Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ni Hongjie
Perfect Match (2025)
CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ Perfect Match (နတ်ဖက်သောစုံတွဲများ)လို ခေါပြီးတရုတ်နာမည်အဖြစ်ကောင်းချီး၅သွယ် Wu Fu Lin Men လိုလည်းခေါ်ကြတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ အဓိကဇာတ်ဆောင်အဖြစ်မင်းသမီး (၅)ဦးနဲ့ မင်းသား(၅)ဦးတောင်ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း(၃၆)ပိုင်းပါရှိတဲ့အချစ်၊ ဟာသ နဲ့ မိသားစုရေးရာ ကိုအသားပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မြောက်ပိုင်း စုန့်မင်းဆက်ခေတ်မှာ ပျန့်ကျင်းက ဂုဏ်သတင်းမွှေးလှပြီးသာယာဝပြော ကြွယ်ဝချမ်းသာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လီမိသားစုက အဲဒီမြိုကိုပြောင်းရွှေ့လာခဲကြတယ်။ လီမိသားစုမှာငယ်ရွယ်လှပတဲ့သမီး(၅)ယောက်ရှိပြီး တစ်ယောက်တစ်မျိုးအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သမီး(၅)ယောက်အတွက် ဘဝကြင်ဖော်ရှာဖွေဖိုကိစ္စရပ်တွေရယ်၊တစ်မြိုတစ်ရွာမှာ မိသားစုအခြေတကျဖြစ်ဖိုကြိုးပမ်းရတဲ့ မိသားစုရေးရာကိစ္စရပ်တွေရော၊နိုင်ငံရေး ကိစ္စရပ်တွေကိုပါဖြေရှင်းဖိုကြုံလာကြရတဲ့အခါမှာ မိသားစုလိုက်ဘယ်လိုမျိုးအလွဲလေးတွေနဲ့ ဖြေရှင်းပြီး အဆင်ပြေသွားနိုင်ပါ့မလားဆိုတာတော့ CMမှာဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။==========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance, Drama, Comedy Runtime : 45 min Subtitle : Myanmar Subtitle ...
Perfect Match (2025)
2025
Reopen My Journals (2025)
ဒီနေ့ဇာတ်လမ်းကတော့ မိသားစုကြားကချစ်ခြင်းမေတ္တာကိုပြသမယ့်ကြည်နူးစရာဇာတ်ကားမျိုးဖြစ်ပါတယ်။ အသက်၁၅နှစ်ရှိတဲ့ သမီးလိမ္မာဖြစ်သူချန်ကျားယွဲ့က နာမည်ရှိတဲ့အထက်တန်းကျောင်းမှာ ပညာသင်ယူပြီးအခက်အခဲမျိုးစုံရင်ဆိုင်ရတယ်။သူကအိမ်နီးချင်းဖြစ်တဲ့ထူးချွန်ကျောင်းသားရှောင်ဟန်ကို ရင်ဖွင့်ချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ညီဖြစ်သူမောင်ထုံကဉာဏ်ကောင်းပေမယ့် အမြဲပြသာနာရှာတယ်။ ကျောင်းတက်နေချိန်မှာချန်မော့ဆိုတဲ့သူငယ်ချင်းအသစ်နဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီးကြီးပြင်လာတယ်။ထိုချိန်မှာလည်းသူ့မိဘကအကျပ်အတည်းတွေ့ကြုံရပြီး အပြောင်းအလဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။အမေဖြစ်သူချန်ရှို့အယ်ကသူ့သမီးနဲ့ပြန်မတွေ့ဆုံဖြစ်တာကြာတော့ စိမ်းကားသလိုဖြစ်ခဲ့ပေမယ့်ချန်ကျားယွဲ့အဘွားသေဆုံးပြီးနောက်မှာဆက်ဆံရေးပြန်ပြေလည်သွားကြပါတယ်။သူငယ်ချင်းဖြစ်သူချန်မော့ရဲ့အဖေချိန်ဖုန်ယွီကပညာတက်ဖြစ်တော့ သူ့သမီးကိုမျိုးဆက်တိုင်းမှာကိုယ့်တာဝန်ကိုထမ်းဆောင်ရမယ်ဟုဆိုပြီးရန်ဖြစ်ကုန်ကြပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ရှောင်ဟန်ရဲ့အမေဖြစ်သူကွမ်းအိုက်ပင်းကသူ့သားကိုတစ်ယောက်တည်းစောင့်ရှောက်ခဲ့တဲ့ချိန်မှာသူဌေးငယ်လေးဖြစ်တဲ့ ကျန်းချီမင်နဲ့မိသားစုပြန်လည်ဖွဲ့စည်းခဲ့တယ်။အဲလိုနဲ့ခေတ်အဆက်ဆက်ပြောင်းလဲရင်း မိသားစုကြားပြသာနာမျိုးစုံကိုရင်ဆိုင်ရပေမယ့်မိသားစုနဲ့အိမ်နီးနားချင်းတွေရဲ့ နွေးထွေးမှုအနှစ်သာရတွေကို CMကနေကြည့်ရှုရင်ခံစားလိုက်ကြပါစို့။==================Quality : WEB-DL 1080p, 720p Total Episodes : 33 Format : mp4 Genres : Youth, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Pyae Phyo Han Encoded by LK======================================Ep 1 (720p) - GDToT/ Yoteshin/ Megaup/ MeganzEp 1 (1080p) - ...
Reopen My Journals (2025)
2025
Guardians of the Dafeng (2024)
CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ အားလုံးစောင့်မျှော်နေကြတဲ့နာနတ်သီးလေး ဝယ်ဟယ်တိရဲ့ Time Travel ပုံစံ ဇာတ်ကားသစ်လေး“Guardians of the Dafeng” “သာ့ဖုန်းမင်းဆက်၏စောင့်ရှောက်သူ“ ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ အပိုင်း (၄၀)ထိပါပြီးတော့ အဓိကဇာတ်ဆောင်အနေနဲ့ဝယ်ဟယ်တိနဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ ထျန်ရှီဝေးတို့က ပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင် ချောချောလေးတွေ အများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ယနေ့ခေတ်ရုံးဝန်ထမ်းကောင်လေး ယန်လင်ဟာ စိတ်ကူးယဉ်ဆန်မှုတွေ ပြည့်နှက်နေတဲ့သာ့ဖုန်း မင်းဆက်ကိုမထင်မှတ်ဘဲရောက်ရှိသွားပြီးသာ့ဖုန်းရဲ့ ညစောင့်တပ်သားလေး ရွှီချီအန်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ရဲ့ခေတ်အသိအမြင်၊ သိပ္ပံနည်းကျ နားလည်မှုတွေနဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးထူးဆန်းတဲ့ကိစ္စတစ်ရပ်ကိုဖော်ထုတ်နိုင် တဲ့အတွက် သာ့ဖုန်းရဲ့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူးရာထူးကိုရရှိသွားခဲ့ပါတယ်။လောကီရေးရာ အတတ်တွေနဲ့ ပြည့်နှက်နေတဲ့အဲဒီခေတ်ကာလမှာသူ့ရဲ့အတတ်ပညာတွေကိုအသုံးချပြီး နန်းတော်ထဲက မင်းသမီးလေးလင်အန်းကာကွယ်ပေးပြီးအခက်အခဲတွေကြားထဲကနေ အမှုမှန်တွေကိုစုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ပါ့မလားဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတော့ CMမှာ ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။==================== Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Comedy, Romance, Wuxia, Fantasy Runtime : 45 min Subtitle ...
Guardians of the Dafeng (2024)
2024