Channel Myanmar

Keith David

Duster (2025) 5.3
Duster (2025) Duster Season-1=====================HBO Max ရဲ့ လတ်တလောထွက်ရှိထားပြီးIMDb 7.7 အထိရရှိထားတဲ့ပူပူနွေးနွေး ongoing Crime/Thriller စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၁၉၇၀ခုနှစ်၀န်းကျင်ကို ဇာတ်အိမ်တည်ထားပြီးအဓိကဇာတ်ဆောင်တွေအနေနဲ့Lost Series နဲ့ Mission Impossible: The Ghost Protocol ဇာတ်ကားတွေမှာပါ၀င်ခဲ့ဖူးတဲ့ အမေရိကန်မင်းသားကြီး Josh Holloway နဲ့အတူသရုပ်ဆောင်အလုပ်ရော ပရိုဂျူဆာပါ လုပ်ကိုင်နေတဲ့အမေရိကန်မင်းသမီး Rachel Hilson တို့က ပါ၀င်ထားပါတယ်။ရဲသင်တန်းကျောင်းကနေ ပူပူနွေးနွေးဘွဲ့ရလာတဲ့ နီနာဟေးစ်ဟာရဲစဖြစ်တဲ့နေ့မှာပဲ နှစ်နဲ့ချီ မဖြေရှင်းနိုင်သေးတဲ့ဖီးနစ်မြို့က လူဆိုးဂိုဏ်းခေါင်းဆောင် ဆက်တွန်အမှုကို ကိုင်တွယ်ဖို့ခေါင်းဆောင်တွေဆီ ခွင့်တောင်းခဲ့ပါတယ်။သူဟာ လူမည်းမိန်းကလေးတစ်ဦး ဖြစ်‌နေတော့ရုံးအများစုကလည်း သူ့ကိုလက်မခံတာကြောင့်မတတ်သာတဲ့အဆုံး ဘယ်သူမှတာ၀န်မယူချင်တဲ့ဆက်တွန်အမှုကို နီနာဟေးစ်ဆီ ပေးလိုက်ရပါတယ်။နီနာဟေးစ်လည်း ဖီးနစ်ကိုရောက်ရောက်ချင်းအမှုကိုစလိုက်ရာမှာ ဆက်တွန်နဲ့ အနီးစပ်ဆုံးလူယုံတစ်ယောက်ဖြစ်တဲ့ဂျင်မ်အဲလစ်စ်ကို ခြေရာခံမိပါတယ်။ ဒီလိုနဲ့ ဂျင်မ်နောက်ကို လိုက်ရင်းဘယ်လိုစိတ်၀င်စားစရာ၊ စိတ်လှုပ်ရှားစရာတွေ ကြုံတွေ့ရမလဲဒီအမှုကိုရော နီနာတစ်ယောက် ကိုင်တွယ်နိုင်ပါ့မလားဆိုတာကိုအတူတူဆက်ပြီး ‌ကြည့်လိုက်ကြရအောင်ပါ။  File size…    1 GB ...
5.3
TMDb: 5.3/10 3 votes
tv

Duster (2025)

2025
Hazbin Hotel (2024) 8.8
Hazbin Hotel (2024) IMDB – 7.7/10, RT – 81%Amazon Prime ကနေ ထွက်ရှိထားတဲ့ Animation စီးရီးလေး ဖြစ်ပါတယ်။ပုံစံလေးတွေက ချစ်စရာလေးတွေနဲ့ Animation ဆိုလို့ ကလေးတွေ လူကြီးတွေနဲ့ ယောင်လို့တောင် သွားမကြည့်မိပါစေနဲ့။အသေအလဲ ဆဲဆိုတာတွေ စကားလုံး ရိုင်းစိုင်းတာတွေ လိင်ပိုင်းဆိုင်ရာ ပြကွက် အသုံးအနှုန်းတွေ တစ်ပုံတစ်ပင်ကြီး ပါနေတဲ့ Adult Animation ဖြစ်နေလို့ပါ။ဇာတ်လမ်းလေးကတော့ အနောက်တိုင်းထုံးစံအတိုင်း Biblical ဆိုင်ရာ တမန်တော်တွေ နတ်ဆိုးတွေ နတ်ပြည် ငရဲပြည်ကြားက ကိစ္စလေးတွေပဲ ဖြစ်ပါတယ်။ထုံးစံအတိုင်း ကျွန်တော်တို့ သိနေကြ Lucifer ကြီးက ဒီထဲမှာကျ ငရဲပြည်မှာ သမီးလေး မွေးထားတယ်၊ သူက အဓိကဇာတ်ကောင်ပေါ့လေ။သူတို့ရဲ့ ငရဲပြည်ကို ကောင်းကင်ဘုံက ဆရာသမားတွေက နတ်ဆိုးတွေ ပြန်ပြန်ပြီး ပုန်ကန်မှာစိုးလို့ဆိုပြီး တစ်နှစ်ကို တစ်ခါလာပြီး သုတ်သင်ရှင်းလင်းရေးဆိုတာ လုပ်ကြပါတယ်။အဲဒါက ရက်စက်ရာကျတယ်လို့ ...
8.8
TMDb: 8.8/10 1194 votes
tv

