Channel Myanmar

Sung Dong-il

The Art of Negotiation (2025) 6
The Art of Negotiation (2025) The Art Of Negotiation (2025) *****************************စ/ဆုံးပရိသတ်ကြီးတို့ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ Lee Je Hoon ရဲ့ ကားသစ်လေးကတော့ ထွက်ရှိလို့လာပါပြီ...ဒီကားလေးကတော့ Lee Je Hoon , Ahn Hyun Ho နဲ့အတူ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့Kim Dae Mung, Sung Dong II, Jang Hyung Sung တို့အတူတကွ ပါဝင်အားဖြည့်ထားတဲ့ business drama အမျိုးအစားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း -------------Sanin လုပ်ငန်းစု M&A အဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်းတရားတွေကြောင့်ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်...ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး...အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11 ဘီလီယံ ...
6
TMDb: 6/10 votes
tv

The Art of Negotiation (2025)

2025
Reply 1988 (2015) [Complete] 8.8
Reply 1988 (2015) [Complete] Reply 1988 (2015) ********************* အပိုင်း (၁ မှ ၂၀) စ/ဆုံး  Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ ...
8.8
TMDb: 8.8/10 158 votes
tv

Reply 1988 (2015) [Complete]

2015
The Tale of Lady Ok (2024) [Complete] 8.1
The Tale of Lady Ok (2024) [Complete] The Tale of Lady Ok (2024) *************************** အပိုင်း (၁ မှ ၁၆) စ/ဆုံးဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ယွန်းဂျင်း(Lim Ji Yeon)ရဲ့ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်‌ပေးပါရစေ။The Gloryထဲက ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ယွန်းဂျင်းကိုဂျိုဆွန်းခေတ် အမျိုးသမီး အဖြစ် ကာရိုက်တာ အသစ်တစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပြီးမင်းသားကလည်း Oasis ဇာတ်ကားနဲ့ Best New Actorဆု ‌ဆွတ်ခူးရရှိထားသူမို့မထွက်ခင်ကတည်းက ရေပန်းစားနေတဲ့ ကားလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း **************အို့ထယ်ယောင်း(Lim Ji Yeon)ဆိုတဲ့ ဂျိုဆွန်းခေတ်က အမျိုးသမီးဟာထက်မြက် သွက်လက်ပြီး ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။အမြဲလိုလို ကူညီတတ်တဲ့ အကျင့်စရိုက်ကြောင့် လူချစ်လူခင်လည်း ပေါများသူပါ။ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက် ရှိ‌နေပါတယ်။အဲဒါကတော့ သူ့ နာမည်၊ ဂုဏ်ပုဒ်နဲ့ ခင်ပွန်းတို့ကအတုအယောင်တွေ ဖြစ်နေတာပါပဲ။အဲဒီလိုနဲ့ တစ်နေ့‌မှာတော့ ဂျိုဆွန်းတစ်ခွင်ကို နယ်လှည့်ပြီး ပုံပြင် လိုက်‌ပြောပြတဲ့ပုံပြင်ဆရာလေး ...
8.1
TMDb: 8.1/10 1630 votes
tv

The Tale of Lady Ok (2024) [Complete]

2024
Your Honor (2018) [Complete] 7.2
Your Honor (2018) [Complete] Your Honor (2018)************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက်တင်ဆက်ပေမဲ့ ဇာတ်လမ်းတွဲလေးကတော့ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ဥပဒေရေးရာဇာတ်လမ်းလေးကိုမှ အချစ် ဟာသ မိသားစုဒရာမာတွေ ထည့်ရိုက်ပြထားတဲ့ Your Honor ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ အမြွှာညီအစ်ကိုအဖြစ် The Best Hit ကားထဲက မင်းသား Yoon Shi Yoon, Dare to Love Me ကားထဲက မင်းသမီး Lee Yoo Young, Itaewon Class ထဲက မင်းသမီးချောလေး Kwon Nara နဲ့ Decibel ကားထဲက ကျွန်တော်တို့အားလုံး ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Park Byung Eun တို့ပဲ ဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-သွေးရင်းအမြွှာညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဟန်ဂန်ဟိုနဲ့ ဟန်ဆူဟိုဟာ မတူညီတဲ့ဘဝ ၂ ခုမှာ ရှင်သန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ပညာရေးမှာ ...
7.2
TMDb: 7.2/10 18 votes
tv

