Channel Myanmar

Shin Sung-rok

Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019
My Love from the Star (2013) [Complete] 8.33
My Love from the Star (2013) [Complete] My Love from the Star (2013)********************************အပိုင်း (၁ မှ ၂၁) စ/ဆုံး ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် တစ်ခတ်တစ်ခါက သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့ပြီးဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ old but gold လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။Kim Soo-hyun၊ Jun Ji-hyun၊ Yoo In-na၊ Park Hae-jin တို့လို ဒိတ်ဒိတ်ကြဲတွေနဲ့ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးပြီးသား အခြား သရုပ်ဆောင်များစွာက ပါဝင်ထားပြီးကြယ်ဂြိုဟ်ပေါ်က ဂြိုဟ်သားလေးနဲ့ ကမ္ဘာဂြိုဟ်ပေါ်က မင်းသမီးလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကို သလေးနှောပြီး ရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ဖို့အတွက် အ‌ကောင်းဆုံးဇာတ်လမ်းတွဲ တစ်ခုဆိုရင်လည်း မမှားပါဘူး။ -ဇာတ်လမ်းအကျဥ်း-ဒိုမင်ဂျွန်းက ဂျိုဆွန်းခေတ်မှာ ကြယ်ဂြိုဟ်တစ်ခုကနေ ကမ္ဘာဂြိုဟ်ပေါ်ရောက်ရှိလာတဲ့သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်သားဆိုပေမဲ့ ဂြိုဟ်သားအသွင်နဲ့ မဟုတ်ဘဲလူသားတစ်ယောက်လို ချောမောတဲ့အသွင်အပြင်ကို ပိုင်ဆိုင်ထားသူပါ။အခွင့်မသာလို့ သူ့ဂြိုဟ်ကို ပြန်ခွင့်မရတာနဲ့ ကမ္ဘာမြေပေါ်နေထိုင်ရင်း နှစ်၄၀၀ကျော် ကြာလာခဲ့ပြီး၂၁ရာစုခေတ်ကို ရောက်လာတဲ့အချိန်မှာတော့ သူ့ဂြိုဟ်ကို ပြန်နိုင်မဲ့ ...
8.33
TMDb: 8.33/10 764 votes
tv

My Love from the Star (2013) [Complete]

2013
The Last Empress (2018) 5.7
The Last Empress (2018) The Last Empress (2018) စ/ဆုံး ***************************** ဇာတ်လမ်းအညွှန်းအိုဆွန်းနီက တေးသရုပ်ဖော်ပြဇာတ်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီးတက်တက်ကြွကြွနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ တစ်နေ့မှာတော့ တောင်ကိုးရီးယားအင်ပါယာနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တဲ့ အီဟျော့နဲ့ထိမ်းမြားလက်ဆက်ဖို့အကြောင်းဖန်လာပါတော့တယ်။အိုဆွန်းနီတစ်ယောက် မိဖုရားတစ်ပါးအဖြစ်နဲ့ ဘုရင့်ဆီက အချစ်တွေရပြီလို့ ထင်နေတဲ့အချိန်မှာပဲလင်တော်မောင်ဖြစ်တဲ့ ဘုရင်နဲ့အတွင်းရေးမှူးမလေးတို့ ဖောက်ပြန်နေတာကို သိရှိခဲ့ရပါတယ်အဲဒီလိုသိသွားတဲ့ အိုဆွန်းနီကို ဘုရင်အီဟျော့က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတော့တယ်။နာဝမ်ရှစ်ကတော့ ဘုရင့်ရဲ့အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဖြစ်လဲသူ့အမေရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူကို ကလဲ့စားချေဖို့ နန်းတွင်းထဲကို ဝင်လာခဲ့သူပဲဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဘုရင်နဲ့ဖောက်ပြန်နေတဲ့ အတွင်းရေးမှူးကသူ့ကိုအရင်က သစ္စာဖောက်ခဲ့တဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပြီးသူ့အမေကို သေအောင်လုပ်ခဲ့တဲ့သူက အာဏာကို လက်တစ်လုံးခြားလုပ်နေတဲ့ ဘုရင်အီဟျော့ဆိုတာကို သိသွားတဲ့အခါမှာတော့....သေရွာက ပြန်ရှင်လာတဲ့ မိဖုရားအိုဆွန်းနီနဲ့ သက်တော်စောင့် နာဝမ်ရှစ်တို့ ပူးပေါင်းပြီးတစ်ယူသန် ဘုရင်စနစ်ကို ဘယ်လိုဖျက်ဆီးသွားကြမလဲ၊ဘုရင့်နန်းတော်ထဲမှာရှိနေတဲ့ တခြားတခြားသောလျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် ခေတ်ရှေ့ပြေး ဘုရင်စနစ်ပုံစံပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာမို့တခြားနန်းတွင်းကားတွေနဲ့မတူတဲ့ခံစားချက်နဲ့ ကြည့်ရှုသွားရမှာပါ။မိဖုရားအိုဆွန်းနီအဖြစ်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တဲ့ မမ Jan Nara,သက်တော်စောင့် နာဝမ်ရှစ်အဖြစ် ယခုလက်ရှိထွက်လွှင့်ပြသနေဆဲဖြစ်တဲ့ Miss Day and ...
5.7
TMDb: 5.7/10 22 votes
tv

