Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhou You
6.5
Caught by the Tides ( 2024 )
စိတ်ဝင်စားစရာကောင်းတဲ့တင်ဆက်မှုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nomineeတွေဆုတွေရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ငယ်ငယ်တုန်းက အရမ်းချစ်တဲ့ချစ်သူတွေဖြစ်ကြပေမယ့် ရွေးချယ်တဲ့လမ်းကြောင်းမတူကြတဲ့အတွက် ကွဲကွာခဲ့ပြီး ကွဲပြားတဲ့ရလာဒ်တွေကိုယ်စီရခဲ့ကြတယ်။ ၂၀၀၀ခုနှစ် မိန်းမပျိုတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့ ယှဉ်ပြီးပြသွားတာဖြစ်ပါတယ်။အချိန်စီးကြောင်းအတိုင်း မိန်းကလေးဟာ ရင့်ကျက်လာတယ် နားလည်လာတယ် ပြောင်းလဲလာပြီး သန်မာလာခဲ့တဲ့ဖြစ်စဉ်ကို ရိုက်ပြသွားတဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ မင်းသမီးကတစ်ကားလုံး ဒိုင်ယာလော့တစ်လုံးမှမပါတာပါပဲ။ အစပိုင်းမှာတော့ ဇဝေဇဝါနည်းနည်းဖြစ်ပေမယ့် တဖြည်းဖြည်းချင်းဇာတ်လမ်းထဲကို နစ်မြုပ်သွားစေမယ့် ခံစားချက်တွေအပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Filesize : 1.77 GB / 861 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Caught by the Tides ( 2024 )
6.0
Decoded ( 2024 )
မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့ တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကို အခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ...ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်း ဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး..." တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ" လို့ သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်... "တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်" လို့ ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် ...နာမည်ကောင်းမရလည်း... နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့ လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင် ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်...ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့ သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်...အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ် ၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်....လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က ကြိုးစားအားထုတ်သူကိုတော့ ...
movie
Decoded ( 2024 )
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )