Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhong Lei
6
Condor Hero (2025)
ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့ The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ် Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့ အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့် ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့် ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ် ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့ တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ......။ Filesize : 3.2 GB / 1.29 GB / 751 MB Quality : ...
movie
Condor Hero (2025)
4K HEVC
5.9
Brotherhood of Blades: Exterminate Evil ( 2024 )
ဒီကားလေးကတော့ မင်ပြည်ထောင် ထျန်ချီခေတ်မှာ မိန်းမစိုးတို့ အာဏာကြီးစိုးပြီး... ရှင်ဘုရင်ကလည်း နာမကျန်းတဲ့အပြင် မိန်းမစိုး ဘာပြောပြော မှန်တယ်ဆိုပြီး မျက်စိမှိတ်ပေးထားတဲ့ကာလမှာ... သူ့ကို ဆန့်ကျင်သမျှ.. သူနဲ့ အမြင်မတူသမျှ... ရန်သူတော်လို့ သတ်မှတ်ခံရတဲ့အပြင်... တမင်ပြည်ထောင်တိုးတက် ကြီးပွားရေးရှေးရှုတဲ့ သစ္စာခံအမတ်တို့ရဲ့ တုန်လင်ဂိုဏ်းကိုတောင် အကြောင်းပြချက်မဲ့ သတ်ပစ်တဲ့အထိကို ဆိုးသွမ်းနေခဲ့တာပါ...ဒီမိန်းမစိုးကြီးတစ်ယောက်က လောကကို လောဘအမှောင်ချပြီး ကြီးစိုးချိန်မှာ... တစ်ဖက်မှာလည်း အာဏာရူးတဲ့ မိန်းမစိုးနောက်လိုက် ခွေးတွေက... သခင်ညွှန်ရာ ဝိုင်းဟောင် ဝိုင်းကိုက်ပေးသေတာမို့ ပြည်သူတွေကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်... အသက်ဖက်နဲ့ထုတ်ပြီး ရှင်သန်နေရရှာတာပေါ့...ဒါကြောင့်လည်း မင်ပြည်ထောင်စုကြီးကို ကယ်တင်ဖို့ လျို့ဝှက်မိန်းမစိုးကြီးထောက်ခံသူတွေကို ရှင်းပြီး ... မိန်းမစိုးကြီးရဲ့ အပြစ်တွေကို သက်သေလိုက်စုတဲ့လူတချို့လည်းရှိလေရဲ့... ဘယ်လောက်တောင် ဆိုးတဲ့ မိန်းမစိုးကြီးလဲ... မြေပြင်သူရဲကောင်းတွေရော အောင်နိုင်မှာလားဆိုတာကတော့ CM နဲ့အတူ ဇာတ်ကားလေးကြည့်လိုက်ကြရအောင်နော် Filesize : 1 GB / 545 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime ...
movie
Brotherhood of Blades: Exterminate Evil ( 2024 )
5.8
Miss Agent 2 ( 2024 )
Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ် ပထမကားကိုဒီမှာရှာလို့ရပါတယ် ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့ လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီး သူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက် မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီး ပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာ စွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.05 GB Quality : WEB-DL 1080p HEVC Format : mkv Genres : Action , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Miss Agent 2 ( 2024 )
6.0
High Forces ( 2024 )
"ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်" ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့... ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ...ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့... ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်...သူ့ရောဂါကြောင့်ပဲ... သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်... ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ... သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့...ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်... သူ့နာမည်က မိုက်ခ်တဲ့... သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့... မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ...ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ... သူတို့ဆန္ဒတွေပြည့်ဝမှာလား...သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား... နောက်ပြီး ကောင်းဟောက်ကျွင်းကရော ...
movie
High Forces ( 2024 )
4K HEVC
6.1
Blasting ( 2022 )
ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့ Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ်အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီး ရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါ တာဝန်ထမ်း ဆောင်နေစဥ်အတွင်း ရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှ ရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီး သူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့် ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ်ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့် မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ် မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖို သူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါနောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှ ပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင် သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Blasting ( 2022 )