Channel Myanmar

Laura Sofía Grueso Akima

One Hundred Years of Solitude (2024) 8.8
One Hundred Years of Solitude (2024) 1967မှာ ကိုလမ်ဘီယာစာရေးဆရာ Gabriel García Márquezက One Hundred Years of Solitudeဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေအနေနဲ့ရော စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ စာပေအနေနဲ့ရော စာပေသမိုင်းရဲ့အရေးပါတဲ့အထင်ကရမှတ်တိုင် တစ်ခုဖြစ်ခဲ့သလို Magical Realism Genreရဲ့ စံနမူနာစာအုပ်တစ်ခုလည်း ဟုတ်ခဲ့တယ်။ 1982မှာ Márquezဟာ စာပေနိုဘယ်ဆုရခဲ့ပြီး ဒီဆုရခဲ့တဲ့အဓိကအကြောင်းရင်းကလည်း သူ့ရဲ့မာစတာပိစ်ဖြစ်တဲ့ One Hundred Years of Solitudeကြောင့်ဖြစ်ခဲ့တယ်။Márquezမသေခင် ၂၀၁၄အထိကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလို့ စာရေးသူကိုယ်တိုင် ပြောခဲ့ဖူးတယ်။ သူ့ပရိသတ်တွေကလည်း စာပေက မဖြစ်နိုင်တဲ့ကမ္ဘာတွေကို စာဖတ်သူ ကိုယ်တိုင်စိတ်ကူးပုံ‌ဖော်ကြည့်လို့ရတဲ့ ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ပြီး ဒီအရသာက ဘာနဲ့မှသွားတုလို့မရဘူးတဲ့အတွက် ရိုက်လို့ရမှာမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။Márquezကိုယ်တိုင်ကလည်း ရုပ်ရှင်ဆိုတာနဲ့ ဒီစာအုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ Márquezနိုဘယ်ဆုမရခင် 1981မှာတုန်းက ဂျပန်ကဗျာဆရာ ဒါရိုက်တာ Shūji Terayamaက ...
8.8
TMDb: 8.8/10 30 votes
tv

One Hundred Years of Solitude (2024)

2024