The Last Empress (2018)

2018
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Liar Game (2014) [Complete] 6.3
Liar Game (2014) [Complete] Liar Game (2014)Ep1 to12[Complete] ************************************************************နမ်ဒါဂျောင်းဆိုတဲ့ကောင်မလေးက သူများနဲ့မတူအောင် ကြင်နာတတ်တဲ့ကောင်မလေးပါ။ကံမကောင်းအကြောင်းမလှစွာနဲ့ အကြွေးနစ်နေတဲ့အဖေဖြစ်သူကထွက်ပြေးသွားတာကြောင့်ကျောင်းထွက် အချိန်ပိုင်းအလုပ်တွေတစ်ပုံတစ်ပင်လုပ်ပြီးတော့ အဖေဖြစ်သူရဲ့အကြွေးတွေကိုဆပ်ပေးနေရသူလေးပေါ့။တစ်နေ့အလုပ်သွားတဲ့လမ်းမှာ အဘွားအိုတစ်ယောက်ကိုကူညီပေးရာကလူလိမ်ဂိမ်းလို့ခေါ်တဲ့ အမြင့်ဆုံးဆုကြေးငွေ $ 10 million အထိပေးမယ့် Survival game show တစ်ခုမှာပါဝင်ဖို့ဖြစ်ခဲ့ပါတယ်။ လူလိမ်ဂိမ်းဆိုတာက ပရိတ်သတ်ရဲ့မဲပေးရွေးချယ်မှုနဲ့ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်တွေအချင်းချင်း နည်းလမ်းမျိုးစုံနဲ့လှည့်စားပြီးတော့ပိုက်ဆံလိမ်ယူရတဲ့ဂိမ်းပါ။ အဲဒီဂိမ်းကိုဖန်တီးခဲ့တဲ့သူကတော့ ဂန်ဒိုယောင်းလို့ခေါ်တဲ့ အောင်မြင်တဲ့Financial analyst (ငွေကြေးဆန်းစစ်သူ) တစ်ဦးပဲဖြစ်ပါတယ်။သူပိုင်ဆိုင်ထားတဲ့ ငွေကြေး၊အာဏာနဲ့ လူတွေကိုခြယ်လှယ်ချင်သူတစ်ဦးပေါ့။အချိန်ပိုင်းလုပ်အားခ တစ်နာရီကို ဝမ် ၅၀၀၀ပဲရတဲ့ နမ်ဒါဂျောင်းကအမြင့်ဆုံးဆုကြေးငွေ $ 10 million ရဖို့အတွက် ဂိမ်းကိုဘယ်လိုယှဉ်ပြိုင်ဆော့ကစားမလဲ။နမ်ဒါဂျောင်းကိုကူညီမယ့် ထောင်ထွက် ဉာဏ်ကြီးရှင်လူလိမ် ဟာဝူဂျင်းရဲ့သရုပ်မှန်ကရော ဘာဖြစ်မလဲ။ နောက်ဆုံးမှာ $ 10 million ကိုဘယ်သူရသွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါတော့။ပိုက်ဆံအတွက်အချင်းချင်းလိမ်လည်လှည့်စားရတဲ့ဇာတ်လမ်းမို့လို့ plot twist တွေအများကြီးနဲ့ စိတ်ဝင်စားဖို့အလွန်ကောင်းတဲ့ တစ်ထိုင်တည်းကြည့်ချင်မယ့် series မျိုးဖြစ်ပါတယ်။ဇာတ်ရှိန်ကောင်းကောင်းနဲ့ ခေါင်းစားရတဲ့ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။     Episodes: 12File Size:1.1GB, 500MBQuality ...
6.3
TMDb: 6.3/10 12 votes
tv

