Channel Myanmar

Satya Krishnan

The Mystery of Moksha Island (2024) 1
The Mystery of Moksha Island (2024) The Mystery of Moksha Island (2024) "ဆန်းကြယ်ကျွန်း" IMDb - 4.1/10စိတ်ဝင်စားစရာအပြည့်နဲ့ ထူးထူးခြားခြားရိုက်ကူးထားတဲ့ တလေဂူးဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။သိပ္ပံပညာရှင်ကြီးဗစ်ရှက်ခ်တစ်ယောက် နိုဘယ်ဆုကို လက်ခံပြီးကတည်းက သူ့ကိုယ်ပိုင်ကျွန်းဆီကနေ ထွက်ခွာခြင်းမရှိခဲ့ပါဘူး။ကောလာဟလတွေအရတော့ ကျွန်းပေါ်မှာပဲ တစ်ခုခုကို တီထွင်နေခဲ့တာတဲ့။ ဒါပေမဲ့ တစ်နေ့ လေယာဉ်ပျက်ကျသွားလို့ ဗစ်ရှက်ခ်ဆုံးပါးသွားခဲ့ပြီးတဲ့နောက် မတူညီတဲ့နေရာတွေက လူတွေဆီကို စာတစ်စောင်ရောက်လာခဲ့ပါတယ်။သိပ္ပံပညာရှင်ကြီးဗစ်ရှက်ခ်ရဲ့ ကျန်ခဲ့တဲ့အမွေတွေကို လက်ခံဖို့ရာ ကျွန်းဆီလာခဲ့ဖို့ဖိတ်ထားတဲ့စာ။ များပြားလှတဲ့အမွေတွေကိုမက်ပြီး ကျွန်းဆီကို လာခဲ့ကြပေမဲ့ အမွေကိုချက်ချင်းပေးမှာမဟုတ်ဘဲ ကျွန်းပေါ်မှာ တစ်ပတ်နေမှရမယ်လို့ဆိုပါတယ်။ဘာအတွက်ကြောင့် တစ်ပတ်နေခိုင်းတာလဲ။ ကျွန်းပေါ်မှာရော သူတို့ ဘာတွေကြုံတွေ့ကြမှာလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)File Size – 1 GB  (Appx;)@EpisodeQuality – 1080p WEB DLDuration –30 minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – Mp4Genre : CrimeTranslator – CM Bollywood TeamEncoder ...
1
TMDb: 1/10 1 votes
tv

The Mystery of Moksha Island (2024)

2024
Save the Tigers Season 2 (2024) 6.7
Save the Tigers Season 2 (2024) Save the Tigers Seasons 2 (2024) (မယကတို့ ဘဝ)IMDb-8/10မယကတို့အကြောင်း အရယ်အမောတွေနဲ့ Save the Tigers Season 1 ကို သဘောကျခဲ့ကြတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်ထွက်လာပါတယ်မယက ဆိုတဲ့နေရာမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းမရှိ အသာလေးခိုစားပြီးကြောက်နေကြသူတွေမဟုတ်ဘဲ ချစ်လို့အလျော့ပေးအလိုလိုက်ရာက အကျင့်ပါပြီး ကြောက်တယ်အမည်တပ်ခံလိုက်ရတယ်တွေလည်းရှိကြတာပါပဲဂန်တာ ဗစ်ကရမ် ရာဟူးလ် တို့သုံးယောက်က မိန်းမတွေအိမ်ပေါ်ကနှင်ချလို့ အမူးသောက်ဖို့ထွက်လာရင်း ကိုယ့်ကိုယ်ကိုယ်‌သတ်သေဖို့လုပ်နေတဲ့ နာမည်ကြီးမင်းသမီးဟမ်ဆာလက်ခါနဲ့ တွေ့ကြတယ် ဟမ်ဆာလက်ခါရဲ့ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့ စိတ်သောကတွေကို သူတို့ကတစ်ထိုင်တည်းဖြေရှင်းပေးနိုင်ရာက သူတို့နဲ့အရမ်းခင်သွားကြပြီး အမူးသောက်ကဲကြတော့တာပဲ နောက်ရက်မနက်မှာတော့ မင်းသမီးဟမ်ဆာလက်ခါပျောက်မှု သံသယတရားခံသုံးယောက်ဆိုတဲ့သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ....။ ရဲကလည်းသူတို့သုံးယောက်ကိုအတင်းရိုက်စစ် သူတို့ကလည်းမူးပြီး ဘာမှမမှတ်မိ ။နေမြင့်မှ ဟမ်ဆာလက်ခါတစ်ယောက် ကျွဲခြံထဲမှာအိပ်ပျော်ရာကနိုးလာပြီး အကုန်ဖြေရှင်းနိုင်သွားတယ် အမှုကရှင်းသွားပေမဲ့ မရှင်းတာက ဂန်တာတို့သုံးယောက်ရဲ့ အိမ်ထောင်သည်ဘဝတွေပါပဲနိုင်ငံကျော်မင်းသမီးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုဆိုတဲ့ကောလဟလကြီးကြောင့် သူတို့မိန်းမတွေနဲ့ မိန်းမဘက်ကအမျိုးအသိုင်းအဝိုင်းကြားက မကြည်မလင်အချေအတင်တွေကြား သုံးယောက်သား ဘယ်လိုမျောပါးဖြေရှင်းကြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး1 တုန်းကလိုပါပဲ အောက်လုံးတွေ ကလိထိုးဟာသတွေမပါဘဲ မယားကြောက်လို့ အမည်တပ်ခံရသူတွေရဲ့ အဖြစ်ကိုလည်း ရှုထောင့်တစ်ခုကနေရယ်မော ခံစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
6.7
TMDb: 6.7/10 3 votes
tv

Save the Tigers Season 2 (2024)

2023
Dhootha (2023) 7.2
Dhootha (2023) Dhootha 2023 IMDb 7.8/10 Horror "Dhootha " ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ "Messenger" ဆိုပြီး ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့ ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ ...(function(f,b,n,j,x,e){})();ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့ သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့ ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့" 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး "ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက...နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
7.2
TMDb: 7.2/10 6 votes
tv

Dhootha (2023)

2023
Save the Tigers (2023) Complete 7
Save the Tigers (2023) Complete Save the Tigers(IMDb 8.1/10)ယောကျာ်းတွေမကောင်းတဲ့ကား ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား အမျိုးသမီးအခွင့်အရေးတန်းတူရရေး ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့ နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်‌တင်ဆက်ပေးမဲ့ imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ save the tiger ကျားများကိုကယ်တင်ပါတဲ့ ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ် ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့ တရားရုံးကို မိန်းမမခေါ်ရဲလို့ ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ ကျားမအခွင့်အရေး အိမ်ထောင်ရေး Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7
TMDb: 7/10 1 votes
tv

Save the Tigers (2023) Complete

2023