Channel Myanmar

Arata Iura

Unmet: Diary of a Brain Surgeon (2024) [Complete] 7.8
Unmet: Diary of a Brain Surgeon (2024) [Complete] Unmet: Diary of a Brain Surgeon (2024)**************************************အပိုင်း (၁ မှ ၁၁) စ/ဆုံးအနှစ်သာရရှိတဲ့ ဂျပန် ဆရာဝန်ကားကောင်းလေးတွေ ကြည့်ချင်နေကြတဲ့ CM ချစ်ပရိသတ်တို့အတွက် အခုတစ်ခါမှာတော့ cast character chemistry script အဘက်ဘက်ကနေ ကြည့်ရှုသူတွေဆီက positive review တွေ ပိုင်ဆိုင်ထားတဲ့ medical series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိတစ်ယောက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ဘဝရဲ့အချိုးအကွေ့တစ်ခုကို ရောက်သွားပြီး သူ့ရဲ့ဘဝလမ်းကို ပြန်လည်ရှာဖွေရပုံလေးကို တင်ဆက်ထားတာပါ။ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိဟာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့် ဦးခေါင်းထိခိုက်မှုဖြစ်သွားပါတယ်။ခွဲစိတ်မှုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အပြင် နောက်ထပ် memory အသစ်တွေကိုလည်း တစ်ရက်စာအပြင် ပိုမမှတ်နိုင်တော့ပါဘူး။ဒီလိုနဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝကနေ သူနာပြုအဖြစ် အလုပ်ပြန်လုပ်နေတုန်း ဦးနှောက်ခွဲစိတ်ဆရာဝန် ဒေါက်တာဆန်းပေးနဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ...ဒေါက်တာဆန်းပေးက ထက်မြက်တယ် တော်တယ်ဆို‌ပေမဲ့ တစ်ဖက်က သူ့ရဲ့အကျင့်စရိုက်ကြောင့် နာမည်ဆိုးတွေလည်းထွက်ထားတဲ့အတွက် မီယာဘိတစ်ယောက် ယုံရခက် မယုံရခက်ဖြစ်နေချိန် သူ့ရဲ့မှတ်ဉာဏ်ပျောက်နေတာအတွက် ဒေါက်တာဆန်းပေးမှာ ...
7.8
TMDb: 7.8/10 810 votes
tv

Unmet: Diary of a Brain Surgeon (2024) [Complete]

2024
Golden Kamuy -The Hunt of Prisoners in Hokkaido- (2024) [Complete] 10
Golden Kamuy -The Hunt of Prisoners in Hokkaido- (2024) [Complete] Golden Kamuy -The Hunt of Prisoners in Hokkaido- (2024)************************************************************အပိုင်းသစ် (၁ မှ ၉) စ/ဆုံး Satoru Noda ရေးဆွဲထားတဲ့ Golden Kamuy ဆိုတဲ့ manga series ကို အခြေခံပြီးရိုက်ကူးထားတဲ့Golden Kamuy: Golden Kamuy: Hokkaido Shisei Shujin Soudatsuhen ဆိုတဲ့ ဇာတ်ကားမှာSugimoto Saichi အဖြစ်နဲ့ မင်းသားချော Yamazaki Kento နဲ့  Asirpa အဖြစ် Yamada Anna တို့ကအဓိကပါဝင်ထားပါတယ်။Golden Kamuyရုပ်ရှင်အပြီးမှာ ဖုံးကွယ်ထားတဲ့ ရွှေရဲ့တည်နေရာကို ဖော်ထုတ်သွားခဲ့ပြီး လွတ်မြောက်သွားခဲ့တဲ့တက်တူးတွေနဲ့ အကျဉ်းသားကို အင်တိုက်အားတိုက်ရှာဖွေခဲ့ကြပါတယ်။အငြိမ်းစားစစ်မှုထမ်းဟောင်း Sugimoto Saichi နဲ့ Asirpaတို့ဟာ တခြားသူတွေထက်အရင်ရွှေကိုရှာဖို့ စတင်ခဲ့ကြပါတယ်။ရွှေကို ရှာကြမဲ့ သူတို့ရဲ့ခရီးစဉ်ကဘယ်လိုဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ KIM ...
10
TMDb: 10/10 1 votes
tv

