Channel Myanmar

Zhao Tao

Caught by the Tides ( 2024 ) 6.5
Caught by the Tides ( 2024 ) စိတ်ဝင်စားစရာကောင်းတဲ့တင်ဆက်မှုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nomineeတွေဆုတွေရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ငယ်ငယ်တုန်းက အရမ်းချစ်တဲ့ချစ်သူတွေဖြစ်ကြပေမယ့် ရွေးချယ်တဲ့လမ်းကြောင်းမတူကြတဲ့အတွက် ကွဲကွာခဲ့ပြီး ကွဲပြားတဲ့ရလာဒ်တွေကိုယ်စီရခဲ့ကြတယ်။ ၂၀၀၀ခုနှစ် မိန်းမပျိုတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့ ယှဉ်ပြီးပြသွားတာဖြစ်ပါတယ်။အချိန်စီးကြောင်းအတိုင်း မိန်းကလေးဟာ ရင့်ကျက်လာတယ် နားလည်လာတယ် ပြောင်းလဲလာပြီး သန်မာလာခဲ့တဲ့ဖြစ်စဉ်ကို ရိုက်ပြသွားတဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ မင်းသမီးကတစ်ကားလုံး ဒိုင်ယာလော့တစ်လုံးမှမပါတာပါပဲ။ အစပိုင်းမှာတော့ ဇဝေဇဝါနည်းနည်းဖြစ်ပေမယ့် တဖြည်းဖြည်းချင်းဇာတ်လမ်းထဲကို နစ်မြုပ်သွားစေမယ့် ခံစားချက်တွေအပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Filesize : 1.77 GB / 861 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama  Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Caught by the Tides ( 2024 )

Ash Is Purest White ( 2018 ) 7.0
Ash Is Purest White ( 2018 ) ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie

Ash Is Purest White ( 2018 )

A Touch of Sin(2013) 7.1
A Touch of Sin(2013) A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Naomi Noe Encoded by Phyo Pyae
movie

A Touch of Sin(2013)

2013