Channel Myanmar

Dong Siyi

The Rise of Ning (2024)
The Rise of Ning (2024) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမှာကThe Rise of Ningဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်လေးထဲမှာဆိုရင် အဓိက မင်းသားအဖြစ်နဲ့Lost You Forever ထဲက ရွှမ်းလို့လူသိများတဲ့မင်းသားလေး Zhang Wan Yi နဲ့အတူ မင်းသမီး Ren Min အပြင်ကောကျင့် ၂၀၂၄ version ရဲ့မင်းသားဖြစ်သူ Ci Sha လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းက‌တော့ လော်အိမ်တော်ရဲ့ သမီးတစ်ဦးဖြစ်တဲ့လော်ယိနင်က သီးခြားစံအိမ်တော်မှာ ကြီးပြင်းခဲ့ရတဲ့သူတစ်ဦးဖြစ်ပြီးငယ်ငယ်ကတည်းက ကြိုးနီစနစ် စည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေနဲ့ထိန်းချုပ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ တတိယအကို လော်ရှန်းယွမ်ကို ဝိုင်းအနိုင်ကျင့်ကြတဲ့အတွက်အကူအညီအများကြီးပေးခဲ့ပြီး လော်ရှန်းယွမ်က စာပေရော ကိုယ်ခံပညာမှာပါထူးချွန်တတ်မြောက်နေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုလည်းတဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ။ အဲ့ဒီ့ လော်ယိနင်ဆိုတဲ့ကောင်မလေးတစ်ယောက်အသည်းကွဲပြီးတဲ့နောက်မှာတော့ စည်းဘောင်တွေ၊ သူများထိန်းချုပ်တာတွေမခံချင်တော့ပဲ အသိကျွမ်းတွေနဲ့ အဆက်သွယ်ဖြစ်ကာ ကိုယ်ပိုင်အစွမ်းအစနဲ့ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပြီး စီးပွားရေးတစ်ခုစတင်ခဲ့ပါတယ် -လော်ရှန်းယွမ်ဆိုတဲ့ ကောင်လေးကတော့ လော်အိမ်တော်အတွင်းမှာနေပြီးဆရာဖြစ်သူသေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေနေရင်းလော်ယိနင်စီးပွားရေးကိုလည်း အကူညီပေးနေတာကြောင့်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လိုမျိုးဖြစ်လာမလဲ ပြသနာတွေကိုဘယ်လိုတူတူဖြေရှင်းကြမလဲ ...

The Rise of Ning (2024)

2024