Golden Kamuy -The Hunt of Prisoners in Hokkaido- (2024) [Complete]

2024
Talentless TAKANO (2024) [Complete] 7
Talentless TAKANO (2024) [Complete] Talentless TAKANO (2024)******************************အပိုင်း (၁ မှ ၈) စ/ဆုံး တခနို ဆုမဲကိုဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီးတော့ စကားပြောရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ကောင်မလေးတစ်ယောက်ပါ။တကယ့်အမှန်တရားကို ဘေးထား သူမှန်တယ်ထင်ရင် မှန်တာပဲဆိုပြီး ပြောတတ်တဲ့ အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့ အူကြောင်ကြောင် စကားတွေကိုပဲ ကြွေဆင်းသွားပြီး အလုပ်အင်တာဗျူးအောင်ကာ အလုပ်ရသွားပါတော့တယ်။ဒါပေမဲ့လည်း သူဟာ မိတ္တူစက်ကိုတောင် မသုံးတတ်တဲ့အထိ အူကြောင်ကြောင်လေးနဲ့ အလုပ်မှာ တလွဲတွေလုပ်ရင်း ဌာနအတွက် အပျင်းပြေစရာလေးတစ်ခုလို ဖြစ်လို့နေပါတယ်။သူနဲ့အတူပဲ အင်တာဗျူးအောင်လာတဲ့ ဟိ၀ဒ မီချီတိုဆိုတဲ့ ကောင်လေးကတော့ တခနိုနဲ့ မတူဘဲ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းပေမဲ့ အလုပ်လုပ်ရာမှာတော့ တော်လွန်းသူတစ်ယောက်ပါ။ဒီလိုနဲ့ သူတို့နှစ်ယောက်ကို လုပ်ငန်းပါတနာအဖြစ် အတူတွဲပြီး ပရောဂျက်တွေ ကိုင်ခိုင်းလိုက်တဲ့အချိန်မှာတော့ ....တခနိုရဲ့ ဘယ်လိုတလွဲတချော်အတွေးတွေနဲ့ ကုမ္ပဏီပရောဂျက်တွေကို ဘယ်လိုတွေလုပ်မလဲ ......တခနိုနဲ့ ဟိ၀ဒတို့ရဲ့ တွဲဖက်လုပ်ဆောင်ချက်တွေကရော ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ .....သူတို့နှစ်ယောက်ရော ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ...
7
TMDb: 7/10 321 votes
tv

Talentless TAKANO (2024) [Complete]

2024
First Love (2022) 9.143
First Love (2022) First Love (2022) °°°°°°°°°°°°°°°°°°°°° 'အချစ်ဦး' တဲ့ အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှ ဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ဟိခါရုဟာ ဒီသီချင်းကို ရေးပြီး အသံသွင်းခဲ့တဲ့အချိန်ကဆို အရွယ်အားဖြင့် ၁၅ နှစ်သာ ရှိပါသေးသတဲ့။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်စအရွယ် အပျိုဖြန်းမလေးရဲ့ အချစ်ဦးဆိုတာကို လှလှပပ၊ ဆွေးဆွေးမြေ့မြေ့နဲ့ ပုံဖော်ထားခဲ့တဲ့၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းလေးပေါ့။မြန်မာပရိသတ်တွေကတော့ မူရင်းဂျပန်သီချင်းကို နားမထောင်ဖူးရင်တောင် ဆုန်သင်းပါရ် ပြန်ဆိုထားတဲ့♪သိပ်ချစ်ဖူးခဲ့မိတာ မင်းတစ်ယောက်တည်း ရှိတာပါ♪ ♪တစ်သက်တာ မင်းရဲ့ရင်မှာ ...
9.143
TMDb: 9.143/10 7 votes
tv

First Love (2022)

2022