Channel Myanmar

Reba McEntire

Happy’s Place (2024) Season 1 [Complete] 4.667
Happy’s Place (2024) Season 1 [Complete] Season 1အပိုင်း ( ၁ မှ ၁၈ ) အထိ စ / ဆုံး The Big Bang Theory တို့ Young Sheldon တို့ The Officeတို့ဆိုတဲ့ နာမည်ကြီးဟာသရှိုးတွေကို Sitcom လို့ခေါ်ကြပါတယ်။တီဗီမှာပြသတဲ့ဟာသရှိုးတွေဖြစ်ပြီး ဟာသရုပ်ရှင်ကားတွေနဲ့မတူဘဲတစ်မူထူးခြားရယ်ရတဲ့ရှိုးမျိုးတွေဖြစ်ပါတယ်။အခုလည်းအသစ်ထွက်ရှိလာတဲ့ Sitcom ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Happy's Place ဖြစ်ပြီး လက်ရှိIMDb Rating 5.3 အထိရရှိထားပါတယ်။ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်းနာမည်ကြီးသရုပ်ဆောင်တွေပဲဖြစ်တဲ့အတွက် တစ်နေ့တာအမောအပန်းတွေဖြေဖျောက်ချင်ရင်တော့ရွေးချယ်ကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းကိုတော့ နာမည်အတိုင်းပဲ Happy's Place လို့ခေါ်တဲ့အရက်ဆိုင်မှာတည်ထားပြီး အဲ့ဒီဆိုင်ကိုဦးစီးနေသူကတော့ဘော်ဘီဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။မကြာသေးခင်ကမှအဖေဖြစ်သူဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးလို့တောင်မ၀သေးဘူး ပြဿနာတစ်ခုကထပ်ရောက်ချလာပါတော့တယ်။အဲ့ဒီပြဿနာကတော့ သူတစ်ခါမှမကြားဖူးတဲ့သမီးဖြစ်သူနောက်တစ်ယောက်ထပ်ရောက်ချလာတာပါပဲ။ပြီးတော့သူ့အဖေက အဲ့ဒီသမီးနှစ်ယောက်လုံးကို ဆိုင်ကိုပူးတွဲပိုင်ဆိုင်ခွင့်ပေးချင်တယ်ဆိုပြီး သေတမ်းစာမှာရေးထားတဲ့အတွက် ဘော်ဘီတစ်ယောက် အဖေဆုံးတာတွေရော သူ့အဖေဖောက်ပြန်ခဲ့တာတွေရော ဆိုင်ကိုတခြားသူနဲ့ပေါင်းပြီးဦးစီးရမယ်ဆိုတာတွေပေါင်းပြီး ခေါင်းကိုက်ရပါတော့တယ်။ထပ်ပေါ်လာတဲ့သမီးဆိုတာကလည်း အစ်စဘယ်လာလို့ခေါ်တဲ့ကောင်မလေးကလည်းသူမွေးရင်သူ့သမီးအရွယ်လောက်ပဲရှိမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ပေါင်းပြီးဟက်ပီးဆိုင်ကိုဘယ်လိုဦးစီးကြပြီး ဘယ်လိုရယ်စရာတွေကြုံတွေ့ရဦးမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမဲ့ ပေါ့ပေါ့ပါးပါးTV Series လေးပဲဖြစ်ပါတယ်။  File Size – ...
4.667
TMDb: 4.667/10 3 votes
tv

Happy’s Place (2024) Season 1 [Complete]

2024