Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Khushboo Atre
Criminal Justice – A Family Matter (2025)
Criminal justice : A Family Matter 2025 အမှန်တရားဘက်တော်သားIMDb - 8.1/10Bollywood Legal dramaချစ်သူတိုင်း အကြိုက်တွေ့ကြတဲ့ Criminal justice ကတော့ ဒီနှစ်မှာ Season 4အနေနဲ့ ပရိသတ်တို့ရှေ့မှောက် ပြန်လည်ရောက်ရှိလာပြန်ပါပြီ။Season တစ်ခုတိုင်းမှာ မတူညီတဲ့အမှု မတူညီတဲ့ အနှစ်သာရတွေနဲ့ ပရိသတ်ကို မကြည့်ရမနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ဒီဇာတ်လမ်းတွဲလေးက အခုတစ်ခါမှာတော့ Family Matterဆိုတဲ့အတိုင်းပဲ မိသားစုအရေးကိစ္စကို ဦးတည်ထားတဲ့ ရာဇဝတ်မှုတစ်ခုကို ဖြေရှင်းရမှာပါ။ထုံးစံအတိုင်းပဲ ကျွန်တော်တို့ရဲ့ အမှန်တရားဘက်တော်သား ရှေ့နေကြီးမီရှရာအဖြစ် ပန်ကာ့ခ်ျထရီပသီက ပါဝင်ထားပြီး တခြားသရုပ်ဆောင်များစွာလည်း အားဖြည့်ထားတာဖြစ်လို့ ဒီseason4ကရော ရှေ့ ၃ ခုကိုအမီလိုက်နိုင်မလား အရှေ့အတွဲတွေထက်ပိုကောင်းမလားဆိုတာ ရှုစားရင်းအကဲဖြတ်ကြပါဦးစို့။ဒေါက်တာရာ့ဂ်ျနာ့ဂ်ပါလ်နဲ့ အန်ဂျူတို့က တရားဝင်ကွာရှင်းထားတာတော့မဟုတ်ကြပေမဲ့ နှစ်ဦးသဘောတူ ခွဲနေနေကြတဲ့လင်မယားနှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့သမီးလေးအီရာမှာ Asperger's Syndrome ဆိုတဲ့ရောဂါ ခံစားနေရတဲ့အတွက်လည်း တစ်စိတ်တစ်ပိုင်းပါနေတာပေါ့။ဒါပေမဲ့ ရာ့ဂ်ျက ရို့ရှ်နီဆိုတဲ့ သူနာပြုမလေးနဲ့လည်း ချစ်သူဖြစ်နေပြီး သူတို့ရဲ့ပတ်သက်မှုကို ဇနီးဖြစ်သူအန်ဂျူအပါအဝင် အကုန်လုံးကသိထားတဲ့အပြင် အီရာကိုယ်တိုင်ကလည်း ရို့ရှ်နီက သူ့ကိုစောင့်ရှောက်ပေးနေတဲ့သူနာပြုဆိုတော့ ...
Criminal Justice – A Family Matter (2025)
2025