Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhou Yunpeng
5.5
Mad Hairdressers (2025)
ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။ လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီး တကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကို ဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီး အဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။ ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိ ဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက် အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့ ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့ လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။ ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့ ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့် လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့ ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့ အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့ ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်က သူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့ ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ် Filesize : 1.33 GB / 772 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Mad Hairdressers (2025)
5.8
Way of the Stone 2 ( 2024 )
ကွန်ဖူးဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ရှီထိုရဲ့ အရှေ့မြောက်ပိုင်းရွာလေးကနေပြီး တောင်ပိုင်းစွန်းက ပင်လယ်ကမ်းခြေစန်းယအထိသွားပြီး သူရဲ့ကွန်ဖူးအိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဂျက်ကီချန်းလို အောင်မြင်တဲ့ကြယ်ပွင့်ကြီးဖြစ်ချင်အိပ်မက်၊ စတီဗင်ချောင်လို အောက်ခြေကစခဲ့ပြီး အောင်မြင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှီထိုတို့သူငယ်ချင်း(၂)ယောက်ဟာ တရုတ်ပြည်မြောက်ဖျားကနေ တောင်စွန်းထိစွန့်စားပြီးရောက်လာခဲ့ကြတယ်။မထင်မှတ်ပဲ ဇာတ်ဆောင်မင်းသမီးရဲ့အိတ်လုခံရတာကို ပြန်ယူပေးခဲ့မိပြီး ရင်းနီးသွားခဲ့ကြတယ်။ အဲဒီအချိန်မှာမင်းသမီးကိုကြိုက်နေတဲ့ သူဌေးတစ်ယောက်က ရှီထိုတို့ကိုမနာလိုဖြစ်ပြီး မကောင်းလိုက်ကြံတော့တာပေါ့။ သူဌေးကြီးရဲ့ယုတ်မာမှုတွေကိုသည်းခံနိုင်ပါ့မလား။အလွဲလွဲအချော်ချော်တွေကြားမှာ ရွာသား၂ယောက်ရဲ့အိပ်မက်ကိုဘယ်လိုများ အကောင်အထည်ဖော်ကြမလဲဆိုတာကို ရယ်ရယ်မောမောခံစားကြည့်လိုက်ပါနော်။ Filesize : 1.04 GB / 582 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Way of the Stone 2 ( 2024 )
5.8
Way of the Stone 1 ( 2022 )
CM တရုတ်ကားချစ်သူတို့ရေ... ဘဝအမောတွေကို ဖြေပေးဖို့ ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကတော့ ရွာသားလေး မောင်ရှီထုံတစ်ယောက်... ကိုယ်ခံပညာကို ရူးသွပ်တဲ့ သိုင်းရူးလေး.... ရွာမှာ ဘာလုပ်လုပ် အမြဲ မှန်မနေတဲ့ တစ်လွဲစိန်လေး... အကြောင်းပဲဖြစ်ပါတယ်...ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ကျောက်သူဌေးဆိုတဲ့ မြို့သူဌေးက ရင်းနှီးမြှုပ်နှံပါမယ်ဆိုတာကို သူ့ကျေးဇူးနဲ့.... မတော်တဆလေးဖြစ်ခဲ့ပြီး...ကျောက်သူဌေးမှာ ထိပ်ပြောင်တဲ့ကြားက မရှိရှိတဲ့ ဆံပင်လေးပါ ကုန်တော့မလိုဖြစ်ခဲ့တယ်... အဲ့ မတော်တဆကြောင့်ပဲ ကျောက်သူဌေးကျန်ခဲ့တဲ့ ပစ္စည်းကို ပြန်ပေးဖို့ ရှီထုံတစ်ယောက် မြို့တက်ဖြစ်ခဲ့တယ်...ဒီလိုနဲ့ ရွာသားလေး ရှီထုံ မြို့မှာ ဘာတွေထပ်လွဲဦးမှာလဲ... ကျောက်သူဌေးလက်ထဲကိုရော ပစ္စည်းရောက်အောင်ပေးနိုင်ပါ့မလား... ရွာသားရှီထုံရဲ့ စွန့်စားခန်းကို CM နဲ့ အတူ ကြည့်လိုက်ရအောင်... Filesize : 1.14 GB / 648 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy Runtime : 1h 12 min Subtitle : Myanmar Subtitle ...
movie
Way of the Stone 1 ( 2022 )
6
Three Old Boys ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Three Old Boys ( 2024 )
5.9
Love Story In Yilan ( 2022 )
ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးမိသားစုဟာသ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့......မြို့ငယ်လေးတစ်ခုမှာကြီးပြင်းခဲ့တဲ့ Chang Haiဆိုတဲ့ ဝင်ငွေယွမ်သိန်းသောင်းချီရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ Chang Haiကငွေပုံပေါ်မှာပဲ သူ့ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေချိန်မှာ မထင်မှတ်ပဲ အပြိုင်ကမ္ဘာကိုရောက်သွားခဲ့ပါတယ်။ အပြိုင်ကမ္ဘာရဲ့Chang Haiဟာ သူစွန့်လွှတ်ခဲ့တဲ့ အချစ်ဦးဆီပြန်ရောက်သွားပြီး အေးအတူပူအမျှ မောင်တစ်ထမ်းမယ်တစ်ရွက်ဘဝကိုဖြတ်သန်းရမယ်ဆိုတော့ သူဌေးChang Haiတစ်ယောက်ဘယ်လိုမှမနေနိုင်ပဲ သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့ကြိုးစားရတော့တာပေါ့......သူ့ရဲမူလကမ္ဘာကိုပြန်သွားဖို့ကြိုးစားတဲ့အချိန် အလွဲအလွဲအချော်ချော်နဲ့ ဘယ်လိုတွေတောင်ကြိုးစားခဲ့ရသလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပြီး သူ့ရဲ့ကမ္ဘာကိုပြန်ရောက်သွားတဲ့အခါ သူခံယူထားခဲ့တဲ့ ပျော်ရွှင်မှုဆိုတာက ပျော်ရွှင်မှုအစစ်အမှန်ဟုတ်ရဲ့လားဆိုတာကို Chang Haiတစ်ယောက်သံသယဖြစ်လာပြီး ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပြန်ရဖို့ ကြိုးစားပုံကို အခွီလေးနဲ့ကြည့်ရမှာဖြစ်ပါတဲ့အတွက် ပေါ့ပေါ့ပါးပါးမိသားစုဟာသကားလေးတွေကြိုက်တဲ့သူလေးတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Love Story In Yilan ( 2022 )