Your Honor (2018) [Complete]

2018
Pied Piper (2016) 6.8
Pied Piper (2016) Pied Piper(2016) ****************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီတစ်ခါမှာတော့ မှုခင်းစီးရီးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CMပရိသတ်ကြီးတို့အတွက်....တစ်ပိုင်းပြီးတစ်ပိုင်းမထတမ်းကြည့်ချင်အောင် ဆွဲဆောင်နိုင်မဲ့....စိတ်ဝင်စားစရာမှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း Evilive, Beyond Evil နဲ့...အခုထုတ်လွှင့်နေတဲ့ The Auditors စီးရီးတွေထဲက ဝါရင့်မင်းသားကြီး Shin Ha-kyun....The Uncanny Counterစီးရီးထဲက မင်းသားကြီး Yoo Jun-sang နဲ့....The Escape of Seven ထဲကမင်းသမီး Jo Yoon-hee တို့လို ဝါရင့်သရုပ်ဆောင်တွေကပါဝင်ထားပါတယ် ဇာတ်လမ်းအညွှန်း -------------- ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု....ဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကို...အင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့...ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။နာမည်‌ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ "ဟာမယ်လင်းက ပုလွေဆရာ"ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီး...ကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာ....ပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုး...မတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့...အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့....အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့...အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်း.....သူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့...သူပေးတဲ့အမိန့်တွေအတိုင်း ...
6.8
TMDb: 6.8/10 5 votes
tv

Pied Piper (2016)

2016
Moon Lovers: Scarlet Heart Ryeo (2016) 8.6
Moon Lovers: Scarlet Heart Ryeo (2016) Moon Lovers: Scarlet Heart Ryeo (2016) ************************************* အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမယ့်ဇာတ်ကားဟောင်းလေးကတော့ ၁၀၀မှာ ၁၀၁ ယောက်လောက် ကြည့်ဖူးထားပြီး ကြည့်ဖူးတဲ့သူတိုင်းလည်း စွဲလမ်းနှစ်သက်ကြတဲ့ Lee Joon Gi, IU, Kang Ha Neul နဲ့ တခြားသော မင်းသားချောတွေအများကြီး ပါဝင်သရုပ်‌ဆောင်ထားတဲ့ Moon Lovers Scarlet Heart Ryeo ပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ နေကြတ်တဲ့တစ်နေ့မှာ 21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီး ဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီး နန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာ CM နဲ့အတူ တစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 20 Aired: Aug ...
8.6
TMDb: 8.6/10 488 votes
tv

Moon Lovers: Scarlet Heart Ryeo (2016)

2016
The Slave Hunters(2010) 8.1
The Slave Hunters(2010) The Slave Hunters(2010)************************အပိုင်း ( ၁ မှ ၂၄) အထိ စ/ဆုံး ဒီစီးရီးဟာ 46th Baeksang Arts Awards  ပွဲမှာအကောင်းဆုံးဒရမ်မာ အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံးဒါရိုက်တာဆုတို့ဆန်ကာတင် စာရင်းဝင်ခဲ့သလို  အကောင်းဆုံးဇာတ်ညွှန်းဆုကြီးလည်းရခဲ့ပါသေးတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့  Oh Ji-ho  , Jang Hyuk  နဲ့ မင်းသမီးချော Lee Da-haeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတယ်...ထုတ်လွှင့်စဉ်မှာလည်း အမြင့်ဆုံး rating တွေရရှိခဲ့ပါတယ်...ဆုန်းထယ်ဟာ(Oh Ji-ho)က တစ်ချိန်ကအရမ်းတော်တဲ့စစ်သူကြီးတစ်ယောက်ပါ...တစ်နေ့မှာတော့ နန်းတွင်းအရှုတ်တော်ပုံတွေကြား ဓားစာခံဖြစ်သွားပြီး ရာထူးကထုတ်ပယ်ခံရတဲ့အပြင်ကျွန်ဘဝကိုပါရောက်သွားတယ်...စစ်သူကြီးပီပီ ဒီလိုငရဲဘဝရောက်နေရတဲ့အပြင် သူ့အပေါ်မကောင်းကြံတဲ့သူတွေကိုဖော်ထုတ်ဖို့အရေး ထွက်ပြေးခဲ့တယ်...နန်းတွင်းရဲ့ အတော်ဆုံးစစ်သူကြီးထွက်ပြေးတဲ့အခါမှာတော့ အကြမ်းဆုံးသော ကျွမ်ဖမ်းမုဆိုးတွေနဲ့ သူ့ကိုလိုက်ဖမ်းပါတော့တယ်.. ဒီလိုထွက်ပြေးတဲ့ခရီးမှာ မမျှော်လင့်ထားတဲ့သူတွေနဲ့တွေ့ဆုံခဲ့ရသလို အကြမ်းဆုံးသော ကျွန်မုဆိုးတွေကြားသူဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့.... Episodes: 24 Aired: Jan 6, 2010 - Mar 25, 2010 Aired On: Wednesday, Thursday Original Network:  Netflix Duration: 1 hr. 10 min. Genres: ...
8.1
TMDb: 8.1/10 26 votes
tv

