Channel Myanmar

Gershwyn Eustache Jnr

Get Millie Black (2024) 8.5
Get Millie Black (2024) Get Millie Black (2024) အပိုင်း ( ၁ မှ ၅ အထိ  )  စ / ဆုံး IMDb Rating – 6.7/10ဒီစီးရီးကတော့ ဒါရိုက်တာ Tanya Hamilton ရိုက်ကူးထားပြီးမင်းသမီး Tamara Lawranceက အဓိကဇာတ်ဆောင် စုံထောက်မီလီဘလက်ခ်အဖြစ် သရုပ်ဆောင်ထားတာတဲ့ မှုခင်းစီးရီးဇာတ်လမ်း အမျိုးအစားပဲဖြစ်ပါတယ်။မီလီကဂျမေကာနိုင်ငံမှာ သူ့ရဲ့အမေနဲ့ သူ့အကိုအော်ဗေးနဲ့အတူတူနေထိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။သူတို့အဖေကထားသွားပြီးနောက်မှာ သူတို့အမေကကလေးတွေကိုအမြဲရိုက်နှက်နေတတ်ပါတယ်။သူ့အကိုကိုရိုက်နေတဲ့အမေဖြစ်သူကို တွန်းထုတ်မိတဲ့အပြစ်နဲ့မီလီတစ်ယောက် အင်္ဂလန်ကိုပို့ခံလိုက်ရပြီး သူ့အကိုနဲ့လည်းအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။တစ်နေ့မှာတော့ အမေဖြစ်သူကဖုန်းဆက်ပြီး သူ့အကိုသေဆုံးသွားပြီလို့ အကြောင်းကြားခဲ့ပါတယ်။ အကိုဖြစ်သူလိုမျိုးနှိပ်စက်ခံရတဲ့ ကလေးတွေကိုကာကွယ်ဖို့အတွက် မီလီလေးဟာစကော့တလန်ရဲဌာနရဲ့ စုံထောက်မီလီဘလက်ခ်ဖြစ်လာပါတော့တယ်။သူ့အမေသေဆုံးသွားတဲ့နောက်မှာမှ မီလီကဂျမေကာနိုင်ငံရဲ့ဌာနကိုပြန်ပြောင်းလာခဲ့ပြီး တစ်ချိန်ကသေဆုံးသွားပြီလို့သိထားခဲ့တဲ့ သူ့အကိုကိုပြန်ရှာဖို့လုပ်ပါတော့တယ်။သူ့အကိုကိုပြန်ရှာရင်းနဲ့ သူ့အကိုလိုပဲ ပျောက်ဆုံးနေတဲ့ကလေးတွေရဲ့အမှုတွေကို ဖြေရှင်းဖို့တာဝန်ပေးခံရပါတော့တယ်။ပထမဆုံးအမှုမှာတင် ကင်စတန်မှာအချမ်းသာဆုံးမိသားစုနဲ့ဆက်နွှယ်နေတဲ့အမှုဖြစ်နေတဲ့အခါ...မီလီအမှုတွေကိုလိုက်ရင်း ဘာတွေကိုများကြုံတွေ့ရမလဲ...ပျောက်ဆုံးနေတဲ့ကလေးမလေးအမှုမှာ ပြစ်မှုကျူးလွန်တဲ့သူလို့ယူဆထားတဲ့သူက တစ်ခြားအမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်နေပြီး အသက်အန္တရာယ်ရှိလာတဲ့အခါ...စကော့တလန်ရဲဌာနပါအမှုထဲပါဝင်လာပြီးနောက် မီလီကအမှုကိုအရင်ဆုံး ဖြေရှင်းနိုင်သွားမလား...နောက်ကွယ်မှာ ရှုပ်ထွေးတဲ့အမှုတွေများ ရှိနေဦးမလား....ရင်ခုန်စိတ်လှုပ်ရှားရင်းနဲ့ ကြည့်ရှုရမှာပါ။  File Size –1.04 GB ...
8.5
TMDb: 8.5/10 4 votes
tv

Get Millie Black (2024)

2024