Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zarina Wahab
6.5
Jaat (2025)
Jaat (2025) ************** (Official WEB DL Quality ထွက်ရှိလာပြီမလို့ Updateပေးထာားပါပြီ)ဒီဇာတ်ကားလေးကတော့ IMDb rating 6.5/10အထိ ရရှိထားပြီး ဟင်ဒီစကားပြော Action/Thriller အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး ပရိတ်သတ် အချစ်တော်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ဆန်နီ ဒီယော်လ်အပြင် ဘာဟုဘလီထဲက မယ်တော်ကြီး ရာမာယာခရိရှန်ကလည်း သမ္မတကြီးအဖြစ် လည်းကောင်း တမီးလ်မင်းသားကြီး ဂျဂါပသီ ဘာဘူကလည်း စီဘီအိုင် ရဲမှူးချုပ်အဖြစ် လည်းကောင်း ပါဝင် အားဖြည့်ထားကြပါတယ်။ဇာတ်လမ်း အကျဉ်း သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာ သီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့ သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့ ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သား တွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယ နိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကို ရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်း ပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီး လာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစ် သက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင် နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာ ကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုး ဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်း ရောက်သွားတဲ့ အခါမှာတော့...မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ...
movie
Jaat (2025)
4K HEVC
5.1
One Day: Justice Delivered (2019)
One Day - Justice Delivered (2019) မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိIMDb 5.1/10လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ စိတ်နေစိတ်ထား အမူအကျင့်မျိုးစုံ ရောနှောတည်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အမှုအခင်းတွေကလည်း ဖြစ်ပေါ်နေပါတယ်။တရားမျှတမှုရရှိသွားတဲ့ အမှုတွေရှိပေမဲ့လည်း တရားခံတွေ လွတ်မြောက်သွားတဲ့၊ အမှုအမှန်မပေါ်ပေါက်တဲ့ ရာဇဝတ်မှုတွေဟာလည်း များစွာရှိခဲ့၊ ရှိနေဆဲပါပဲ။ဒီဇာတ်ကားလေးထဲမှာလည်း တျာဂီဆိုတဲ့ တရားသူကြီးက အငြိမ်းစားယူတော့မှာပါ။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် တရားခံမပေါ်ဘဲ ပိတ်သိမ်းခဲ့တဲ့အမှုတွေကို ပြန်လည်တွေးတောမိလာပါတယ်။ဗုံးပေါက်ကွဲမှုတစ်ခုရဲ့ မျက်မြင်သက်သေကောင်လေးတစ်ယောက်ကိုနှုတ်ပိတ်သတ်ဖို့ တာဝန်ကျဆရာဝန်တွေကို တရားခံတွေက လာဘ်ထိုးခဲ့ပါတယ်။ မြို့မျက်နှာဖုံးနာမည်ကြီးတွေမို့ အမှုမပေါ်ခဲ့ပါဘူး။တရားသူကြီးတျာဂီရဲ့ သမီးမင်္ဂလာဆောင်မှစလို့ မြို့မှာလူတွေ ပျောက်ဆုံးလာပါတယ်။ စုံစမ်းရေးအဖွဲ့မှာလည်း ဘာသက်သေမှရှာမရဖြစ်လာချိန် သူတို့တွေ့ရှိလာရတာကတော့ ဒီပျောက်ဆုံးသွားတဲ့သူတွေဟာ အမှုတစ်ခုနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။အမှုမှန်မပေါ်ခဲ့တဲ့အမှုတွေကို တစ်ခုပြီးတစ်ခုဖော်ထုတ်ပြီး တာဝန်ကျေပွန်ချင်သူ တရားသူကြီးရဲ့ ဆန္ဒပြည့်ဝမလား၊ တရားခံတွေ ဆက်လက်လွတ် မြောက်နေဆဲ ဖြစ်မလားဆိုတာ ကြည့်ရှုအဖြေထုတ်ရင်း မှုခင်း၊ သည်းထိတ်ရင်ဖိုပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.6 GB / 954 MB Quality…WEB DL 1080p ...
movie
One Day: Justice Delivered (2019)
6.4
Devara: Part 1 (2024)
Devara: Part 1 (2024) "ဒေဗာရာ" IMDb - 6.4/10ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Devara: Part 1 (2024)
6.5
Mr. & Mrs. Mahi (2024)
IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘတွေလက်ထက်ဖို့စီစဥ်ကြရာကနေ ဇာတ်လမ်းလေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမားလေးနဲ့ဆရာဝန်မလေးတို့မှာ မာဟီဆိုတဲ့နာမည်ပြောင်တူနေကြတာကနေ အချင်းချင်းနီးစပ်လာကြပါတော့တယ်။ ဒီလိုနဲ့ပဲတစ်နေ့မှာတော့ မာဟီမာတစ်ယောက် ခရစ်ကတ်နဲ့ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီးနောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်ယောက်ဖြစ်လာအောင် သင်ပေးဖို့ကြိုးစားလာပါတော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပါတော့တယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team
movie
Mr. & Mrs. Mahi (2024)
2024
9.0
Viraata Parvam (2022)
ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie
Viraata Parvam (2022)
2022
1080p HEVC