Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ding Xiaoying
7
The Embers (2025)
ငယ်စဉ်က ဖြစ်ရပ်ဆိုးကြောင့် လျောင်ညီအစ်ကိုဟာ သေကွဲနဲ့ ကွဲကွာခဲ့ရတယ်။မီးလောင်မှုကြီးကြောင့် ညီအစ်ကိုတွေ ကွဲကွာခဲ့ရသလို အခြေအနေတစ်ခုကြောင့်ဆန့်ကျင်ဘက်တွေ ဖြစ်လာကြတယ်။ကိုယ်ကျိူးကြောင့် အမှောင်ဘက်ကို ရောက်သွားမလားအမှန်တရားနောက်ကို လိုက်ရင်းနဲ့ အလင်းထဲကို ရောက်လာမလား။တစ်ခါက နာမည်ကြီးတဲ့ AH7 ဆိုတဲ့ ဆေးတစ်မျိုးက လောကကြီးထဲကို ပြန်ရောက်လာတဲ့အခါလျောင်ညီအစ်ကိုတွေ ဘယ်လိုဖြစ်သွားမလဲ။အမှုပြန်စစ်ချင်တဲ့ မီးလောင်မှုကရော ပြန်စစ်ဆေးနိုင်မလားဒီဇာတ်ကားကိုတော့ အားလုံးနဲ့ ရင်းနှီးနေမယ့် Once We Get Married, The Love You Give Me နဲ့အတူနာမည်ကြီးလာတဲ့ Wang Ziyi၊ Begin Again နဲ့ လူသိများလာတဲ့ Sunny Sun တိုက ပါဝင်ထားပါတယ်===========================Quality : WEB-DL 1080p, 720p Total Episodes : 28 Format : mp4 Genres : Thriller Runtime : 40 min Subtitle : Myanmar ...
7
TMDb:
7/10
3 votes
tv
The Embers (2025)
2025
Under the Moonlight (2025)
ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက်မင်းသမီး “Hu Bing Qing” နဲ့ မင်းသား “Zhai Zi Lu” တို့ပါဝင်သရုပ်ဆောင်ထားတဲ့“Under the Moonlight” ဆိုတဲ့ ရှေးခေတ်မှုခင်းအချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်~ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝကံကြမ္မာဆိုးရွားခဲ့တဲ့လော်ရှူးလို့ခေါ်တဲ့ မိန်းမပျိုလေးဟာ ရဲရင့်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့အပြင်ကံကြမ္မာကိုပြောင်းလဲဖို့အတွက် ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပါ။တစ်နေ့မှာတော့ အသစ်ရောက်ရှိလာတဲ့စီရင်စုတရားသူကြီးမင်း ဟန်မုကျစ်နဲ့အတူအမှုကြီးတစ်ခုကို ကူညီဖြေရှင်းပေးခဲ့ပါတယ်။အဲဒီအချိန်ကစပြီး စီရင်စုအုပ်ချုပ်ရေးရုံးတော်မှာနေရင်း စုံစမ်းစစ်ဆေးရေးတွေမှာကူညီပေးရာကနေ လောကတစ်ခွင်ကို လှည့်လည်ခရီးသွားချင်တဲ့ လူငယ်လေး ချီမုံ့လင်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူ ထူးဆန်းတဲ့အမှုတွေကို ဖော်ထုတ်ဖြေရှင်းရင်းနဲ့အနေနီးစပ်လာတဲ့အခါမှာတော့ တဖြည်းဖြည်းချင်းခံစားချက်တွေနက်ရှိုင်းလာခဲ့ပါတယ်။လော်ရှူးနဲ့ချီမုံ့လင်တို့ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်လေးဖြစ်မလဲအမှုတွေကိုစုံစမ်းရင်း အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကိုတော့ဒီဇာတ်လမ်းတွဲလေးမှာ အတူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်====================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
Under the Moonlight (2025)
2025
Sword and Fairy 1
ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...
Sword and Fairy 1
2024
9
Amidst a Snowstorm of Love ( 2024 )
ဆယ်နှစ်မှာတစ်ကြိမ် ကြုံရခဲတဲ့ နှင်းမုန်တိုင်းထန်တဲ့ညတစ်ညမှာပရိုဘိလိယက်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့လင်ယိယန်(Wu Lei)နဲ့ဘောလုံး(၉)လုံးထိုး ဘိလိယက်ကစားသမားဖြစ်တဲ့ယင်းကော(Zhao Jinmai)တိုအမှတ်မထင်ဆုံစည်းခဲ့ကြတယ်။ ယင်းကောမောင်ဝမ်းကွဲလေးရဲ့ကူညီပေးမှုအောက်မှာ နှစ်ယောက်သား တဖြည်းဖြည်းသိကျွမ်းလာပြီးယင်းကောက လင်ယိယန်ရဲ့အတိတ်အကြောင်းကို သိလာခဲ့ရတယ်။ယင်းကောနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ ယင်းကောကြောင့် လင်ယိယန်ရဲ့ကနဦးအိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖိုဖြစ်လာတာနဲ့အတူ နှစ်ဦးကြားကသံယောဇဉ်ချစ်ခြင်းတွေပေါ်ပေါက်လာတာကိုပါ ကြည့်ရှူရမှာဖြစ်ပါတယ်။စုစုပေါင်း အပိုင်း(၃၂)ပိုင်းထုတ်လွှင့်မှာဖြစ်ပြီးတော့Channel Myanmar Website မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။=====================================Quality : WEB-DL 4K , 1080p , 720p Total Episodes : 32 Format : mp4 Genres : Romance , Sports Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyu Phway Thant Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ ...
9
TMDb:
9/10
1 votes
tv
Amidst a Snowstorm of Love ( 2024 )
2024
Hidden Love ( 2023 )
ကျွန်မမှာ အိမ်မက်တစ်ခုရှိတယ် သိပ်ဝန်မခံချင်ပေမဲ့...... သူ့နာမည်က * သွမ်..ကျား..ရွှီ * အခုကစပြီး ကျွန်မအိမ်မက်နဲ့နီးစပ်ဖို့ကြိုးစားတော့မယ် " -စန်းကျီ----- "သူများမှာရှိတဲ့အရာမှန်သမျှ ကိုယ့်ရဲ့ကျီကျီမှာ ရှိစေရမယ် ၊ ကိုကိုက မင်းကိုတစ်သက်လုံး နစ်နေအောင်ချစ်မှာ" - သွမ်ကျားရွှီ --------- ဇာတ်လမ်းအညွှန်းဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့ စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ -ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီရဲ့ အချစ်ဦးပါတဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်ယောက်-စန်းရန်နဲ့စန်းကျီစန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်း သူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန် ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာ ကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ်ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာ မရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး... အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှ သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ... အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့ စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာ ကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား...သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေက သကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ... Quality : WEB-DL 720p,1080p Total Episodes : 25 Format : mp4 Genres : Drama , Romance Duration : 45 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
Hidden Love ( 2023 )
2023