Liar Game (2014) [Complete]

2014
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
Kairos (2020)SE1(Complete)
Kairos (2020)SE1(Complete) Kairos (2020)အညွှန်း********************အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံး Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် ...ဇနီးချောလေးလည်းရှိသလို ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်...သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့...တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကိုပြန်ပေးဆွဲသွားကြတယ်...မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်....ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီးအိမ်ကိုပို့လိုက်တယ်...သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်...ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကိုအမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်....ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်းထူးဆန်းစွာပဲခေါ်ဆိုလာတယ်...ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး....အက်ရှင် မှုခင်းဘက်ကိုဉီးစားပေးထားပုံပဲ...ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ...စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့.... Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Action ,Crime, DramaTranslated by ,Shoon Thu Thu Chain, Hnin Pale,Chu Chu & Myat ChelEncoder – ...

Kairos (2020)SE1(Complete)

2020
Perfume (2019)[ စ /ဆုံး ] 8
Perfume (2019)[ စ /ဆုံး ] Perfume (2019)[ စ /ဆုံး ]*****************************Perfume ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့Perfume ဆိုတဲ့ ongoing series အသစ်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတော့ June လ 3 ရက်နေ့က KBS2 Channel ကနေထုတ်လွှင့်ပြသခဲ့တာပါCast တွေအနေနဲ့ကတော့ စောအီဒို အဖြစ် Shin Sung-rok (The Last Empress)မင်ယယ်ရင် အဖြစ် Ko Won-hee (Your House Helper)ဟန်ဂျီနာ အဖြစ် Cha Ye-ryunယွန်းမင်ဆော့ အဖြစ် Kim Min-kyu တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂျယ်ဟီးဟာအိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးအဝလွန်နေတဲ့သူတစ်ယောက်ပါသူမဟာ ယောက်ျားဖြစ်သူရဲ့ ပစ်ပယ်မှုသမီးဖြစ်သူရဲ့ ဂရုမစိုက်မှုရယ်ကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ပြီးသတ်သေဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့မအောင်မြင်ခဲ့ပဲ နောက်ဆုံးမှာထူးဆန်းတဲ့ရေမွှေးပုလင်းတစ်ခုကြောင့် သူမရဲ့ ငယ်ဘဝက ပုံစံကို ပြန်လည်ရရှိခဲ့ပြီးမင်ယယ်ရင်အဖြစ်နေထိုင်ခဲ့ပါတယ် စောအီဒိုကတော့ အောင်မြင်ကျော်ကြားတဲ့ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ အထင်ကြီးလွန်းတဲ့သူတစ်ယောက်ပါတစ်ရက်မှာ စောအီဒိုရဲ့ ဖက်ရှင်ရှိုးပွဲမှာ အဓိကမော်ဒယ်ရုတ်တရက်ဆေးရုံတက်လိုက်ရတဲ့အတွက် မော်ဒယ်အစားထိုးဖို့လိုလာခဲ့ပါတယ်အဲ့အချိန်မှာ ပွဲကိုရောက်နေတဲ့ မင်ဂျယ်ဟီးကို မော်ဒယ်အစားထိုးထည့်ခဲ့ပါတယ်အဲ့လိုနဲ့မင်ဂျယ်ဟီးက ...
8
TMDb: 8/10 1 votes
tv

Perfume (2019)[ စ /ဆုံး ]

2019
My Love From Another Star (Completed) 8.6
My Love From Another Star (Completed)  CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်းရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန်ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီးမင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင်ကြပြီးတော့သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု..ဟာသလေးတွေလည်းရောနှောထည့်ထားမှု...ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့..ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီးတော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်..ဒါပေမယ့်လည်းမတော်တဆ တခုကြောင့်မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ..ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ်ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ..လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်..ကောက်ကျစ်မှု..စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး..သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်..နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာနိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး..အလွဲလေးတွေကအစပြု..နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦးTranslated By - May Htet , Thae Ei , LK , ...
8.6
TMDb: 8.6/10 23 votes
tv

My Love From Another Star (Completed)

2013