The Slave Hunters(2010)

2010
It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
Han River Police(2023) 7
Han River Police(2023) Han River Police(2023)***********************အပိုင်း ( ၁ မှ  ၆ ) အထိ စ / ဆုံးကိုရီးယားနိုင်ငံဟာ ကျွန်းလေးတွေစုပေါင်းပြီးဖွဲ့စည်းထားတဲ့နိုင်ငံဆိုတော့တံတားတွေများ မြစ်တွေများ ကမ်းခြေမြို့ရွာတွေများကြတာအားလုံးအသိပါ..ဒါတွေကြောင့်အစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အဖွဲ့အစည်းတွေလုပ်ထားသလိုလူမိုက်တွေကိုအချိုးပြင်ဖို့လည်း သီးခြားဖွဲ့စည်းထားတဲ့ အစိုးရဝန်ထမ်းတွေရှိပါတယ်...Hospital Ship ဆိုတဲ့ဆရာဝန်စီးရီးကိုကြည့်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်..ဒီစီးရီးကတော့ ကယ်စရာရှိကယ်မယ် ဗျင်းစရာရှိဗျင်းမယ်..အချိုးပြင်စရာရှိပြင်မယ်ဆိုတဲ့ ရဲတွေအကြောင်းရိုက်ထားတာပါ...နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ပြီး ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်..ခံစားကြည့်ကြပါဦး... Aired: Sep 13, 2023 - Sep 27, 2023Aired On: Wed Genres: Comedy, Action & Adventure Duration: 1hr 10mins Episodes: 6 Original Network:DNSP File Size: 1080p(~1.5GB) , 720p(~520MB) Translated by   Miri, Hnin Wai Oo,Treasure Htet , Htoo Htoo Aung &  Hay Thar Oo Encoded ...
7
TMDb: 7/10 1 votes
tv

Han River Police(2023)