Hazbin Hotel (2024)

2024
Masters of the Universe: Revolution (2024) 9.154
Masters of the Universe: Revolution (2024)  Masters of the Universe: Revolution 2024 seriesအသစ်ထွက်လာခဲ့ပါပြီ...။ဒီseriesဟာ 2021ထွက် Masters of the Universe: Revelationရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းသွားက ပုံစံတစ်မျိုးလေးပြောင်းလဲသွားပြီဖြစ်လို့ ခုမှစကြည့်မယ်ဆိုလည်းရပါတယ်။Grayskullရဲ့ ချန်ပီယံ He-Manဆိုတာ စကြာဝဠာမှာ အသန်မာဆုံးလူသားပေါ့...။သူ့အကြောင်းFanတွေအနေနဲ့တော့ သိပြီးသားဆိုပေမယ့် ခုမှအသစ်စကြည့်မယ်သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါဦးမယ်။ဖန်တီးမှုတွေရဲ့အစမှာ အီတာနီယာဂြိုဟ်တည်ရှိပါတယ်၊လူသားနဲ့ မွန်းစတားများ၊ မှော်ဆရာနဲ့စစ်ဘုရင်များ၊ သိပ္ပံနဲ့မှော်ပညာယှဥ်တွဲနေထိုင်နိုင်တဲ့ ရင်သပ်အံ့သြဖွယ်ရာ ကမ္ဘာတစ်ခုပါ...။ဒီလိုယှဥ်တွဲနေထိုင်ခြင်းရှိရင် အငြင်းပွားအချင်းများခြင်းလည်းရှိနေကျ၊စွမ်းအားတိုက်ပွဲတွေလည်းရှိနေကျပါ...။2021စီးရီးက စွမ်းအားလုတိုက်ပွဲတွေမှာ ရန်သူတော်ကြီး Skeletorကျဆုံးသွားပြီးနောက် ဂရေးစကောရဲတိုက်ရဲ့ ချန်ပီယံ He-Manဟာစကြာဝဠာရဲ့ အသန်မာဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။သို့ပေမဲ့ Skeletorဟာ လွယ်လွယ်နဲ့လက်မလျှော့သေးဘဲ He-Manကိုအနိုင်ယူဖို့ သူ့ရဲ့စွမ်းအားအရင်းအမြစ်ကိုပြောင်းလဲကာဆရာအသစ်တင်လိုက်ပါပြီ...၊မှော်စွမ်းအားကနေ နည်းပညာကိုအားကိုးကာ သူ့ကိုယ်သူစက်ရုပ်တစ်ပိုင်းအဖြစ်ပြောင်းလဲလိုက်တာပါ...။စကြာဝဠာတစ်ခုလုံးကို အပိုင်သိမ်းမယ့် အဆင့်မြင့်နည်းပညာနဲ့မှော်ပညာတို့ရဲ့တိုက်ပွဲကို မြင်တွေ့ရမယ့်ဇာတ်လမ်းဖြစ်တာမို့ ရှုစားကြည့်လိုက်ပါတော့ဗျာ...။  File Size –  654 MB/ 325 MBQuality –NF WEB-DL 1080p 5.1 CH ...
9.154
TMDb: 9.154/10 26 votes
tv

Masters of the Universe: Revolution (2024)

2024
From Scratch (2022) Complete 8
From Scratch (2022) Complete From Scratch (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 92% ~ ဒီနှစ်ထဲမှာပဲ Netflix ကတင်ဆက်လိုက်တဲ့ ဒရာမာစီးရီးသစ်ဖြစ်ပြီး နယူးယောက်တိုင်းမ်ရဲ့ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတာပါ။ IMDb 7.9/10 နဲ့ Rotten Tomatoes က 92% တောင်ပေးထားတဲ့အတွက် အကောင်းဆုံးမဟုတ်ရင်တောင် သာမန်ထက်အများကြီးပိုတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးအကြောင်းကတော့ အီတလီမြေမှာ အနုပညာလေ့လာဖို့ရောက်လာခဲ့တဲ့ ဥပဒေကျောင်းသူလေး အေမီတစ်ယောက် ဖလောရင့်စ်မှာတွေ့တဲ့ စားဖိုမှူးလေးနဲ့ ဘယ်လိုတွေငြိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲ။ ဒီထက်ပိုပြောရရင် Spoiler ဖြစ်မှာမို့ဒီလောက်ပဲပြောပါ့မယ်။ ထူးခြားချက်ကိုပြောရမယ်ဆိုရင် အီတလီမှာရိုက်ထားတဲ့ဇာတ်ဝင်ခန်းတွေက ချက်ချင်းသွားလည်ပစ်ချင်လောက်အောင် တော်တော်လေးကိုမိုက်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် သာမန်ထက်အများကြီးထူးကဲဖောက်ထွက်နေတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်သလို ...
8
TMDb: 8/10 83 votes
tv

From Scratch (2022) Complete

2022