Channel Myanmar

Jim Sturgess

The Stolen Girl (2025) Season 1 [ Complete ] 6.133
The Stolen Girl (2025) Season 1 [ Complete ] Season 1အပိုင်း ( ၁ မှ ၅ ) အထိ စ / ဆုံး အခုတင်ဆက်ပေးမဲ့ Series ကတော့ ကလေးရှိတဲ့မိဘတွေအတွက် ပညာပေးအနေနဲ့ကြည့်သင့်သလိုကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ကလေးငယ်လေးတွေရှိရင်လည်း ကြည့်ပြီး ပညာယူသင့်တဲ့ Series လေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီ Series ရဲ့အဓိကအကြောင်းအရာကိုက နာမည်အတိုင်း The Stolen Girl(အခိုးခံလိုက်ရသောကောင်မလေး)အကြောင်းဖြစ်နေလို့ပဲဖြစ်ပါတယ်။IMDb Rating လည်း 6.0 အထိရရှိထားပြီး နာမည်ကြီးမင်းသမီး Denise Gough ကဇာတ်လမ်းကိုအဓိက Carry သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++အလီဆာဆိုတဲ့အမျိုးသမီးက ကိုယ်ပိုင်ဂျက်လေယာဉ်တွေပေါ်က လေယာဉ်မယ်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်ကြောင့်သမီးဖြစ်သူ လူစီယာ့ကိုကျောင်းကြိုတာအမြဲတမ်းနောက်ကျနေကျ အမေတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့လည်းထုံးစံအတိုင်းလေယာဉ်နောက်ကျလို့ လူစီယာ့ကိုလာကြိုတာလည်းနောက်ကျနေတဲ့အချိန်မှာ ကျောင်းကိုအသစ်ပြောင်းလာပြီး လူစီယာနဲ့အရမ်းခင်နေတဲ့ဂျိုဆက်ဖင်းဆိုတဲ့ကောင်မလေးနဲ့သူ့အမေဖြစ်သူရေဘက်ကာတို့က လူစီယာ့ကိုအဖော်ပြုရင်းစောင့်ပေးနေတာကိုတွေ့လိုက်ရပါတယ်။လူစီယာကလည်း ဂျိုဆက်ဖင်းကိုအရမ်းချစ်နေတော့ ဂျိုဆက်ဖင်းအိမ်မှာလိုက်ကစားချင်တယ်ဆိုပြီးပူဆာရာကနေ အိမ်မှာတစ်ညအိပ်ဖို့ခွင့်တောင်းတဲ့အဆင့်အထိရောက်သွားပါတော့တယ်။ဒီလိုနဲ့ အလီဆာတစ်ယောက် သမီးဖြစ်သူအတွက် ကိုယ်တိုင်ကိုယ်ကျ ညအိပ်ဖို့ပစ္စည်းတွေကိုယ်တိုင်ကိုယ်ကျ ဂျိုဆက်ဖင်းတို့အိမ်ကိုသွားပို့ပေးပြီးနောက်နေ့မှာတော့ သူ့သမီးပျောက်နေတယ်ဆိုတဲ့သတင်းကိုယောက်ျားဖြစ်သူကနေတစ်ဆင့်ကြားလိုက်ရပါတော့တယ်။ဂျိုဆက်ဖင်းတို့အိမ်ကိုသွားကြည့်တော့လည်း အိမ်ကြီးကအပန်းဖြေအငှားအိမ်ဖြစ်နေပြီး လူစီယာ ဂျိုဆက်ဖင်းနဲ့ရေဘက်ကာတို့ရဲ့ သတင်းအစအနတစ်ခုမှမကြားရတဲ့အချိန်မှာတော့ ခေါင်းတွေမီးတောက်ပြီး ...
6.133
TMDb: 6.133/10 15 votes
tv

The Stolen Girl (2025) Season 1 [ Complete ]

2025