2023
My Girlfriend Is a Gumiho (2010) [Complete] 6.99
My Girlfriend Is a Gumiho (2010) [Complete] My Girlfriend Is a Gumiho (2010)******************************** အပိုင်း ( ၁ မှ ၁၆ ) စ / ဆုံး ဒီတစ်ခါ တင်ဆက်​ပေးမယ့်ကား​လေးက​တော့တစ်​ခေတ်တစ်ခါက အရမ်းနာမည်ကြီး လူကြိုက်များခဲ့တဲ့သဘာဝလွန်အချစ်ဇာတ်လမ်း​လေးဖြစ်ပြီး  အဓိကသရုပ်ဆောင်တွေကလည်းနာမည်ကြီး Lee Seung-Gi၊ Shin Min-Ahနဲ့  No Min-Wooတို့ပဲ ဖြစ်ကြပါတယ်။ဇာတ်လမ်း အကျဥ်းချုံးလေးကတော့...သာမန်​ကောလိပ်​ကျောင်းသား​လေးဖြစ်တဲ့ Cha Dae-woongရဲ့ အိပ်မက်ကအက်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့ပေမဲ့ အဖိုးဖြစ်သူက သဘောမတူလို့အဖိုးဆီကနေ ထွက်​ပြေးလာရင်း အမြီးကိုး​ချောင်း​နဲ့ ​မြေ​ခွေးမ​လေးဖြစ်တဲ့ Gumihoကိုပိတ်​လှောင်ထားတဲ့ ပန်းချီကားရှိရာ ဘုရား​ကျောင်းကို ​ရောက်သွားပါတယ်။အဲဒီမှာပဲ သူဟာ Gumihoရဲ့ လှည့်စားခိုင်းစေမှုကြောင့် မြေခွေးမ‌လေးကိုလွှတ်​ပေးမိမှန်းမသိ လွှတ်​ပေးမိသွားပါတော့တယ်။Gumihoကို လွှတ်ပေးလိုက်မိတဲ့ Cha Dae-woongတစ်ယောက်မြေခွေးမလေးနဲ့ နှစ်ယောက်တူတူနေလာဖို့ ဖြစ်လာတဲ့ အခါမှာတော့....။လူသားဖြစ်ချင်တဲ့ မြေခွေးမလေးကရော လူသားဖြစ်ခွင့်ရသွားမလား...။လူသားနဲ့ မြေခွေး အသွင်မတူတဲ့ အရာနှစ်ခုကရော ပေါင်းစည်းလို့ရနိုင်မှာလား...။ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ပြန်လည်ကြည့်ရှုခံစားလိုက်ရအောင်‌နော်။ (အညွှန်းကိုတော့ Htoo Htoo Aungက ...
6.99
TMDb: 6.99/10 48 votes
tv

My Girlfriend Is a Gumiho (2010) [Complete]

2010
Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Curtain Call(2022)[Complete]
Curtain Call(2022)[Complete] Curtain Call(2022)****************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသားဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလိုHa Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီးတောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေအောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကိုမသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ.....ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် တနင်္လာအင်္ဂါနေ့တိုင်း CM ကနေကြည့်ရှုလို့ရပါပြီနော်..... ။ဇာတ်လမ်းအညွှန်းကိုတော့Hnin Wut Yi ကရေးသားထားပေးပါတယ်...    Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Business, Life, DramaTranslated by  Hay Thar Oo , A Htet ,  Thynn Nu Swe,   ...

Curtain Call(2022)[Complete]

2022
If You Wish Upon Me(2022)

If You Wish Upon Me(2022)

2022
Live(2018) 8.4
Live(2018) Live(2018)ဇာတ်လမ်းတွဲအညွှန်း**************************အပိုင်း ( ၁ မှ ၁၈ ) ထိ စ/ဆုံး Han Jung O (Jung Yu Mi)ဟာတက္ကသိုလ်ဘွဲ့ရတစ်ယောက်လည်းဖြစ်ပြီး အလုပ်တစ်ခုရဖို့ ကြိုးပမ်းနေဆဲပါ Yeom Sang Su (Lee Kwang Soo)က ရေသန့်ကုမ္မဏီတစ်ခုမှာ အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပြီး တရားဝင်ဝန်ထမ်းဖြစ်ရမယ်ဆိုတဲ့ အိပ်မက်နဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ထားပါတယ် ...ဒါပေမယ့် ကံဆိုးချင်တော့ သူ့ကုမ္ပဏီက အလိမ်အညာကုမ္ပဏီဖြစ်ပြီး ရှယ်ယာတွေလည်း ဆုံးရှုံးသွားရပါတော့တယ်.... Han Jung Oက အလုပ်ရှာနေရင်း တစ်ရက်မှာ ရဲဝန်ထမ်းစာမေးပွဲကြော်ငြာကိုတွေ့ပြီး ရဲတစ်ယောက်ဖြစ်အောင် ၂နှစ်တိတိစာကြိုးစားပြီး နောက်ဆုံးမှာတော့ စာမေးပွဲအောင်မြင်သွားပါတော့တယ်....ရဲသင်တန်းကျောင်းမှာ Sang Suနဲ့တွေ့ကြပြီး ဆရာဖြစ်သူ Yang Chon (Bae Sung Woo)ကြောင့် အခက်တွေ့ရပြန်ပါတယ်... နောက်ဆုံးမှာတော့ သူတို့အိပ်မက်အတိုင်း ရဲဝန်ထမ်းဖြစ်သွားကြပြီး ရဲဝန်ထမ်းတွေကြားမှာဖြစ်တတ်တဲ့ပြဿနာလေးတွေ တရားမျှတမှုရအောင် ကြိုးစားရင်း ကြုံတွေ့ရတဲ့ ဝမ်းနည်းမှုပျော်ရွှင်မှုတွေကို ရိုက်ကူးပြသထားပါတယ် သာမန်ရှေ့နေကား စုံထောက်ကားတွေကနေ ...
8.4
TMDb: 8.4/10 24 votes
tv

