Channel Myanmar

Sumukhi Suresh

The Royals (2025) 6.5
The Royals (2025) The Royals (2025) season 1 "ခေတ်သစ် တော်၀င်ချစ်ပုံပြင် "ဒီတစ်ခါမှာတော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြား ရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီစကားပြော အချစ်-ဟာသစီးရီးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ အခြေအနေဓလေ့စရိုက်ချင်း လုံး၀မတူတဲ့ လူနှစ်ဦးရဲ့အချစ်‌ကိစ္စနဲ့ ခေတ်သစ်တော်၀င်မိသားစုအကြောင်းကို ထူးထူးခြားခြားလေး ဖန်တီးရိုက်ကူးထားတာပါ။ထူးချွန်ထက်မြက်ပြီး ကိုယ့်ခြေထောက်ပေါ်ရပ်တည်နေတဲ့ ဆိုရှယ်‌ကျတဲ့ လူငယ်အမျိုးသမီးစီအီးအို ဆိုဖီယာ...ဘ၀ကိုနေပျော်သလိုဖြတ်သန်းနေရာက ရုတ်တရက်ကြီး ဖခင်ရဲ့ထီးနန်းကိုဆက်ခံလိုက်ရတဲ့ ခေတ်သစ် တော်၀င်မျိုးနွယ်မင်းသား အာဗီရာ့ဂ်ျ ခေါ် ဖစ်ဇီ...ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်ကြိုးစားမှုနဲ့ လုပ်ငန်းရှင်ဘ၀ရောက်လာတဲ့ အမျိုးသမီးငယ်နဲ့ရွှေဇွန်းကိုက်မွေးဖွားပြီး ဘ၀ကိုသက်သောင့်သက်သာ ဖြတ်သန်းလာရတဲ့ တော်၀င်မင်းသားတို့ရဲ့ကနဦးတွေ့ဆုံမှုကတော့ အတော်လေးကို ဖြစ်ကတတ်ဆန်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။နှစ်ယောက်သား ဘုဘောက်အခြေအနေနဲ့ အဆုံးသတ်ခဲ့ပေမဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ပြန်လည်ဆုံဆည်းရဖို့ ဖြစ်လာတဲ့အခါ...။ဆိုဖီယာနဲ့အာဗီရာ့ဂ်ျတို့ရဲ့ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲ၊ တော်၀င်မိသားစု၀င်တွေရော ဘာဆက်ဖြစ်ကြမလဲဆိုတာ... စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)File Size –1 ...
6.5
TMDb: 6.5/10 6 votes
tv

The Royals (2025)

2025