Channel Myanmar

Matthew Mercer

The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေနေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါတော့တယ်၊ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာလိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ်နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီးစေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွားအောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022