Channel Myanmar

Michael Beach

The Perfect Couple (2024) Season 1 7.142
The Perfect Couple (2024) Season 1 S1 Ep 1 to 6 [ စ / ဆုံး ]ဒီတစ်ခေါက်မှာ‌တော့ CM ပရိသတ်များအတွက် မင်းသားကြီးLiev Schreiber နဲ့ မင်းသမီး Nicole Kidman တို့အပြင်အခြားသောသရုပ်ဆောင်ကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာNetflix seriesတစ်ခုကိုတင်ဆက်ပေးလိုက်ပါရစေ။အမေရိကန်နိုင်ငံ Massachusettsပြည်နယ်ထဲက Nantucketကျွန်းပေါ်မှာဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ Winbury မိသားစုနေထိုင်ပါတယ်။အိမ်ထောင်ဦးစီးဖြစ်သူ Tag Winbury ဟာ ကျွန်းပေါ်မှာ ဂုဏ်သတင်းအတော်ကျော်ကြားသလို သူ့ဇနီး Mrs.Greer Winbury ဟာလည်းအောင်မြင်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။သားသုံးယောက်ရှိပြီး အိမ်ထောင်သက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Mr နဲ့Mrs Winbury တို့ကို "ပြီးပြည့်စုံတဲ့ စုံတွဲ"လို့ လူအများကတင်စား‌ကြပါတယ်။ သူတို့သားအလတ်ဖြစ်တဲ့ Banjiရဲ့ လက်ထပ်ပွဲအကြိုနေ့ညစာစားပွဲမှာ ဇာတ်လမ်းစတင်ထားပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အကုန်ချောချောမွေ့မွေ့အဆင်ပြေလျက်ပါပဲ။ဒါပေမဲ့ လက်ထပ်ပွဲလုပ်မဲ့ မနက်မှာ သူတို့ Winbury အိမ်ကြီးရဲ့‌ပိုင်နက်ဖြစ်တဲ့ ပင်လယ်ကမ်းစပ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာလည်း လက်ထပ်ပွဲအတွက်အရေးပါတဲ့လူဖြစ်ပြီးလက်ထပ်ပွဲတက်ဖို့ Winbury အိမ်မှာလာတည်းတဲ့ဧည့်သည်ပါ။ဒီလိုနဲ့လက်ထပ်ပွဲလည်းပျက်၊ Winbury ...
7.142
TMDb: 7.142/10 113 votes
tv

The Perfect Couple (2024) Season 1

2024
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019