Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Chun-Zhong
6
The kiddie Tomb ( 2021 )
ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာ စစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့် ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီး သင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူ ကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာ အငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။ အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာ လောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာ အဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့ Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့် ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ Filesize : 1.16 GB / 638 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...
movie
The kiddie Tomb ( 2021 )
5.8
The Enchanting Phantom ( 2020 )
90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့ A Chinese Ghost Story ဇာတ်ကားလေးကိုသိကြမှာပါ ခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာ ဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ် သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီး ကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကို တောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင် သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ် ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့် ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော် ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင် ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့် ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ် Filesize : 2.27 GB / 1.40 GB /842 MB Quality : WEB-DL 4K HEVC, 1080p , 720p Format : ...
movie
The Enchanting Phantom ( 2020 )
4K HEVC
5.6
Mao Shan (2021)
ယင်ရှောင်ရီဟာ အမေဖြစ်သူဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ ဝိုင်းလုပ်ဝိုင်းကူပေးရတဲ့ လူငယ်လေးတစ်ယောက်ပေါ့၊ ခမျာမှာ စားသောက်ဆိုင်အလုပ် လုပ်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်ကြီးကျယ်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသဗျ၊ အဲဒါကတော့ မောရှန်းကျောင်းတော်လို့ခေါ်တဲ့ အဆင့်အတန်းမြင့်တဲ့ သိုင်းပညာသင်တန်းကျောင်းမှာ ပညာသင်ပြီး နဂါးကိုးကောင် သခင်ဆိုတဲ့ ကျောင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ကြီးနဲ့ ဝင့်ကြွားချင်သူပေါ့၊ဖြစ်ချင်တော့ မောရှန်းရဲ့ ကျောင်းတော်က ရန်စလို့ ပြောရမယ့် ရန်သူတော်ကြီးတစ်ယောက်ဟာ အောက်လမ်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လာမယ့်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ကျောင်းတော်ကြီးအနေနဲ့ နဂါးကိုးကောင်သခင်ဘွဲ့ကို လက်ဆင့်ကမ်းရယူမယ့် သိုင်း ပညာရှင်အကျော်အမော်ကို ရှာခဲ့ပါတယ်၊ကံစီမံရာပဲ ဆိုရမလား၊ ကံကောင်းချင်တယ်ပဲ ပြောရမလား...ယင်ရှောင်ရီတစ်ယောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုသလို သိုင်းပညာနဲ့ပတ်သတ်ရင် ဗလာနတ္ထိ ဘာမှမသိရာမှ ထိုဂုဏ်ပုဒ်ကိုရသွားတဲ့အခါ...ကွန်ဖူးအကြောင်းတစ်လုံးနကန်းမသိတဲ့ ရှောင်ရီအနေနဲ့ သူ့အပေါ်အမြင်မကြည်တဲ့ သိုင်းဆရာနဲ့ သိုင်းညီအစ်ကိုတွေကြား ဘယ်လိုကြိုးစားပြရင်း နဂါးကိုးကောင်သခင်ဘွဲ့နဲ့ သူထိုက်တန်ကြောင်း ပြမလဲ၊ မောရှန်းကျောင်းရဲ့ ရန်သူတော်ကြီးကို ဘယ်လိုချေမှုန်းမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပါ၊ ငယ်ငယ်က သိပ်ကိုကြိုက်ခဲ့ရတဲ့ Animationကားတစ်ကားကိုပါ မြင်ယောင်စေမိမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ...
movie
Mao Shan (2021)