Channel Myanmar

Kim Hyun-soo

The Joseon Gunman (2014) 7
The Joseon Gunman (2014) The Joseon Gunman (2014) ************************စ/ဆုံး၁၉ရာစုရဲ့ ဂျိုဆွန်းမင်းဆက်မှာ တိုင်းပြည်နဲ့လူမျိုးကို ပိုကောင်းတဲ့ဘဝရောက်ပြီး လူသားတိုင်း တန်းတူညီမျှစေဖို့ ကြိုးစားနေကြတဲ့ဥာဏ်အလင်းဝါဒီအုပ်စုနဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကိုသာ လက်ကိုင်ထားချင်တဲ့ အာဏာကြီးအမတ်တွေရဲ့ ရှေးရိုးစွဲဝါဒီအုပ်စုဆိုပြီး နှစ်မျိုးကွဲပြားနေပါတယ်...တစ်နေ့မှာတော့ ဥာဏ်အလင်းဝါဒီအုပ်စုက ပညာသင်တွေချည်း အမည်မသိသေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုကို ခံနေရတဲ့အခါဘုရင့်သစ္စာတော်ခံဖြစ်တဲ့ နန်းစောင့်တပ်ဖွဲ့မှူးက အမှုမှန်ကိုစတင်စုံစမ်းဖို့လုပ်ပါတော့တယ်...ဒါပေမဲ့ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာရှိနေတဲ့သူကဩဇာညောင်းတဲ့အမတ်ကြီးတွေဖြစ်နေတဲ့အခါ နန်းစောင့်တပ်ဖွဲ့မှူးပါ သေနတ်သမားရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်...ဒီလိုနဲ့ ဖခင်ဖြစ်သူနန်းစောင့်တပ်ဖွဲ့မှူးကြီးပါမက ညီမဖြစ်သူပါ အစေခံအဖြစ်ရောင်းစားခံလိုက်ရပြီး ကိုယ်ကိုယ်တိုင်ပါ လိုက်ဖမ်းခံရတဲ့ဘဝရောက်သွားတဲ့အခါဘတ်ယွန်းဂန်တစ်ယောက် ဘဝအမှန်ကိုဖုံးကွယ်ပြီး သေနတ်သမားအဖြစ်နဲ့ ပြန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...လက်စားချေချင်စိတ်တွေပြည့်နှက်နေတဲ့ ဘတ်ယွန်းဂန်အဖြစ် ကိုယ်ရဲ့ အချစ်ဦးမင်းသားကြီး Lee Joon-Gi နဲ့အတူအဓိကဗီလိန်အဖြစ် မင်းသားကြီး Yu Oh-Seong တို့တင်မက တခြားဝါရင့်သဘာရင့် သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ပေးထားတာမို့ကြည့်ရတာ အရသာရှိမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်...Drama: Gunman in Joseon Genres: Action, Historical, Romance, Melodrama Country: South ...
7
TMDb: 7/10 votes
tv

The Joseon Gunman (2014)

2014
My Love from the Star (2013) [Complete] 8.33
My Love from the Star (2013) [Complete] My Love from the Star (2013)********************************အပိုင်း (၁ မှ ၂၁) စ/ဆုံး ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် တစ်ခတ်တစ်ခါက သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့ပြီးဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ old but gold လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။Kim Soo-hyun၊ Jun Ji-hyun၊ Yoo In-na၊ Park Hae-jin တို့လို ဒိတ်ဒိတ်ကြဲတွေနဲ့ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးပြီးသား အခြား သရုပ်ဆောင်များစွာက ပါဝင်ထားပြီးကြယ်ဂြိုဟ်ပေါ်က ဂြိုဟ်သားလေးနဲ့ ကမ္ဘာဂြိုဟ်ပေါ်က မင်းသမီးလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကို သလေးနှောပြီး ရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ဖို့အတွက် အ‌ကောင်းဆုံးဇာတ်လမ်းတွဲ တစ်ခုဆိုရင်လည်း မမှားပါဘူး။ -ဇာတ်လမ်းအကျဥ်း-ဒိုမင်ဂျွန်းက ဂျိုဆွန်းခေတ်မှာ ကြယ်ဂြိုဟ်တစ်ခုကနေ ကမ္ဘာဂြိုဟ်ပေါ်ရောက်ရှိလာတဲ့သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်သားဆိုပေမဲ့ ဂြိုဟ်သားအသွင်နဲ့ မဟုတ်ဘဲလူသားတစ်ယောက်လို ချောမောတဲ့အသွင်အပြင်ကို ပိုင်ဆိုင်ထားသူပါ။အခွင့်မသာလို့ သူ့ဂြိုဟ်ကို ပြန်ခွင့်မရတာနဲ့ ကမ္ဘာမြေပေါ်နေထိုင်ရင်း နှစ်၄၀၀ကျော် ကြာလာခဲ့ပြီး၂၁ရာစုခေတ်ကို ရောက်လာတဲ့အချိန်မှာတော့ သူ့ဂြိုဟ်ကို ပြန်နိုင်မဲ့ ...
8.33
TMDb: 8.33/10 764 votes
tv

My Love from the Star (2013) [Complete]

