Channel Myanmar

Zayyan Sakha

Dilan 1983 : Wo Ai Ni (2024)
Dilan 1983 : Wo Ai Ni (2024) ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie

Dilan 1983 : Wo Ai Ni (2024)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023