Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Taylor Kitsch
6.5
Shadowplay / Defeated (2020)
War Movie တွေရိုက်ရာမှာ နာမည်ကြီးတဲ့ မင်းသားကြီး Taylor Kitsch ပါဝင်သရုပ်ဆောင်ထားပြီး 2020 ခုနှစ်ထွက် rating အသင့်တင့်ရထားတဲ့ History Series တစ်ခု လာပါပြီဗျာ။WW II ပြီးချိန်ခေတ်ကို ဇာတ်အိမ်တည်ထားပြီး ဟစ်တလာကျရှုံးပြီးချိန် စစ်ပွဲကာလပြီးချိန် အခြေအနေကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ မက်စ်မလာလင် တစ်ယောက် နယူးယောက်မြို့ရဲ့ တာဝန်ပေးချက်အရ ဂျာမနီနိုင်ငံ ဘာလင်မြို့ရဲ့ ရဲဌာနချုပ်ကို ပြုပြင်ကြီးကြပ် ပေးဖို့အတွက် ရောက်လာခဲ့ပါတယ်။ သူဒီတာဝန်ကိုလက်ခံလိုက်တာက စစ်ပွဲအတွင်းမှာပျောက်သွားတဲ့ အကိုဖြစ်သူကိုရှာဖွေဖို့ပါ။ တစ်ဖက်မှာလည်းဘာလင်မြို့ဆိုတာ ရာဇဝတ်မှုတွေဖြစ်လေ့ရှိတဲ့ မြို့ဖြစ်တာကြောင့် လူသတ်မှု၊မုဒိမ်းမှု စတဲ့အမှုတွေကစောင့်ကြိုနေပါတယ်။Acting ပိုင်းအရလုံးဝကို ပြောစရာမရှိအောင် အပိုအလိုမရှိသရုပ်ဆောင်ထားတာမို့ History ကိုစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်တဲ့ series ဆိုလဲမမှားပါဘူး။ ဒီလိုနဲ့ မလာလင်တစ်ယောက် စစ်ပြေးသွားတာလား ဒါမှမဟုတ် ဆုံးသွားတာလား မသိရတဲ့ အကိုဖြစ်သူကိုရှာဖွေရင်း ဘာလင်မြို့က ရာဇဝတ်မှုတွေကို ဘယ်လို ...
6.5
TMDb:
6.5/10
56 votes
tv
Shadowplay / Defeated (2020)
2020
7.327
American Primeval (2025)
American Primeval (2025)IMDb Rating (8.2) / Rotten Tomatoes (59%) Netflix ကနေ 2025 မှာ တင်ဆက်လိုက်တဲ့ A Must Watch mini series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။1857 ဝန်းကျင် အနောက်အမေရိကန်ခေတ်ဦးကို နောက်ခံဝန်းကျင်ထားပြီး ရိုက်ကူးထားပြီး အဲဒီခေတ်အခါက ကြုံရတဲ့ အကျပ်ရိုက်မှုများစွာကို အရှေ့ဘက် ဘော်စတွန်ကနေ ခရီးဆက်လာတဲ့ သားအမိနှစ်ယောက်ရဲ့ဘဝကို အခြေခံပြီး ပုံဖော်ပြထားပါတယ်။ဆာရာရိုဝဲလ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ဒက်ဗင်နဲ့အတူ ခင်ပွန်းရှိရာ အနောက်ဘက်ကို သွားဖို့ ခရီးဆက်လာကြပါတယ်။ဒါပေမဲ့ ခေတ်ကာလရဲ့ ဂယက်တွေကြောင့် လမ်းခရီးမှာ များစွာသော အခက်အခဲတွေကို ကြုံကြိုက်ရပါတယ်။သူတို့ ထွက်လာတဲ့ အနောက်အရပ်ဟာ အမေရိကန်အစိုးရ၊ လူမျိုးရေးဂိုဏ်းတွေ၊ လူမျိုးစုတွေ စသဖြင့် အမျိုးမျိုး အုပ်စုကွဲနေပြီး ရရာလက်နက်ဆွဲကိုင်ပြီး ဦးရင်ဦးသလို ချနေကြတဲ့ အချိန်ကာလဖြစ်နေပါတယ်။တစ်ကိုယ်တည်းအမျိုးသမီးကိုဆို မကူညီချင်ကြတဲ့ ပဋိပက္ခများစွာနဲ့ ...
7.327
TMDb:
7.327/10
52 votes
tv
American Primeval (2025)
2025
7.632
Painkiller (2023) Complete
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို အခုတလောမှာ အသစ်စက်စက် ထွက်ရှိထားတဲ့ Netflix series Painkiller နဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဒီ series က IMDb rating 7.4/10 နဲ့ Rotten tomatoes မှာ rating 44% ရရှိထားပြီးတော့ 2012 တုန်းက နာမည်ကြီးရုပ်ရှင် Battleship ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဖြစ်ရပ်မှန်ဆိုတာထက် လက်တွေ့သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။Painkiller ဆိုတဲ့ ဒီဇာတ်ကားက 21 ရာစုနှစ်ရဲ့ ကျန်းမာရေးကပ်ရောဂါတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက် ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကို ဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ...
7.632
TMDb:
7.632/10
19 votes
tv
Painkiller (2023) Complete
2023
8.1
The Terminal List (2022)
The Terminal List (2022) ==================== IMDb Rating - 8.1/10Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် ...
8.1
TMDb:
8.1/10
4200 votes
tv
The Terminal List (2022)
2022