Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Hengrui
6
The kiddie Tomb ( 2021 )
ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာ စစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့် ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီး သင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူ ကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာ အငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။ အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာ လောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာ အဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့ Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့် ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ Filesize : 1.16 GB / 638 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...
movie
The kiddie Tomb ( 2021 )
5.8
Lose To Win ( 2023 )
ဒီဇာတ်ကားလေးကတော့ teamwork နဲ့ ယှဉ်ပြိုင်လိုစိတ် ၊ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် အစရှိတဲ့ message တွေပေးသွားပြီးတော့ ရယ်စရာဟာသလေးတွေနဲ့ပါ တစ်ပါတည်းကြည့်ရမဲ့ ဟာသကားကြိုက်တတ်တဲ့ ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘတ်စကတ်ဘောအားကစားကိုအရမ်းရူးသွပ်ပြီး ပွဲတိုင်းအနိုင်လိုချင်တဲ့ နည်းပြဝေ့ကော်ကျိမ့်ဟာ သူ့ကျောင်းက ဘတ်စကတ်ဘောအသင်းကို ၇နှစ်ဆက်တိုက်ဘယ်သူမှအနိုင်မပိုင်းနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ပြိုင်ဘက်အသင်းက နိုင်ငံခြားသားတွေကိုငှားလာပြီး ပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာ နည်းပြဝေ့တို့အသင်းရဲ့ ၇နှစ်အရှုံးမရှိမှတ်တမ်းကို ချိုးဖျက်တော့မလိုအခြေအနေဖြစ်လာခဲ့ပါတယ် ။နည်းပြဝေ့တစ်ယောက် နိုင်ချင်ဇောကြီးပြီး ကမူးရှူးထိုးတွေထလုပ်ချိန်မှာတော့ ရန်တွေဖြစ်ကြပါတော့တယ် ။ သူအဲလိုလုပ်လိုက်တဲ့အခါမှာ ၇နှစ်မှတ်တမ်းကိုထိန်းသိမ်းနိုင်လိုက်ပေမဲ့ တစ်ဖက်မှာလည်း အဖွဲ့အစည်းကနေ သူ့ကိုယာယီရာထူးရပ်ဆိုင်းပြီး ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ ချို့တဲ့တဲ့ ပရဟိတမိသားစုအဖွဲ့အစည်းဆီကို ဘတ်စကတ်ေဘာနည်းပြလုပ်ပေးဖို့လွှတ်လိုက်ချိန်မှာတော့ခေါင်းဆောင်ဝေ့တစ်ယောက် ပြောဆိုဆက်ဆံရခက်တဲ့ လူတစ်စုနဲ့ ဘယ်လိုဆက်ပြီး ရှေ့ဆက်လဲ ? သူလိုချင်နေတဲ့ အနိုင်ပွဲတွေကရော ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့လူတစ်စုနဲ့ဆို ရနိုင်ပါအုံးမလားဆိုတာကို... ပျော်ပျော်ရွှင်ရွှင်နဲ့ မပျင်းရအောင်ကြည့်ရမှာဖြစ်လို့ ဟာသကားကြိုက်ပြီးဇာတ်အိမ်ခိုင်မှကြည့်တတ်တဲ့သူတွေအတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie
Lose To Win ( 2023 )