရင်း ဘုရားကျောင်းက အလှူခံဆိုင်းဘုတ်ကို မြင်သွားပြီး အကြံရသွားပါတော့တယ်။ သူ့အကြံကတော့ ဘာသာရေးအပေါ် ယုံကြည်သက်ဝင်သူတွေအပေါ် အမြတ်ထုတ်ပြီး အလှူခံစားဖို့ပဲဖြစ်ပါတယ်။ ဒီလိုအကြံနဲ့ ဘုရားကျောင်းလိုက်ရှာကြပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Thada, Shin, Noe, Mary, Kaung Set, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama, Crime Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ...
10
TMDb: 10/10 1 votes
tv

The Believers (2024)

2024
In Family We Trust (2018) 7.8
In Family We Trust (2018) In family we trust (2018)CM ပရိသတ်များကို ၂၀၁၈ ခုနှစ်တုန်းက နာမည်ကြီးပြီး ထုတ်လွှင့်ခဲ့တဲ့အပိုင်းတိုင်း Twitterမှာ trend ဖြစ်တဲ့အထိ ပေါက်ခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မိသားစုဝင်တွေကြား ရင်းနှီးချစ်ခင်ပြီးစည်းလုံးကြတဲ့ ဂျီရအနန်မိသားစုဟာ အဖိုးဖြစ်သူ သေဆုံးပြီးနောက်မှာတော့ စည်းလုံးမှုတွေ စတင်ပြိုကွဲစေဖို့ အကြောင်းဖန်လာပါတယ်။အိမ်ထောင်ဦးစီးအဖိုး​ဖြစ်သူဟာ သူသေဆုံးပြီးနောက် အမွေတွေခွဲဝေနိုင်ဖို့အတွက် သေတမ်းစာချန်ထားခဲ့ပေမယ့် မညီမျှမှုတွေကြောင့် သား၊သမီးတွေကြား အငြင်းပွားစရာ အဖုအထစ်တွေရှိလာခဲ့ပါတယ်။ အမွေခွဲဝေပြီး မကြာခင်မှာပဲ သားကြီးလည်း ရုတ်တရက်အသတ်ခံရလိုက်ရပါတယ်။​မိသားစုဝင်အကြား တရားခံဖြစ်နိုင်ခြေရှိသူတွေနဲ့ သက်သေတွေလည်းအဖျောက်ခံလိုက်ရတဲ့အခါမှာတော့တကယ့်တရားခံကိုရှာရင်း မိသားစုဝင်အချင်းချင်းကြားအထင်လွဲမှုတွေ၊ အတ္တတွေ၊သံသယတွေ၊ယုံကြည်မှုနဲ့ချစ်ခင်မှုတွေ တဖြည်းဖြည်းယိုယွင်းလာရာကနေသွေးနီးပေမဲ့သွေးမစည်းနိုင်ကြတော့တဲ့အခါ .....တကယ့်တရားခံအစစ်ကိုရောရှာတွေ့ပါ့မလား...တကယ့်လူသတ်တရားခံအစစ်ကဘယ်သူလဲ? ဘာကြောင့်သတ်ရတာလဲ ဆိုတာကိုသိချင်စိတ်တဖွဖွနဲ့အချစ်၊ အမုန်း၊ စိတ်လှုပ်ရှားစရာ ရသမျိုးစုံပါအောင်ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးဖြစ်ရပ်မှန်တစ်ချို့တွေပါ ပါဝင်တဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းရေးသားထားသူကတော့ Hazel ပဲ ဖြစ်ပါတယ်။Country: Thailand Episodes: 18 Duration: 60 min. Quality: 1080p Size: 1 GB Subtitle: Myanmar (Hardsub) Transaltor: Hazel Encoder: AugustEpisode 01 - Yoteshin / Megaup / Userdrive ...
7.8
TMDb: 7.8/10 4 votes
tv

In Family We Trust (2018)

2018