Live(2018)

2018
Critical X (2022) 7.0
Critical X (2022) Desperate Mr X (2022)လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ... ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲမန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ "ချစ်လှေကားထစ်များ" လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါမင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ ...
7.0
TMDb: 7.0/10 votes
tv

Critical X (2022)

2022
Ghost Doctor (2022)
Ghost Doctor (2022) Ghost Doctor (2022)အနုပညာလှုပ်ရှားမှု​တွေ ခပ်ကျဲကျဲ ပဲ လုပ်​တော့တဲ့ မင်းသားကြီး Rainနဲ့ မအို​ဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်း​ဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီCha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားက​ပေးလိုက်တဲ့ ဆရာဝန်လို့​ ဆိုရ​အောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါ​ပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်​မောက်ရာမှာ သူမတူသလို တစ်ကိုယ်​ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ​ငါစွဲသမား အတ္တကြီးတဲ့သူပါ၊Go Seong Tak (Kim Bum) က​တော့ ​မြောင်ရှင်း​ဆေးရုံဥက္ကဌရဲ့သား၊ တည်​ထောင်သူရဲ့ ​မြေးဖြစ်ပြီး မိသားစု​နောက်ခံနဲ့ ဒီ​ဆေးရုံကို ​ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်​ယောက်ပါ၊ ​ အကပ်နဲ့ ​နေရာရလာသူတို့ထုံးစံအတိုင်း ​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား၊ ဆရာဝန်အလုပ်ကို မ​လေးစားတတ်တဲ့ သူမျိုးပါJang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစား​ဟောင်း အာရုံ​ကြောခွဲစိတ်ကု ...

Ghost Doctor (2022)

2022
House on Wheels
House on Wheels House on Wheels Season 3Season 3 Episode 1အိမ်လိုမျိုး ကုတင် မီးဖိုချောင် စတဲ့အသုံး‌အဆောင်ပစ္စည်းလေးတွေပါတဲ့ကားမျိုးလေးနဲ့ ခရီးသွားဖူးချင်တာ လူတော်တော်များများရဲ့ အိပ်မက်ဖြစ်မယ်ထင်ပါတယ်။ဒီ House on Wheels ဆိုတဲ့အစီအစဉ်လေးကလည်း နာမည်အတိုင်းဘီးတပ်အိမ်လေးနဲ့ လှပတဲ့ဒေသလေးတွေဆီသွားပြီး camping ထွက်ကြတာမျိုးပါ။Camping ဆိုတဲ့အတိုင်း တဲထိုးမယ် အပန်းဖြေမယ် စကားတွေပြောမယ် စားကြသောက်ကြမယ်ပေါ့နော်။ပြီးတော့ ဘီးတပ်အိမ်လေးတစ်လုံးထဲမှာ တကယ့်အိမ်လိုပြည့်စုံအောင်ဘယ်လိုဖန်တီးထားလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ကြရမှာပါ။Season 3 မှာတော့ Wollyu Peak ဆိုတဲ့ စိမ်းစိုပြီး အရမ်းလှတဲ့တောင်တန်းဒေသလေးမှာ အပန်းဖြေကြမှာပါ။မန်ဘာတွေအနေနဲ့ ရှေ့စီစန်တွေက နာမည်ကျော်မင်းသားကြီး Sung Dong Il နဲ့Kim Hee Won တို့အပြင် Lovers of the Red Sky ထဲကယန်မြောင်မင်းသားလေး Gong Myung တို့ပါ ပါဝင်သွားမှာပါ။Guest အနေနဲ့ ဒီအပိုင်း၁ မှာတော့ ...

