Channel Myanmar

Zu Feng

Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကို သိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီ ဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲ တစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့ စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့ အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲ သူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှ ာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီး မိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကို လက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့ လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ် ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကို ထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Filesize : 1.75 GB / 958 MB Quality ...
movie

Upcoming Summer ( 2021 )

A Long Shot (2025) 6
A Long Shot (2025) CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်... တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်...ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ... အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့... ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး... တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့...အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ... သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို.... တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ... ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်.. Filesize : 899 MB Quality : WEB-DL 1080p HEVC  Format : mkv Genres : Drama , Crime Runtime : 1h 57 ...
movie

A Long Shot (2025)

Across the Furious Sea (2023) 6.7
Across the Furious Sea (2023)   Across the Furious Sea (2023)IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ဇာတ်လမ်းအကျဉ်းကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(2.4 GB) ...
movie

Across the Furious Sea (2023)

2023
Remain Silent ( 2019 ) 5.7
Remain Silent ( 2019 ) Zawgyi*******ဒီဇာတ်ကားဟာ 2019ခုနစ် 8လပိုင်းမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်.. ဟောင်ကောင်အဆိုတော်ဝမ့်ဝိန်ဖန်းကသူမရဲ့ အလှပြင်ခန်းထဲမှာတိုက်ခိုက်ခံရပြီးဒဏ်ရာပြင်းထန်စွာရကာ သတိလစ်မေ့မြောသွားခဲ့ပါတယ်..အခင်းဖြစ်ပွားရာနေရာမှာJimmy Thomasဆိုတဲ့လူငယ်လေးကိုလက်နှစ်ဖက်မှာသွေးတွေနဲ့မြင်တွေ့လိုက်ရတဲ့အခါ...တိုက်ခိုက်ပြီးလူသတ်ရန်ကြံစည်တဲ့အမှုနဲ့ တရားစွဲဆိုခံထားရပါတယ်..ဒီလူငယ်လေးဘက်ကနေ ကာကွယ်ပြီး အမှုလိုက်ပေးတဲ့ရှေ့နေတွမ်းမုကအမျိုးမျိုးကြိုးစားပေးတဲ့အခါ.... ဒီလုပ်ကြံတိုက်ခိုက်မှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Unicode*******ဒီဇာတ်ကားဟာ 2019ခုနစ် 8လပိုင်းမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်.. ဟောင်ကောင်အဆိုတော်ဝမ့်ဝိန်ဖန်းကသူမရဲ့ အလှပြင်ခန်းထဲမှာတိုက်ခိုက်ခံရပြီးဒဏ်ရာပြင်းထန်စွာရကာ သတိလစ်မေ့မြောသွားခဲ့ပါတယ်..အခင်းဖြစ်ပွားရာနေရာမှာJimmy Thomasဆိုတဲ့လူငယ်လေးကိုလက်နှစ်ဖက်မှာသွေးတွေနဲ့မြင်တွေ့လိုက်ရတဲ့အခါ...တိုက်ခိုက်ပြီးလူသတ်ရန်ကြံစည်တဲ့အမှုနဲ့ တရားစွဲဆိုခံထားရပါတယ်..ဒီလူငယ်လေးဘက်ကနေ ကာကွယ်ပြီး အမှုလိုက်ပေးတဲ့ရှေ့နေတွမ်းမုကအမျိုးမျိုးကြိုးစားပေးတဲ့အခါ.... ဒီလုပ်ကြံတိုက်ခိုက်မှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

Remain Silent ( 2019 )

2019
Forever Young ( 2018 ) 6.5
Forever Young ( 2018 ) 2018 ခုနှစ်တဲ့ တရုတ်ဇာတ်ကားတွေထဲမှာ Recommend ဖြစ်ခဲ့တဲ့ထိပ်တန်း ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်Forever Young ဇာတ်ကားဟာ Imdb 6.5/10 ရထားပြီးChina မှာ US $ 118 milion Box Office ၀င်ငွေရရှိခဲ့ပါတယ်ဒီဇာတ်ကားဟာ ပထမ ကမ္ဘာစစ်ဖြစ်ချိန် 1920 ကနေ 1940 ထိ1960 ကနေ ယခုခေတ်အချိန်ထိ ဖြစ်ရပ်တွေကို မျိုးဆက်လေးခုစာရင်ဆိုင်ကြုံတွေ့ရပုံတွေကိုဖေါ်ပြထားခြင်းပဲဖြစ်ပါတယ် မျိုးဆက်တစ်ခုစီတိုင်းက သူတို့နဲ့ပတ်သတ်တဲ့စိန်ခေါ်မှုတွေကိုဘယ်လိုဖြေရှင်းကြမလဲ..အတိတ်ကဖြစ်ရပ်တွေကိုအနာဂတ်ကလူတွေမပြောင်းလဲနိုင်ပေမယ့် အတိတ်ကလုပ်ဆောင်ချက်တွေကအနာဂတ်အပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲကြည့်ပြီးရင်တော့ တွေးစရာလေးတွေ ရင်ထဲမှာ တခုခုကျန်ခဲ့မှာအသေအချာပါပဲ...ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ Messageလေးကလည်းရှိနေပြန်ပါတယ်..ကိုယ့်ရဲ့အမှန်တကယ်ဆောင်ရွက်ချင်တဲ့အရာ..အမှန်တကယ်လိုချင်မယ့်အရာ..ဖြစ်ချင်တဲ့အရာတန်ဖိုးထားရမယ့်အရာတွေကို သေချာစဉ်းစားမိလာမယ်လို့ကျွန်တော့်အနေနဲ့ခံစားမိပါတယ် Review & Translated By Phyo ZawEncoded By LK
movie

Forever Young ( 2018 )

2018
Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie

Extraordinary Mission (2017)

2017