Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sigourney Weaver
8.1
The Lost Flowers of Alice Hart (2023)
Genre – Drama IMDB – 8.1/10 IMDB 8.1 ရရှိထားတဲ့ ၇ ပိုင်း မီနီ ဒရမ်မာစီးရီးကောင်း အသစ်ဖြစ်ပါတယ်။သြစတြေးယား ရှုခင်းအလှအပတွေနဲ့ ဆိုးဝါးတဲ့ ငယ်ဘဝနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Avator တို့Alien တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးကြီး Sigourney Weaver ကလည်းအားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးဟာ မိဘဖြစ်သူတွေနဲ့လူသူကင်းဝေးရာမှာ နေထိုင်ပါတယ်။ စာဖတ်ရတာလည်း အလွန်နှစ်ခြိုက်တဲ့ကောင်မလေးပေါ့။ မိခင်ဖြစ်သူကလည်း မောင်လေးလား ညီမလေးလားမွေးပေးတော့မယ့်အချိန်ပါ။ အဖေကလည်း ချစ်တယ်ဆိုပေမဲ့ ချုပ်ချယ်ပြီးလက်ပါတဲ့အထိ ဆုံးမတတ်လို့ တစ်ခါတရံ ပွန်းပဲ့နေတတ်တဲ့ကောင်မလေးမျိုးပေါ့။ဒီလိုနဲ့ တစ်ရက်ကျ သူတို့မိသားစုဘဝ ကံဆိုးမိုးမှောင်ကျပြီး တစ်အိမ်လုံး မီးလောင်ကျွမ်းကာ အမေရော အဖေရော သေဆုံးတဲ့အထိ ဖြစ်ကာ သူကိုယ်တိုင်လည်း မနည်းအသက်ကယ်ထားရတာပါ။ ဒီလိုနဲ့ မွေးစားမယ့်လူမရှိတုန်း သဘောကောင်းသူစာကြည့်တိုက်မှုးက မွေးစားချင်ပေမဲ့ အဖေဖက်က အဖွားဖြစ်သူ ရောက်လာပြီးမွေးစားသွားပါတယ်။ ဒီလိုနဲ့ ...
8.1
TMDb:
8.1/10
16 votes
tv
The Lost Flowers of Alice Hart (2023)
2023
7.2
The Defenders(2017)Season 1
The Defenders(2017)Season 1[ 4K Update]********************************************************အပိုင်း ( ၁ မှ ၈ ) အထိ စ/ဆုံး ဒီစီးရီးကတော့ အရင် Netflix ကနေ ပြသခဲ့တဲ့ Marvel ရဲ့ စူပါဟီးရိုး လေးယောက်ကို စုစည်းပြီး တင်ဆက်ထားတာပါ။ Daredevil, Jessica Jones. Luke Cage နဲ့ Iron Fist တို့ ပါဝင်ပါတယ်။ အရင်စီးရီးလေးခုထဲမှာ ဂျက်စီကာ ဂျုန်းစ်ကလွဲပြီး ကျန်တဲ့ ၃ ခုလုံးတင်ပေးပြီးပါပြီ။ JJ ကိုတော့ သိပ်မကြိုက်တာရယ် ဘာသာပြန်မယ့်သူမရှိတာရယ်ကြောင့် မတင်ဖြစ်ပါဘူး။ ၄ ယောက်လုံးအကြောင်းကိုတော့ မိတ်ဆက်အနေနဲ့ ရေးပေးထားပါတယ်။ Marvel ရဲ့ Time Line အရဆိုရင် Daredevil Season 1/2 ပြီးတဲ့နောက်မှာဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဆိုရင်လည်းမမှားပါဘူး..Daredevil ဆိုတာကတော့ မတ် မားဒေါ့ခ်ဆိုတဲ့ ရှေ့နေပါ။...
7.2
TMDb:
7.2/10
959 votes
tv
The Defenders(2017)Season 1
2017