House on Wheels

2020
Jirisan(2021)
Jirisan(2021) Jirisan(2021) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးဂျီရီတောင်အမျိုးသားဥယျာဉ်မှာ တောခေါင်းတွေဟာ လူတွေကိုကယ်တင်တဲ့အလုပ်လုပ်ရတာပါ...Seo Yi-Gangက ဂျီရီတောင်အမျိုးသားဥယျာဉ်မှာ အတော်ဆုံးတောခေါင်းပါ...သူမက တောင်ကိုဘယ်နေရာကနေတက်ရမလဲဆိုတာကောင်းကောင်းသိပြီးအဲ့ဒီပတ်ဝန်းကျင်အကြောင်းအလုံးစုံနီးပါးသိတဲ့သူပါ...Kang Hyun-Jo ကတော့ ဂျီရီတောင်အမျိုးသားဥယျာဉ်ကတောခေါင်းအသစ်ပါစစ်သင်တန်းကျောင်းဆင်းဖြစ်ပြီး အရင်ကစစ်တပ်ခေါင်းဆောင်ဖြစ်ဖူးတဲ့ Kang Hyun-Jo မှာဘယ်သူ့ကိုမှပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်....Seo Yi-Gang နဲ့ Kang Hyun-Jo တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာပြီးတိုက်ဆိုင်တာပဲလား ကံဆိုးတာပဲလား....အစုလိုက်အပြုံလိုက်ဒုက္ခရောက်နေတဲ့သူတွေကိုအတူတကွကယ်တင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ CMပရိသတ်ကြီးဆက်လက်ရှုစားပေးပါဦး....Episodes: 16Aired: Oct 23, 2021 - Dec 12, 2021Aired On: Friday, SaturdayGenres: Action, Thriller, Mystery, DramaTranslated by  Khine Khine Wai,ChitThe,Shoon Thu Thu Chain & Song SongEncoded by  Phyo PyaeEpisode Complete Zip File- Yoteshin   Episode 1 720P >>> ...

Jirisan(2021)

2021
Sisyphus: The Myth (2021) 9.5
Sisyphus: The Myth (2021) Sisyphus : The Mythဆစ်စဖတ် ဆိုတာကတော့ ဂရိဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပဲ ဖြစ်ပါတယ်။ သူ့ကို ကျောက်တုံးကြီးတစ်တုံးကို တောင်ထိပ်ရောက်အောင် တွန်းဖို့ အပြစ်ပေးခံထားရပါတယ်။ ဒါပေ1မယ့် တောင်ပေါ်ရောက်မယ် ကြံရင်း အစကနေ ပြန်လှိမ့်ရပြန်ရင်းနဲ့ သံသရာလည်နေပါတော့တယ်။ ပင်ပန်းပေမယ့် အချည်းနှီး ဖြစ်ရတယ်ဆိုရင်တောင် ဆစ်စဖီယန် ဆိုပြီး စကားရပ်အနေနဲ့ သုံးကြပါတယ်။ဒီကားကတော့ Time Loop နဲ့ သက်ဆိုင်တဲ့ ဇာတ်ကားပါပဲ။ အချိန်သံသရာ ဘယ်လိုလည်ကြမလဲ ဆိုတာတော့ ကျွန်တော်တို့ ဇာတ်လမ်းထဲမှာ ကြည့်ရပါမယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဟန်ထယ်ဆူ လို့ ခေါ်တဲ့ ဉာဏ်ကြီးရှင် အင်ဂျင်နီယာက အတိတ်ကို ပြန်သွားဖို့ စီစဉ်သလို ဂန်ဆောဟယ် ဆိုတဲ့ ကောင်မလေးကလည်း အနာဂတ်ကနေ ပစ္စုပ္ပန်ကာလကို လာခဲ့တဲ့အချိန်မှာတော့ .....ဂန်ဆောဟယ် ရဲ့ အဖေက သူ့သမီးကို ဟန်ထယ်ဆူ နဲ့ မတွေ့ဖို့ မှာလိုက်ပါတယ်။ ဘာလို့ မှာခဲ့တာလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြပါစို့ဗျာ။ခေါင်းဆောင်မင်းသမီးအနေနဲ့ ပတ်ရှင်ဟေး က ...
9.5
TMDb: 9.5/10 2 votes
tv

Sisyphus: The Myth (2021)

2021