Channel Myanmar

Lin Ziye

Fangs of Fortune (2024)
Fangs of Fortune (2024) ကျန့်ယွမ်ခေတ်အတွင်းမှာ လူသားတွေနဲ့ မကောင်းဆိုးဝါးကမ္ဘာကိုအုပ်စိုးတဲ့ပိုင်ကျယ်နတ်မယ်တော် မတော်တဆသေဆုံးသွားတာကြောင့်ပိုင်ကျယ်အမိန့်တော်တွေကပျောက်ကွယ်သွားကာ မကောင်းဆိုးဝါးမိစ္ဆာတွေသောင်းကျန်းလာပြီး လူ့လောကဟာ သွေးထွက်သံယိုလူသတ်မှုတွေများစွာ ဖြစ်ပွားခဲ့တော့တယ်။ အဲဒီအချိန်မှာ မိစ္ဆာအားလုံးရဲ့ခေါင်းဆောင်ကျူးယန့်က ကျောက်ယွမ်ကျိုးအသွင်နဲ့  အညံ့ခံဖို့ ဆန္ဒပြုပြီး ဖရိုဖရဲအခြေအနေတွေကိုနှိမ်နင်းဖို့ မိစ္ဆာဖမ်းဆီးဌာနကိုဖွဲ့စည်းဖို့ ရုံးတော်ကို အကြံပြုခဲ့တယ်။ကျောက်ယွမ်ကျိုးကို သတိထားပြီး သံသယရှိနေတဲ့ ဝမ်ရှောင်းကသူမရဲ့ငယ်သူငယ်ချင်းနဲ့ မိစ္ဆာဖမ်းဆီးဌာနကို ဝင်ရောက်ခဲ့ပြီးစုံစမ်းစစ်ဆေးရေးနဲ့ ဓားရေးတွေမျာကျွမ်းကျင်တဲ့ ဌာနတရားသူကြီးချုပ် ကျိုးယိချန်ယခင်တိုက်ခိုက်ရေးစခန်းမှ အေးစက်ပြီး တစ်ကိုယ်တော်လေးသမား ဖေစီကျင်း နဲ့ငယ်ရွယ် အရည်အချင်းရှိပြီး ရှက်ကြောက်တတ်တဲ့ သမားတော် ပိုင်ကျို တို့ဟာတောင်တန်းနှင့်ပင်လယ်များ ဂန္တဝင်မှာ မှတ်တမ်းတင်ထားတဲ့ မိစ္ဆာသားရဲတွေကိုရင်ဆိုင်ဖို့ မိစ္ဆာဖမ်းဆီးအဖွဲ့ကို အတူတူဖွဲ့စည်းခဲ့ကြတယ်။ သူတို့ဟာ အမှုတွေကိုဖြေရှင်းရင်း မိစ္ဆာသားရဲတွေရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေရဲ့နောက်ကွယ်ကရက်စက်တဲ့အမှန်တရားတွေကိုတဖြည်းဖြည်းဖော်ထုတ်ခဲ့ကြတယ်။ကြီးမားတဲ့ တာဝန်တွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးရမှုတွေနဲ့ရင်ဆိုင်ရချိန်မှာမိစ္ဆာဖမ်းဆီးအဖွဲ့ရဲ့ ခင်မင်မှုဆက်ဆံရေးဟာ မပျက်စီးပဲရှိနေမလားတစ်မိုးအောက်မိစ္ဆာသားရဲ့နဲ့ နတ်မယ်တော်ကြားက ချစ်ခြင်းမေတ္တာဟာဒီအခက်အခဲတွေကိုကျော်လွှားသွားနိုင်မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်=========================================Quality ...

Fangs of Fortune (2024)

2024
Jun Jiu Ling ( 2021 )
Jun Jiu Ling ( 2021 ) Goodbye my princess ထဲက အားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ရှောင်ဖုန်းမင်းသမီးလေးရဲ့ ဇာတ်ကားအသစ်လေးကိုဘာသာပြန်တင်ပေးလိုက်ပါတယ်။ သူကရုပ်ကလေးကချောသရုပ်ဆောင်ကောင်းတဲ့အပြင် ရှေးခေတ်ပုံစံလေးနဲ့ဆိုတစ်မူထူးခြားတဲ့ သရုပ်ဆောင်မင်းသမီးကောင်းလေးဆိုတာအားလုံးသိပြီးသားပါ. ဇာတ်ကားအသစ်မှာလည်း သူကရှေးခေတ်ပုံစံလေးနဲ့မို့ အချစ်ပိုတိုးစေမယ့်ကာရိုက်တာလေးပါ..ဇာတ်လမ်းလေးကတော့ သူ့မင်္ဂလာဆောင်နေ့မှာ သူ့အဖေကိုသတ်ခဲ့တဲ့သူက လက်ရှိမင်းကြီး သူ့ဦးလေးဖြစ်နေတာကို သိခဲ့ရတယ်။ဒါကြောင့်လည်း သူက လက်စားချေဖို့ စိတ်အားပြင်းပြပြီး လက်စားချေခြင်းနဲ့အချိန်ကုန်ဖို့ ဆုံးဖြတ်ခဲ့တယ်။မထင်မှတ်ဘဲ သူ့သတို့သားလောင်းကမင်းအမိန့်နဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့်ကျန်းချန်ရှန်ဆိုတဲ့ သမားတော်ကျေးဇူးကြောင့် သေဘေးက လွတ်လာခဲ့ရတယ.်နောက်တော့ ကျွင်းကျန်းကျန်းဆိုတဲ့ နာမည်နဲ့ ဘဝအသစ်ကိုဖန်တီးပြီးတော့ ဖုန်အိမ်တောင်မှာ လျို့ဝှက်စွာနေခဲ့တယ်...သူ့ရဲ့ တစ်မူထူးခြားတဲ့ ဆေးပညာအစွမ်းရယ်ကြောင့် ကျွင်းကျိုလင်လို့နာမည်ပြောင်းပြီး မင်းနေပြည်တော်မှာနာမည်ရသမားတော်တစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်တော့ကဲ မင်းသမီးလေး သူ့အဖေရဲ့ သွေးကြွေးကို လက်စားချေနိုင်ပါ့မလား....ချန်ကျူကျန်း၊ နင်ယွင်ကျောက် နဲ့ သတို့သားဟောင်း လုယွင်ချီဆိုတဲ့ ၃ယောက်နဲ့ရော ဘယ်လို ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေရှိပြီး အဆုံးသတ်ဘယ်သူနဲ့ ရွှေလက်တွဲမယ်ဆိုတာ သိဖို့ကတော့ဇာတ်ကားလေးကို ရင်ခုန်စွာ စောင့်ကြည့်လိုက်ပါတော့... Quality : ...

Jun Jiu Ling ( 2021 )

2021