Channel Myanmar

Nao Toyama

Your Forma (2025) 5.8
Your Forma (2025) Your Forma (2025)IMDB - 7.2/10, MyAnimeList - 6/10ဒီစီးရီးလေးကတော့ ထွက်ထားတာမကြာသေးပဲ နည်းပညာပိုင်းနဲ့ စုံထောက်လိုဇာတ်ကားအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ကြည့်ရှုလို့ကောင်းမှာပါ။ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်မှာ ဗိုင်းရပ်စ်ဦးနှောက်ရောင်ရောဂါကြီးကို ကုသဖို့အတွက်တီထွင်ခဲ့တဲ့နည်းပညာ Your Form ဟာ ယနေ့လက်ရှိနေ့စဉ်ဘဝအထိပါ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီအဆင်ပြေတဲ့ ကိရိယာမှာအားနည်းချက်တစ်ခုရှိနေခဲ့တယ်။ ဒါကတော့ အသုံးပြုသူတွေရဲ့ တွေ့မြင်ရတဲ့မြင်ကွင်းနဲ့ကြားရတဲ့အသံ၊ခံစားချက်တွေကိုပါ မှတ်တမ်းတင်ထားနိုင်တာပါ။ အဲဒီမှာCyber စစ်ဆေးရေးမှုး Echika Heida အတွက်ကတော့ Your Forma ကိုသုံးပြီးလူတွေရဲ့ မှတ်ဉာဏ်ထဲငုပ်ဝင်ကာ အခက်ခဲဆုံးရာဇဝတ်တွေကိုဖြေရှင်းဖို့ သက်သေရှာဖွေရတာကသူမရဲ့နေ့စဉ်လုပ်ငန်းတာဝန် ဖြစ်နေတာပေါ့။ ပြဿနာက သူက အလုပ်မှာအရမ်းတော်လွန်းတာကြောင့် သူ့ရဲ့လက်ထောက်တွေဟာ သူ့ရဲ့အရှိန်ကိုလိုက်မှီဖို့ကြိုးစားရင်းဦးနှောက်တွေပျက်ဆီးကုန်တာပါပဲ။ ဆိုတော့ လက်ထောက်အများအပြားကိုဆေးရုံမကြာခဏပို့နေရလို့ အထက်လူကြီးတွေက နောက်ဆုံးတော့ Echika နဲ့ အဆင့်တူတဲ့လက်တွဲဖော်တစ်ယောက်နဲ့ ပူးတွဲလုပ်ဆောင်ခိုင်းလိုက်ပါတယ်။ သူကတော့Harold Lucraft လို့ခေါ်တဲ့ ထက်မြတ်ပြီး ဉာဏ်ပြေးတဲ့ Amicus ...
5.8
TMDb: 5.8/10 6 votes
tv

Your Forma (2025)

2025
SAKAMOTO DAYS (2025) 9.7
SAKAMOTO DAYS (2025) ဒီ Winter Season မှာ Solo Leveling S2 ပြီးရင် လူတွေအမျှော်လင့်နေကြဆုံးဖြစ်တဲ့ Anime ထွက်ရှိလာခဲ့ပါပြီ။Manga မှာကတည်းက နာမည်ကျော်ပြီး Anime ကိုလည်း Dr Stone တို့ TMS Entertainment က ထုတ်ပြီး Netflix ပေါ် တင်ပြတာပဲ ဖြစ်ပါတယ်။သူက ပထမတစ်ကျော့ကို ၁၁ ပိုင်း လွှင့်ပြီး နောက်တစ်ကျော့ကို ဂျူလိုင်လမှ ထပ်လွှင့်သွားမှာ ဖြစ်ပါတယ်။Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။ဂန္တဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။သူက ...
9.7
TMDb: 9.7/10 3 votes
tv

SAKAMOTO DAYS (2025)

2025
A Sign of Affection (2024) 8
A Sign of Affection (2024) A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb: 8/10 4 votes
tv

A Sign of Affection (2024)

2024
Goblin Slayer Season 1 + Season 2 (Complete) 8.202
Goblin Slayer Season 1 + Season 2 (Complete) Goblin slayer season 1 + 2R Rated Animeဖြစ်တာကြောင့် အရွယ်ရောက်သူများသာ ကြည့်ရှုသင့်ကြောင်း သတိပေးလိုပါတယ်အခုတစ်ခါ CM anime ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာတဲ့ စီးရီးလေးကတော့ Demon Slayer မဟုတ်ပါဘူး Goblin Slayer ပါ ၂၀၁၈ က ထွက်ရှိခဲ့တာဖြစ်ပေမဲ့ ဆွဲထားတဲ့ အန်နီမေးရှင်းတွေသပ်ရပ်ပြီး အက်ရှင်ခန်းတွေလန်းတဲ့အပြင် သွေးထွက်သံယိုအခန်းတွေလဲ ဒဲ့ပဲပြထားတာမို့ ပါလာတဲ့ ချစ်စရာ character လေးတွေနဲ့မှမလိုက် ကြည့်ရတာ လန်းနေမှာပါဇာတ်လမ်းကတော့ ရှင်းပါတယ် မှင်စာတွေရှိတယ် ရွာထဲကိုမှင်စာတွေဝင်ရင်တော့ ဓားပြတွေဝင်တာထက်ဆိုးပါတယ် ရှိသမျှစားစရာအကောင်ဆိုအရှင်ပါမကျန်ဖမ်းတဲ့အပြင် မိန်းကလေးတွေကိုပါ ဖမ်းဆီး ရက်ရက်စက်စက် မုဒိမ်းကျင့်ကြပါတယ် အဲ့ကနေကံ‌ကောင်းလို့လွတ်လာတဲ့ မိန်းကလေးတွေက တစ်သက်လုံး စကားတောင်မပြောနိုင်အောင်ကို စိတ်ဒဏ်ရာရတဲ့ထိဖြစ်ပါတယ်ဂေါ်ဘလင်(မှင်စာ‌)တွေကို အရပ်ပုသလောက် တုံးတယ်လို့ အထင်မှားပြီး မနူးမနပ်နဲ့ သွားချတဲ့ စွန့်စားသူ‌ပေါက်စတွေလည်းရှိပါတယ် ကံကောင်းရင်တော့ ဘစ်ကျွတ်အောင် ပြေးရပြီး ကံဆိုးရင်တော့ မာလကီးယားတဲ့အပြင် ပါလာတဲ့ အဖွဲ့သားမိန်းကလေးတွေလဲ တခြားကောင်မလေးတွေလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတယ်ဇာတ်လမ်းအစမှာလဲ ကျောင်းမှာနေရတာပျင်းတယ်ဆိုပြီး မှော်ဆရာမလေးက စွန့်စားသူဖြစ်ချင်လို့ သူ့လို စွန့်စားသူအဖွဲ့ကြီးထဲကလူသစ်လေးတွေနဲ့အတူ မှင်စာတွေကို ...
8.202
TMDb: 8.202/10 428 votes
tv

Goblin Slayer Season 1 + Season 2 (Complete)

2018