Channel Myanmar

Zhu Yilong

The Volunteers: To the War ( 2023 ) The Great War 6
The Volunteers: To the War ( 2023 ) The Great War စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie

The Volunteers: To the War ( 2023 ) The Great War

4K HEVC
The Volunteers: The Battle of Life and Death ( 2024 ) 6.3
The Volunteers: The Battle of Life and Death ( 2024 ) သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ... စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ... ဒီဇာတ်လမ်းလေးမှာတော့...စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး... ဘာတွေကြုံတွေ့ခဲ့တယ်... ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်...ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်... တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ... ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို ...
movie

The Volunteers: The Battle of Life and Death ( 2024 )

4K HEVC
Land of Broken Hearts ( 2024 )
Land of Broken Hearts ( 2024 ) အချစ်ရုပ်ရှင်ပဲ ကြည့်ချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဟွမ်ကျန့်ခိုင်းဟာ သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာ ရှင်သန်နေတယ်လို့ထင်နေပါတယ်။ သူ့ဘဝရုပ်ရှင်မှာ မွေးကတည်းက ဇာတ်ညွှန်းရှိပြီးသား သူဘာမှ မပြောင်းလဲနိုင်ဘူး။ ဇာတ်ညွှန်းအတိုင်းပဲ တစ်နေ့ပြီးတစ်နေ့ ဘဝကို ဖြတ်သန်းရမယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဒါကို မကျေနပ်တဲ့သူက အိမ်အသစ်ပြောင်းပြီး ဆံပင်အရောင်အသစ်ဆိုးပြီး ဘဝသစ်ကို စဖို့ ကြိုးစားနေပါတယ်။အိမ်အသစ်မှာ ထူးဆန်းတဲ့ သူနဲ့ အိမ်အတူငှားနေတဲ့ လီရှောင်လဲ့နဲ့ တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဘဝမှာ ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ နာမည် ၁၀ ခုကျော်လောက်ရှိပြီး စကားအခွန်းတိုင်းမှာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးရဲ့ဘဝကို သူအားကျမိခဲ့ပါတယ်။ အချင်းချင်း ဘယ်သူမှန်း မသိပေမဲ့ အချင်းချင်း နားအလည်ဆုံးလူ ဖြစ်ခဲ့ပါတယ်။အဲလိုနဲ့ တဖြည်းဖြည်း သူက လီရှောင်လဲ့ရဲ့ အကြောင်းကို ပိုပိုသိချင်လာပြီး လီရှောင်လဲ့ကတော့ ရှောင်ပြေးသွားခဲ့ပါတယ်။ အချစ်က ဘာလဲဆိုတာကို သိချင်နေတဲ့ သူတို့နှစ်ယောက် အချစ်ကို ရှာတွေ့သွားမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.35 GB / 733 MB Quality : WEB-DL 1080p ...
movie

Land of Broken Hearts ( 2024 )

Lost in the Stars ( 2023 ) 6.5
Lost in the Stars ( 2023 ) မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူး ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့ တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့ အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။ (၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့ သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာ ရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား...... ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား...... ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား..... မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။ Filesize : 3.79 GB / 1.52 GB / 850 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Mystery , Crime , Drama , Thriller Runtime : 2h 2 min Subtitle ...
movie

Lost in the Stars ( 2023 )

4K HEVC
Lighting Up the Stars ( 2022 ) 6.3
Lighting Up the Stars ( 2022 ) ❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie

Lighting Up the Stars ( 2022 )