Channel Myanmar

John Turturro

Severance (2022-2025) 7.1
Severance (2022-2025)  Severance (2022)IMDb Rating (8.7) / Rotten Tomatoes (97%) အလုပ်ခေါ်စာတွေထဲမှာ မိသားစုအလုပ်လေးပါတို့၊ ဝိုင်းလုပ်ဝိုင်းစားတို့၊ အောက်သက်ကြေအောင် သင်ပေးမှာပါတို့နဲ့ ဂျင်းတွေထည့်ခံရဖူးကြသေးလား။Apple tv+က နာမည်ကြီးနေတဲ့ series လေးကိုကြည့်ကြည့်လိုက်ပါ။ Lumon ဆိုတဲ့ ကုမ္ပဏီလေးအကြောင်းပေါ့။အလုပ်သမားတွေကို စေတနာနဲ့ အလုပ်ချိန်မှာ တောင်တောင်အီအီမတွေးနိုင်အောင် ဦးနှောက်ကို ခွဲစိတ်ပေးထားလိုက်ပါတယ်။အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ။ Mark ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့မိန်းမဆုံးသွားတဲ့အတွက် ပူ‌ဆွေးမှုကို သက်သာအောင် Severanceဆိုတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီး Lumon ဆိုတဲ့ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ...
7.1
TMDb: 7.1/10 11 votes
tv

Severance (2022-2025)

2022