2013
Solomon’s Perjury (2016) [Complete] 7.025
Solomon’s Perjury (2016) [Complete] Solomon's Perjury (2016)***************************အပိုင်း ( ၁ မှ ၁၂ ) စ / ဆုံး ဒီတစ်ခေါက်မှာလည်း CM ပရိသတ်ကြီးတွေအတွက်Jang Dong Yoon, Kim Hyun Sooနဲ့ Seo Ji Hoonတို့ အဓိကပါဝင်ထားတဲ့ကျောင်းသားကားလန်းလန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...ခရစ္စမတ်ညမှာ ဂျုံဂုအထက်တန်းကျောင်းသား အီဆိုဝူတစ်ယောက်ကျောင်းခေါင်းမိုးထပ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။သူ့ရဲ့သေဆုံးမှုကို ရဲတွေက သေကြောင်းကြံစည်မှုလို့ ကောက်ချက်ချသလိုကျောင်းရဲ့ အကြီးပိုင်းအရာရှိတွေကလည်း ကျောင်းနာမည်မထိခိုက်အောင်အမှုကို အမြန်ပိတ်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အီဆိုဝူရဲ့သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အသတ်ခံခဲ့ရတာပါဆိုပြီးမျက်မြင်သက်သေ ပေါ်ထွက်လာတဲ့အခါမှာတော့ အမှန်တရားကို ဖော်ထုတ်ဖို့ကျောင်းတွင်းတရားခွင်ကို ပြုလုပ်ကြပါတော့တယ်။အီဆိုဝူက တကယ်ပဲ ကိုယ့်ကိုကိုယ်သတ်သေတာလား...အထက်လူကြီးတွေရဲ့ ဖုံးဖိချင်မှုတွေနဲ့ အာဏာပါဝါတွေကို လွန်ဆန်ပြီးတရားခံကို ဖော်ထုတ်နိုင်နိုင်မလား...တရားခံကရော တကယ် သူတို့ထင်တဲ့သူ ဖြစ်နေပါ့မလား...ထပ်ဆင့် သက်သေထွက်ဆိုသူတွေပေါ်ပေါက်လာပြီးတရားခွင်မှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုသံသယစိတ်တွေအပြည့်နဲ့ ကြည့်ရှုရမယ့် Mystery Teen Drama လေးပဲဖြစ်ပါတယ်။ Aired: Dec 16, 2016 ...
7.025
TMDb: 7.025/10 21 votes
tv

Solomon’s Perjury (2016) [Complete]

2016
Tree with Deep Roots (2011) [Complete] 9.2
Tree with Deep Roots (2011) [Complete] Tree with Deep Roots (2011) [အစ-အဆုံး]အပိုင်း ၁၈  မှ ၂၄ (ဇာတ်သိမ်းပိုင်း) ထိဂျိုဆွန်းမင်းဆက်ရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ Yi Do က အမည်ခံဘုရင်သာ ဖြစ်ပြီး တကယ်တမ်းမှာတော့ သူ့ခမည်းတော် ထယ်ဂျုံးဘုရင်ကသာ အာဏာတွေကို ချုပ်ကိုင်ထားတာပါ။ထယ်ဂျုံးမင်းကြီးက သူအာဏာတည်တံ့ဖို့အတွက် မှူးမတ်စစ်သည် မိသားစုဝင်တွေပါမကျန် အကုန်ရှင်းပစ်တာမို့ သူ့သားတော် Yi Do ကလည်း ဘုရင်ဖြစ်နေပေမဲ့ သူ့ကို မလွန်ဆန်‌ရဲပါဘူး။တစ်နေ့မှာ ထယ်ဂျုံးမင်းကြီးက Yi Do ရဲ့ ယောက္ခထီးတော် ဖြစ်တဲ့ အတွင်းဝန်အမတ်ကြီး ရှင်းအွန်ကို ရှင်းပစ်ဖို့အတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့ပြီးတော့ အမတ်ကြီး မင်နိုင်ငံမှ ပြန်ရောက်တာနဲ့ ချက်ချင်း ဖမ်းဆီးခဲ့ဖို့ အမိန့်ချခဲ့တယ်။အဲဒီအချိန်မှာ Yi Do က သူ့ယောက္ခထီးကို ကယ်တင်ဖို့အတွက် မင်နိုင်ငံမှာပဲ ရှောင်နေဖို့ လျှို့ဝှက်စာ တစ်စောင်ကို ...
9.2
TMDb: 9.2/10 10 votes
tv

Tree with Deep Roots (2011) [Complete]

2011
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
My Love From Another Star (Completed) 8.6
My Love From Another Star (Completed)  CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်းရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန်ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီးမင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင်ကြပြီးတော့သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု..ဟာသလေးတွေလည်းရောနှောထည့်ထားမှု...ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့..ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီးတော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်..ဒါပေမယ့်လည်းမတော်တဆ တခုကြောင့်မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ..ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ်ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ..လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်..ကောက်ကျစ်မှု..စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး..သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်..နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာနိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး..အလွဲလေးတွေကအစပြု..နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦးTranslated By - May Htet , Thae Ei , LK , ...
8.6
TMDb: 8.6/10 23 votes
tv

My Love From Another Star (Completed)

2013