Channel Myanmar

Kang Kyung-hun

Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022