Channel Myanmar

Peter Mark Kendall

Watson (2025) Season 1 [ Complete ] 5.8
Watson (2025) Season 1 [ Complete ] Season 1 အပိုင်း ( ၁ မှ ၁၃ ) အထိ စ / ဆုံး ဒီတစ်ခေါက်မှာတော့ နာမည်ကြားတာနဲ့မသိသူမရှိတဲ့စုံထောက်ရှားလော့ဟုမ်းရဲ့ ယုံကြည်မှုကိုရရှိထားတဲ့တစ်ဦးတည်းသော မိတ်ဆွေ ဒေါက်တာဝပ်ဆင်အကြောင်းစီးရီးပဲဖြစ်ပါတယ်။ဒီစီးရီးဟာ နာမည်ကျော်ရှားလော့ဟုမ်းဝတ္ထုကို ကျောရိုးယူပြီးယနေ့မော်ဒန်ခေတ် timeline နဲ့ ဆန်းသစ်ရိုက်ကူးထားတာပါ။ရှားလော့ဟုမ်းဝတ္ထုရဲ့ဇာတ်ကြောင်းအတိုင်း ရှားလော့ရယ်ဝပ်ဆင်ရယ်က ရန်သူတော် မိုရီအာတီ‌ကိုလိုက်ဖမ်းကြရင်းသုံးယောက်သားရေတံခွန်ထဲပြုတ်ကျသွားရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ရေတံခွန်ထဲပြုတ်ကျတဲ့အခါမှာ ဝပ်ဆင်တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ရှားလော့ရော မိုရီအာတီရော အသက်ဆုံးရှုံးခဲ့ရပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ ဒေါက်တာဝပ်ဆင်ကို ဆေးပညာလမ်းကြောင်းဘက်ဆက်လက်လျှောက်လှမ်းစေချင်ခဲ့တဲ့ရှားလော့က ဝပ်ဆင်ဦးစီးဖို့ဆေးရုံတစ်ခုတည်ထောင်ပေးခဲ့ပါတယ်။အဲဒီဆေးရုံကို ဝပ်ဆင်တစ်ယောက်ဦးစီးရင်း သာမန်‌ဖြစ်နေတွေ့နေကျမဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ်ရောဂါနဲ့လူနာတွေကို မျိုးရိုးဗီဇကျွမ်းကျင်ဆရာဝန်အနေနဲ့ ကုသပေးနေရင်းကမှ မိုရီအာတီမသေသေးဘူးဆိုတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့စီးရီးတစ်ခုပါ။ရုပ်ရှင်ကြည့်ဖူးသူ ဝတ္ထုဖတ်ဖူးသူတိုင်း အသည်းစွဲ သဘောကျကြတဲ့ရှားလော့ဟုမ်း ဝတ္ထုရဲ့ ဇာတ်လမ်းကျောရိုးကိုမှ မော်ဒန်ခေတ်ဆေးပညာနဲ့ပေါင်းစပ်ရိုက်ကူးထားတာမလို့ မြင်နေကျဆရာဝန်စီးရီးတွေနဲ့ မတူဘဲအတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ စီးတစ်ခုဖြစ်ကြောင်းညွှန်းလိုက်ချင်ပါတယ်။  File Size –( 859MB )  /( 376MB )Quality –WEB-DL  1080p HEVC  ...
5.8
TMDb: 5.8/10 7 votes
tv

Watson (2025) Season 1 [ Complete ]

2025
Kaleidoscope – Season (01) 7.1
Kaleidoscope – Season (01) Kaleidoscope - Season (01) ==================== IMDb Rating - 7.1/10၂၀၂၃ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ Action စီးရီးသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Better Call Saul , Breaking Bad တို့နဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Giancarlo ကတော့ ဒီထဲမှာတော့ ငတက်ပြား အကြီးစားကြီးပေါ့။ ငတက်ပြားကြီးက ငတက်ပြား လေးတွေ လိုက်စုရင်း ကန်ဒေါ်လာ (၇)ဘီလီယံတန် ဓားပြတိုက် မှုကြီးကို ဖန်တီးတော့မှာပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ကြီးမားတဲ့အရာတွေမှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိစမြဲဖြစ်သလို၊ ယုံကြည်မှုနဲ့ သစ္စာဆိုတာလည်း အရေးပါတဲ့ ကဏ္ဍ တွေမှာ ပါဝင်နေပါတယ်။ ယုံကြည်မှုနဲ့သစ္စာက အုတ်မြစ်ကျတဲ့ ဒီမသမာမှုကြီးမှာ လောဘနဲ့ ဖောက်ပြန်စိတ်တွေ ရောယှက်လာတဲ့ အခါ ဘာတွေဆက်ဖြစ်မှာလဲ.....စုစုပေါင်း(၈)ပိုင်းထွက်ရှိထားပြီး cmမှ ဆက်တိုက်တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Act Molemy မှ ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့  CM Teamမှ ဖြစ်ပါတယ်။)File Size.............(300 MB) / (600 MB) Quality...............WEB-DL 720p ...
7.1
TMDb: 7.1/10 2900 votes
tv

Kaleidoscope – Season (01)

2023