Channel Myanmar

Nick Mohammed

Douglas Is Cancelled (2024) 7.5
Douglas Is Cancelled (2024) Douglas Is Cancelled (2024) ===================== IMDb - 7.1/10 Rotten Tomatoes - 77%ဒီစီးရီးကို ITV1 ချန်နယ်က ထုတ်လွှင့်ပြသခဲ့ပြီး comedy-drama အမျိုးအစား British စီးရီးပဲဖြစ်ပါတယ်။ စီးရီးရဲ့ (၄)ပိုင်းစလုံးကို ဒါရိုက်တာ Ben Palmer ကပဲ ရိုက်ကူးပေးခဲ့ပါတယ်။ယခုစီးရီးထဲမှာ အဓိကဇာတ်‌ဆောင်တွေထဲ တစ်‌‌ယောက်ဖြစ်တဲ့ သူကတော့ Doctor Who စီးရီးနဲ့ MCU ရုပ်ရှင်‌တွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီး Karen Gillan ပဲဖြစ်ပါတယ်။ဇာတ်လမ်းသဘောကတော့ Douglas Bellowes လို့ခေါ်တဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်‌ယောက်ဟာ သူ့ဝမ်းကွဲညီအစ်ကိုရဲ့ မင်္ဂလာဆောင်မှာ လိင်ခွဲခြားဆက်ဆံမှုနဲ့ သက်ဆိုင်တဲ့ ဟာသတစ်ခုကို လုပ်ပြောခဲ့ပါတယ်။ အဲ့ဟာသက Twitter ပေါ်မှာ ဟိုးလေးတကျော်ကျော် နာမည်ကြီးလာခဲ့ပြီး Douglas ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုပါ တဖြည်းဖြည်းထိခိုက်လာခဲ့ပါတယ်။ဒါကြောင့် Douglas တစ်ယောက် အလုပ်မှာရှိတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဒီကိစ္စကြီးကို ဖြေရှင်းတာကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရယ်စရာလေးတွေ အတော်ပါတာ‌မို့ ကြည့်လို့အရမ်းကောင်းပါတယ်။(ယခုစီးရီးနဲ့ အညွှန်းကို CM team ...
7.5
TMDb: 7.5/10 30 votes
tv

Douglas Is Cancelled (2024)

2024
Renegade Nell (2024) 7.4
Renegade Nell (2024)  ဒီစီးရီးကတော့ လောလောလတ်လတ်က‌မှ Disney plus ကနေ ထွက်ရှိထားတဲ့ British သမိုင်းကြောင်းနောက်ခံ Fantasy Adventure type စီးရီးကောင်း‌လေးတစ်ပုဒ်ပါ။ ၁၈ ရာစုရဲ့ Adventure ဝတ္ထုတွေကို Inspiration ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။နယ်လီဂျက်ခ်ဆန်ဆိုတဲ့ကောင်မလေးဟာ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တယ်။ စစ်တပ်မှာအမှုထမ်းပြီး အိမ်ပြန်အလာမှာ လူသတ်မှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရတဲ့အခါ သူ့ညီမနှစ်ယောက်နဲ့အတူ ရွာကနေထွက်ပြေးလာရပြီး ၁၈ ရာစု အင်္ဂလန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုန်းဝရမ်းပြေးတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ကို ဘီလီဘလိုင်းလို့ခေါ်တဲ့ မှော်ဝင်သတ္တဝါလေးတစ်ကောင်က သူ့ကိုကာကွယ်ပေးနေတဲ့အခါ စွမ်းအားတွေပေးနေတဲ့အခါ သူ့ရဲ့ဘဝက သူထင်ထားတာထက် ပိုပြီးကြီးမားနေတယ်ဆိုတာ နားလည်လာဝောာ့တယ်။ဒီစီးရီးက Rating ကောင်းကောင်းရထားပြီး စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရတာမပျင်းမယ့် စီးရီးတစ်ခုပါ။ ၁၈ ရာစုခေတ် အ‌ခြေအနေတွေ အပြင်အဆင်တွေနဲ့ ဇာတ်အိမ်ဖန်တီးထားပြီး ဇာတ်လမ်းအသွားအလာ storyline က တမူထူးခြားပြီး စိတ်ဝင်စားစရာကောင်းတယ်။ ကြည့်တဲ့သူကို ဆွဲဆောင်နိုင်တယ်၊ ...
7.4
TMDb: 7.4/10 35 votes
tv

Renegade Nell (2024)

