Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Giulio Brizzi
6.063
Adoration (2024) Season 01
Adoration (2024) Season 01IMDb Rating (5.7) Netflix က ထုတ်လွှင့်တင်ဆက်နေကျ သည်းထိတ်ရင်ဖိုရုပ်ရှင်စီးရီးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ယခုနှစ်မှာထွက်ရှိထားတာ မကြာသေးတဲ့အီတလီစကားပြော Teen Drama လေးက စိတ်ကျေနပ်မှုအပြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 13 reasons why, Elite တို့လို ဇာတ်လမ်းဇာတ်အိမ်မျိုးလေးပါပဲ။‘အယ်လီနာ’နဲ့ ‘ဗန်နက်ဆာ’တို့ ၂ ယောက်က အခင်ဆုံးသူငယ်ချင်း ၂ ယောက်ဖြစ်ကြပြီးတော့ အယ်လီနာကတော့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ။ကုန်တိုက်ကြီးတွေ ရောက်တဲ့အခါ တန်ဖိုးအနည်းငယ်ပဲ ရှိလောက်တဲ့ နားကပ်လေးကို အပျော်သဘောနဲ့ ဆွဲပြေးတာမျိုး၊ စိတ်ညစ်လာတဲ့အခါ အိမ်ကနေ ထွက်ပြေးသွားတာမျိုး၊ အဲ့လိုခပ်ဆိုးဆိုးကောင်မလေးပါ။ဗန်နက်ဆာကတော့ စာမေးပွဲဆိုလည်း အဆင့် အေတွေ ဘီတွေ တန်းစီနဲ့အောင်တဲ့အပြင် မိဘကရော ချစ်သူကောင်လေးကပါ တုန်နေအောင်ချစ်ခံရတဲ့သူပေါ့။အယ်လီနာ၊ သူမရဲ့ ချစ်သူ ‘အန်ရီကို’၊ ဗန်နက်ဆာနဲ့ သူမရဲ့ ချစ်သူ ...
6.063
TMDb:
6.063/10
8 votes
tv
Adoration (2024) Season 01
2024
7.4
Curon (2020)
အီတလီနိုင်ငံမြောက်ပိုင်းက ပါးစပ်ပြောရာဇဝင်တွေ ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်ခုရှိတယ် “ကူရွန်” တဲ့………..ကူရွန်မြို့လေးမှာ ခေါင်းလောင်းမျှော်စင် လို့ခေါ်တဲ့ မျှော်စင်ကြီးတစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီမျှော်စင်မှာ ဘာခေါင်းလောင်းမှ ရှိမနေပါဘူး။ ဒါပေမယ့် တချို့လူတွေဟာ မျှော်စင်ကြီးဆီက ခေါင်းလောင်းသံကို အဆက်မပြတ် ကြားရလေ့ရှိပါတယ်….. အဲဒီလိုကြားပြီးတဲ့သူတိုင်း အရာတစ်ခုကို ရင်ဆိုင်ကြရတယ်….. ဘာလဲဆိုတော့……. ကံဆိုးခြင်းတွေနဲ့ သေခြင်းတရား ပဲပေါ့….. ဒါ့အပြင် ကူရွန်မှာ ရိန်နာမျိုးနွယ်တွေပိုင်တဲ့ ဟိုတယ်ကြီး တစ်လုံးရှိလေရဲ့…အဲဒီဟိုတယ်ဟာ မကောင်းဆိုးရွားနဲ့ ကံကြမ္မာဆိုးတွေကို ပိတ်လှောင်ထားရာနေရာ လို့ နယ်ခံတွေက ယုံကြည်နေကြတယ်။ သူတို့ ယုံကြည်ရလောက်အောင်လည်း အဖြစ်အပျက်ဆိုးတွေ ကြုံခဲ့ရတာကိုး….။ အဲဒီအဖြစ်အပျက်ဆိုးတွေထဲမှာမှ ကံဆိုးခဲ့ရရှာသူလေးက ရိန်နာမိသားစုက အန်နာလေး ပေါ့။ အန်နာ့ အမေ ရဲ့ ကြမ္မာငင်နဲ့ ဘဝအဆုံးသတ်ကြောင့် လူတွေက ရိန်နာတွေကို ပို လို့ ကြဉ်လာကြတယ်။ အန်နာ့ အဖေ ကလည်း အန်နာကို ကူရွန်မြို့ဆီ ဘယ်တော့မှ ပြန်မလာခဲ့နဲ့ လို့ နှင်ထုတ်လိုက်ပြီး ဘယ်တော့မှ အဆက်အသွယ် မလုပ်တော့ပါဘူး။ အန်နာကိုယ်တိုင်လည်း နာကျင်စရာအတိတ်တွေရှိရာ ကူရွန် ဆီကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ အမြဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အန်နာဟာ သူ့ရဲ့ အမွှာသားသမီးလေး နှစ်ယောက်ဖြစ်တဲ့ ဒါရီယာ နဲ့ မာအူရို ...
7.4
TMDb:
7.4/10
21 votes
tv
Curon (2020)
2020