Channel Myanmar

Zed Josef

Breaking Infinity (2023)
Breaking Infinity (2023)   Breaking Infinity (2023)လူတစ်ယောက် ဆေးခန်းထဲမှာ နိုးလာတယ်။  သူဘာလို့ ဒီကိုရောက်လာလဲ သူဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူသိလိုက်ရတာက အာဏာကြီးတဲ့လူတွေက သူဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သိချင်နေကြတယ်ဆိုတာပဲ။ ဒီလိုနဲ့ သူက သူဘာတွေဖြစ်ခဲ့လဲ သိအောင်လုပ်ဖို့ကြိုးစားတယ်။ အဲဒီကနေမှ သူက သိပ္ပံပညာရှင်ဖြစ်ခဲ့တာ သူသိလိုက်ရတယ်။ သူထွင်ခဲ့တဲ့ ကွမ်တမ် အချိန်ခရီးသွားစက်ထဲ သူဝင်ပြီး သူပျောက်သွားခဲ့တယ်ဆိုတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ ဘာတွေဖြစ်ခဲ့လဲ သူပြန်မှတ်မိအောင်လုပ်ရင်း အချိန်ခရီးသွားစက်ထဲ သူပြန်ဝင်သွားခဲ့တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအရာတွေကနေ သူ့ဇာတ်လမ်းကို သူပြန်သိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။သူဟာ အတိတ်က ပစ္စုပ္ပန်ကိုဖန်တီး အနာဂတ်က ပစ္စုပ္ပန်ကိုဖန်တီး  ပစ္စုပ္ပန်က အတိတ်ကိုဖန်တီး ပစ္စုပ္ပန်က အနာဂတ်ကိုဖန်တီး  အနာဂတ်က အတိတ်ကိုဖန်တီး ဘာတွေဘယ်လိုဖြစ်နေမှန်းမသိတဲ့ ဒီအချိန်ဆိုတဲ့အရာကြီးထဲ  သူ့မေးခွန်းတွေအတွက် အဖြေကိုရှာဖို့လုပ်တာကို ကြည့်ရမှာပါFile size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:26:00 Genre_Sci-Fi, Thriller Subtitle_Myanmar ...
movie

Breaking Infinity (2023)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023