2024
Ted Lasso (2023) Season 03 8.2
Ted Lasso (2023) Season 03 Ted Lasso (2023) Season 03 ~ IMDb - 8.2/10, Rotten Tomatoes - 89% ~ Ted Lasso တတိယတွဲကတော့ ဒီကားကို ရိုက်ကူးတဲ့လူတွေရဲ့ စေတနာပါပုံကို မြင်ရမယ်လို့ ပြောရမလားပဲ။ ရှေ့မှာပြောခဲ့တဲ့ စကားတွေကို အလကားမဟုတ်တာ ပြန်ပြန်ပြသွားတဲ့ အခန်းတွေမနည်းဘူး။ ရှေ့အခန်းတွေကို သေချာကြည့်ခဲ့ရင် နောက်မှာ သတိထားမိမယ့်ဟာတွေများတယ်။ ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပြန်စကန်မယ့်ပွဲဆိုတော့ အပြိုင်အဆိုင်တွေလည်းများသလို အပြောင်းအလဲတွေလည်းများတယ်။ စစချင်း ရစ်ချ်မွန်းအသင်းကို အားကစားသုံးသပ်သူတွေအားလုံးက ဘိတ်ချီးအဆင့်နဲ့ ရာသီသိမ်းလိမ့်မယ် တန်းပြန်ဆင်းရမယ်ချည်း ဝိုင်းခန့်မှန်းထားကြသလို ရူးပတ်ရဲ့ ဝက်စ်ဟမ်းကိုတော့ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်ဆိုပြီး မှန်းထားကြလို့ ရေဘက်ကာအတွက်လည်း နိုင်မှဖြစ်တော့မယ့် အခြေအနေဆိုက်နေတယ်။ သူတို့နည်းပြအုပ်ထဲ တကယ်ဗျူဟာထုတ်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြ နိတ်ကလည်း ရူးပတ်အသင်းဆီ ကူးသွားပြီဆိုတော့ အကုန်လုံး ကမောက်ကမဖြစ်နေတဲ့ကာလပါပဲ။ ဒါပေမဲ့လည်း ကမောက်ကမတွေကြားမှာပဲ ဂန္ထဝင်ဘောလုံးသမားတစ်ယောက်ကို သူတို့ရလာတယ်။ ဘုရားပဲ ...
8.2
TMDb: 8.2/10 1147 votes
tv

Ted Lasso (2023) Season 03

2020
Ted Lasso (2021) Season 02 Complete 8.3
Ted Lasso (2021) Season 02 Complete Ted Lasso (2021) Season 02 ~ IMDb - 8.3/10, Rotten Tomatoes - 89% ~ တက်ဒ်လာဆို Season 2 ဟာ မဖြတ်သန်းချင်တဲ့ ဘူတာတစ်ခုကို ဖြတ်ကျော်ပြီး မြို့ကလေးဆီပြန်လာရတဲ့ခရီးနဲ့တူတယ်။ ကိုယ်မြင်ချင်ကြားချင်တာတွေအပြင် မြင်ဖို့လိုကြားဖို့လိုတာတွေကိုလည်း မလွှဲရှောင်သာ မြင်ကြကြားကြရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအတွဲမှာ ကျွန်တော်တို့ တက်ဒ်လာဆိုရဲ့ ကောင်းခြင်းတွေချည်း မြင်ရမှာတော့မဟုတ်ဘူး။ သူ့ကောင်းကွက်လို့ပြောလို့ရတဲ့ အကောင်းမြင်စိတ်နဲ့ အရာရာကိုပေါ့ပေါ့ပါးပါးပဲထားတတ်တဲ့ စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင်ရလိမ့်မယ်။ သူ့ရဲ့ မနာလိုမှုတွေ ဥပေက္ခာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာအပျော်ဆုံးသတ္တဝါဟာ ဆယ်စက္ကန့်စာမှတ်ဉာဏ်ပဲရှိတဲ့ ရွှေငါးပဲလို့ သူပြောခဲ့သလို တက်ဒ်ဟာ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တာကိုလည်း မြင်ရလိမ့်မယ်။ တက်ဒ်ချည်းမဟုတ်ပါဘူး။ ရွိုင်းကန့်တို့ နေသန်တို့ ရေဘက်ကာတို့ ကီလီတို့ ဂျေမီတာ့ထ်တို့ နည်းပြမုတ်ဆိတ်တို့ရဲ့ ကျွန်တော်တို့မသိတဲ့ ဘက်ခြမ်းတွေကိုလည်း မြင်ရလိမ့်မယ်။ ...
8.3
TMDb: 8.3/10 1114 votes
tv

Ted Lasso (2021) Season 02 Complete

2020
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020